မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တွေးထဲ ဂွေဆင်းချသူနှစ်ဦး အောက်ဆီဂျင်ပြတ်ေ-သဆုံးခဲ့မှု ယနေ့ ဧပြီ ၃ ရက်နံနက် ၁၁ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မော်လမြိုင်မြို့၊ ကြာအင်းရပ်ကွက်၊ ရှမ်းရွာ(င) လမ်းရှိ နေအိမ်ရေတွင်းအတွင်းသို့ အမျိုးသား(၃)ဦးမှ ဂွေဆင်းချရာမှ အောက်ဆီဂျင်ပြ-တ်၍ သတိမေ့နေသဖြင့် မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသားတစ်ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး အမျိုးသားနှစ်ဦးမှာ အောက်ဆီဂျင်ပြ-တ်ေ-သဆုံးသွားခဲ့၍ မော်လမြိုင်ပြည်သူ့ဆေး ရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
