Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsရွေးကောက်ပွဲ မကျင်းပမီ အားလုံးပါဝင်သည့်...

ရွေးကောက်ပွဲ မကျင်းပမီ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုလုပ်ရန် တင်ပြခဲ့ကြောင်း ဒေါက်တာအေးမောင်ပြော

၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပမည်ဟု နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားပြီး အဆိုပါ ရွေးကောက်ပွဲမကျင်းပမီအချိန်အတွင်း အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပသင့်သည်ဟု တင်ပြဆွေးနွေးခဲ့ကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

အဆိုပါ တင်ပြမှုကို ယခင်ကလည်း လုပ်ဆောင်ခဲ့ဖူးသလို ပြီးခဲ့သည့် ဇန်နဝါရီ (၂၄) ရက်က နေပြည်တော်တွင် NSPNC နှင့် တွေ့ဆုံစဉ် အထွေထွေကဏ္ဍ၌လည်း ထပ်မံတင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

” ရွေးကောက်ပွဲ မတိုင်ခင်မှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခုနဲ့ ဒီရွေးကောက်ပွဲကြီး တည်ငြိမ်အေးချမ်းစွာ ပြီးပြီးမှ အားလုံးလက်ခံတဲ့ ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွက်လာအောင် လမ်းဖွင့်ပေးရင် မကောင်းဘူးလား ဆိုတဲ့ ဘက်နဲ့တော့ ကျွန်တာ်တို့ တင်ပြတာ ရှိပါတယ်။ တနည်းအားဖြင့် တွေ့ဆုံဆွေးနွေးပြီးမှ အားလုံးပါဝင်တဲ့ အားလုံးလက်ခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တည်ငြိမ်အေးချမ်းစွာဖြင့် အစိုးရတစ်ရပ်ကိုအပြောင်းအလဲလုပ်နိုင်တဲ့ အနေအထားဖြစ်အာင် လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ သဘောတူညီမှု ကြိုတင်ရနိုင်ခဲ့ရင်မကောင်းဘူးလား ဆိုတဲ့ဘက်နဲ့တော့ တင်ပြဖူးပါတယ်။ ဒါလည်းပဲ ဆက်ပြီးတော့ ကြည့်ရမယ့်အနေအထားပါ” ဟု ဒေါက်တာအေးမောင်က ပြောသည်။

လက်ရှိအခြေအနေများကို ကျော်လွှားနိုင်ရန် လတ်တလောကြုံတွေ့နေရသည့် ပဋိပက္ခများကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် ပြည်တွင်းနိုင်ငံရေး အင်အားစုများကလည်း အကြံပြုမှုများရှိနေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းက ငွေဆောင်တွင် ပြုလုပ်ခဲ့သည့် ပြည်တွင်းနိုင်ငံရေး အင်အားစုများ၏ တွေ့ဆုံမှု၌လည်း အဆိုပါ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ရန်ဆိုသည့် အကြံပြုချက်ပါဝင်သည့် သဘောတူညီမှုတစ်ရပ် ထွက်ပေါ်ခဲ့ပြီး ယင်းသဘောတူညီချက်များကို သက်ဆိုင်ရာ ဘက်အသီးသီးသို့ တင်ပြသွားမည်ဆိုသည့်သဘောမျိုး ငွေဆောင်ဆွေးနွေးပွဲ၌ ပါဝင်ခဲ့သူများဘက်က ထုတ်ဖော်ပြောဆိုထားသည်ကို တွေ့ရသည်။

အလားတူ အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ အမြန်ဆုံးပြေလည်နိုင်စေရန် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရန် တိုက်တွန်းမှုများ ရှိနေသည့် အခြေအနေဖြစ်သည်။

အမေရိကန် ၊ ဥရောပသဂ္ဂ အပါအဝင် အနောက်နိုင်ငံ အချို့ကလည်း နိုင်ငံရေးအကျဥ◌်းသားများကိုလွှတ်ပေးကာ ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲများကျင်းပကာ လက်ရှိကြုံတွေ့နေရသည့် ပဋိပက္ခများကို အဖြေရှာရန် တိုက်တွန်းမှုများ ရှိနေသည်။

” အမှန်ကတော့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတစ်ခုကတော့ လိုအပ်ချက်ပါ။ အားလုံးပါဝင်နိုင်ခြေရှိမရှိကတော့ သူ့ရဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်တွေနဲ့လည်း ဆိုင်ကြမယ် ထင်ပါတယ်။ ကျွန်တော်တို့ရည်မှန်းချက်ကတော့ အားလုံပါဝင်ပြီးတော့မှ မြန်မာ့နိုင်ငံရေးပြဿနာကို အတူတူရင်ဆိုင်ဖြေရှင်းကြမယ်။ ဒါကတော့ လက်ရှိ မြန်မာနိုင်ငံရေး ရေချိန်ကိုကြည့်ကြည့် သမိုင်းသင်ခန်းစာကိုကြည့်ကြည့် လိုအပ်ချက်ပါ” ဟု ဒေါက်တာအေးမောင်က ဆိုသည်။

၎င်း၏ ဆွေးနွေးတင်ပြချက်များအပေါ် NSPNC တာဝန်ရှိသူများက မှတ်သားသွားပြီး သက်ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကို ပြန်လည်တင်ပြသွားမည့်အခြေအနေဖြစ်ကြောင်းလည်း သိရသည်။

နစက အနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ပါတီစုံအထွေထွေရွေးကောက်ကျင်းပကာ အဆိုပါ ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် အစိုးရသစ်အား အာဏာလွဲပေးသွားမည်ဟု ပြောဆိုထားပြီး တိုင်းပြည်၏ ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့်သာ ဆွေးနွေးအ‌ဖြေရှာကြရန်နှင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကြရန် ပြောကြားထားမှုများလည်း ရှိနေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071