ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်ရှိ ရွှေစင်အကယ်ဒမီရွှေဆိုင်ကို ယမန်နေ့(ဩဂုတ် ၁၄)ရက်က လက်နက်ပြ လုယက်မှုဖြစ်ပွါးခဲ့သော်လည်းလက်ရှိ၌ ရွှေစင်အကယ်ဒမီ ရွှေဆိုင် ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ် ရောင်းချပေးနေကြောင်း သိရသည်။
ယမန်နေ့က လက်နက်ပြလုယက်မှု ဖြစ်စဉ်၌ ရွှေဆိုင်မှ ဝန်ထမ်းများ၏ ဖမ်းဆီးမှုကြောင့် ကျူးလွန်သူများထဲမှ ၁ဦးအား အခင်းဖြစ်စဥ်အတွင်း လက်ရဖမ်းမိခဲ့ခြင်းလည်းရှိသည်။
ဖြစ်စဉ်တွင် ဝန်ထမ်းအချို့ ထိခို-က်ဒဏ်ရာ ရရှိခဲ့ သော်လည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိခဲ့ကြကြောင်းလည်း ရွှေစင်အကယ်ဒမီ ရွှေဆိုင်က ထုတ်ပြန်ထားသည်။
လက်ရှိကာလ၌ ရန်ကုန်၊ မန္တလေးမြို့များရှိ ရွှေဆိုင်များ လက်နက်ပြလုယက်မှုများ မကြာခဏ ဖြစ်ပွါးမှုရှိနေသည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကမူ ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ ဗန္ဓုလလမ်း ၂၉ လမ်းနှင့် လမ်း ၃၀ ကြားက တိတ်ရှိန်ရွှေဆိုင်မှာ ဓားပြတို-က်ခံရမှု ဖြစ်ပွါးခဲ့သေးသည်။
