Tuesday, September 22, 2026

Trump TV ရုပ်သံလိုင်း အိမ်ဖြူတော်...

သမ္မတ ဒေါ်နယ်ထရမ့်ဟာ CNN၊ MS NOW နဲ့ Politico တို့ကို အိမ်ဖြူတော်ထဲ ဝင်ခွင့်ပိတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အိမ်ဖြူတော်က “Trump...

ပေါက်ခေါင်းမြို့နယ် လဝကရုံးသစ်ဆောက်လုပ်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင်...

ပျ-က်စီး၊ အိုမင်းဟောင်းနွမ်းနေသည့် ရုံးနှင့်ဝန်ထမ်းအိမ်ရာများကို ရန်ပုံငွေအပေါ်မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်မည် နေပြည်တော်၊ စက်တင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရုံးအဆောက်အဦသစ် ဆောက်လုပ်နိုင်ရေးကို...

မလေးရှားရှိ မြန်မာနိုင်ငံသား ၈၆ ဦးကို...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၂ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ Tanah Merah ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃...

ဆေးတက္ကသိုလ်များ ဝင်ခွင့်လျှောက်လွှာ စက်တင်ဘာ ၂၈...

အောက်တိုဘာ ၁၆ ရက်အထိ ပိတ်ရက်မရှိ လက်ခံပေးမည် နေပြည်တော်၊ စက်တင်ဘာ ၂၂ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များသို့ ဝင်ခွင့်လျှောက်လွှာများကို...
HomeInternationalရုရှားသူဌေးနှစ်ဦးအပေါ် ပိတ်ဆို့မှုရုပ်သိမ်းရေး EU...

ရုရှားသူဌေးနှစ်ဦးအပေါ် ပိတ်ဆို့မှုရုပ်သိမ်းရေး EU သဘောမတူသေး

ဘရပ်ဆဲလ်၊ စက်တင်ဘာ ၂၂

ရုရှားဘီလျံနာစီးပွားရေးလုပ်ငန်းရှင် အလီရှာ အူစ်မာနော့ဗ်နှင့် မစ်ဟိုင်း ဖရစ်ဒ်မန်းတို့အပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများအကြား အပြီးသတ်သဘောတူညီမှု မရရှိသေးကြောင်း သိရသည်။

ယူကရိန်းစစ်ပွဲနှင့်ဆက်နွှယ်၍ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း ၃,၀၀၀ နီးပါးအပေါ် ချမှတ်ထားသည့် EU ပိတ်ဆို့အရေးယူမှုများ သက်တမ်းတိုးရေး ဆွေးနွေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အူစ်မာနော့ဗ်နှင့် ဖရစ်ဒ်မန်းတို့ကို ပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားရန် ယာယီသဘောတူညီမှု ရရှိခဲ့သော်လည်း လတ်ဗီးယားက နောက်ဆုံးအဆင့်တွင် ကန့်ကွက်ခဲ့သဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သံတမန်များက ပြောသည်။

ရုရှား-ဥဇဘက်ကစ္စတန်နွယ်ဖွား ဘီလျံနာ အူစ်မာနော့ဗ်ကို ပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားပေးရန် ပြင်သစ်နှင့် ဆလိုဗက်ကီးယားတို့က တောင်းဆိုခဲ့ပြီး လူဇင်ဘတ်ကလည်း ဖရစ်ဒ်မန်းအပေါ် ပိတ်ဆို့မှု ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။

သို့သော် ပိုလန်နှင့် ဘောလ်တစ်ဒေသနိုင်ငံများအပါအဝင် EU အဖွဲ့ဝင်နိုင်ငံအချို့က ရုရှားအပေါ် ဖိအားလျှော့ချခြင်းထက် ပိတ်ဆို့အရေးယူမှုများ ပိုမိုတင်းကျပ်သင့်ကြောင်း ရပ်တည်ကာ ရုရှားစီးပွားရေးလုပ်ငန်းရှင်နှစ်ဦးအပေါ် ပိတ်ဆို့မှုရုပ်သိမ်းရေးကို ကန့်ကွက်လျက်ရှိသည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီယီ စီဘီဟာကလည်း ယခုအချိန်တွင် ရုရှားအပေါ် ပိတ်ဆို့မှုလျှော့ချခြင်းသည် မှားယွင်းသည့်အချက်ပြမှု ဖြစ်လာနိုင်ကြောင်း ဝေဖန်ကာ ပိတ်ဆို့အရေးယူမှုများ ပိုမိုတင်းကျပ်ရန် တောင်းဆိုထားသည်။

EU ၏ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ် ကာဂျာ ကားလတ်စ်ကလည်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများသည် ယူကရိန်းစစ်ပွဲအပေါ် EU ၏ တုံ့ပြန်မှုတွင် အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားကာ ပိတ်ဆို့မှုများ ဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်းထားသည်။

EU သံအမတ်ကြီးများသည် ပိတ်ဆို့အရေးယူမှု သက်တမ်းတိုးရေးနှင့် ရုရှားဘီလျံနာနှစ်ဦးကို ပိတ်ဆို့မှုစာရင်းမှ ဖယ်ရှားရေးတို့အတွက် ဘရပ်ဆဲလ်မြို့၌ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ref: AFP

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Trump TV ရုပ်သံလိုင်း အိမ်ဖြူတော် စတင်မိတ်ဆက်

သမ္မတ ဒေါ်နယ်ထရမ့်ဟာ CNN၊ MS NOW နဲ့ Politico တို့ကို အိမ်ဖြူတော်ထဲ ဝင်ခွင့်ပိတ်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ၊ အိမ်ဖြူတော်က “Trump TV: The Essentials Station” လို့ အမည်ပေးထားတဲ့ ၂၄ နာရီပတ်လုံး လွှင့်တဲ့ သူ့ရဲ့ကိုယ်ပိုင် ရုပ်သံလိုင်းကို စတင်မိတ်ဆက်လိုက်ပါတယ်။ ​ဒီရုပ်သံလိုင်းကို တနင်္လာနေ့ ည ၇ နာရီ (အရှေ့ပိုင်းစံတော်ချိန်) မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး၊ ထရမ့်အစိုးရရဲ့ "အကြီးမားဆုံး အခိုက်အတန့်တွေကို တစ်နေရာတည်းမှာ ကြည့်နိုင်မယ့် နည်းလမ်း" လို့...

ပေါက်ခေါင်းမြို့နယ် လဝကရုံးသစ်ဆောက်လုပ်ရေး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် လျာထားတင်ပြမည်

ပျ-က်စီး၊ အိုမင်းဟောင်းနွမ်းနေသည့် ရုံးနှင့်ဝန်ထမ်းအိမ်ရာများကို ရန်ပုံငွေအပေါ်မူတည်၍ ဦးစားပေးအလိုက် ဆောင်ရွက်မည် နေပြည်တော်၊ စက်တင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရုံးအဆောက်အဦသစ် ဆောက်လုပ်နိုင်ရေးကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် လျာထားတင်ပြသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွန်းဦးက ပြောကြားသည်။ စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် ပေါင်းတည်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဆွေဆွေသင်းက ပေါက်ခေါင်းမြို့နယ် လဝကရုံးအဆောက်အဦသစ်ကို မည်သည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးမည်ကို မေးမြန်းရာ ဒုတိယဝန်ကြီးက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးဌာနအနေဖြင့်...

မလေးရှားရှိ မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် ပြန်လည်ခေါ်ယူမည်

ကွာလာလမ်ပူ၊ စက်တင်ဘာ ၂၂ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ Tanah Merah ထိန်းသိမ်းရေးစခန်းတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၈၆ ဦးကို စက်တင်ဘာ ၂၃ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက အသိပေးထားသည်။ အဆိုပါ မြန်မာနိုင်ငံသား ၈၆ ဦးကို မြန်မာအမျိုးသားလေကြောင်းလိုင်း (MAI) လေယာဉ်အမှတ် 8M-502 ဖြင့် ပြန်လည်ခေါ်ဆောင်မည်ဖြစ်ပြီး မိသားစုဝင်များ သိရှိနိုင်ရန် နေရပ်ပြန်မည့်သူများ၏ အမည်စာရင်းကို သံရုံး၏ Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ထားသည်။ လက်ရှိတွင် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071