Thursday, September 3, 2026

နီပေါနိုင်ငံရေဘေးကြောင့် ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် MOFA ဒု-ဝန်ကြီးက...

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်စဥ်၌ ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနိုင်မင်းကျော်က မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှန်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် အိန္ဒိယနိုင်ငံ သား(၄)ဦးကိုပြန်လည်ပို့ဆောင် (၄)နှစ်ကျော်အတွင်း...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပါဝင်ခဲ့သော အိန္ဒိယနိုင်ငံသား(၄)ဦးကို စက်တင်ဘာ ၂ ရက်က အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးထံမှ သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံသား(၄)ဦးကို...

အိမ်ရှင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇...

ရန်ကုန်၊ စက်တင်ဘာ ၃ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် AFC U20 Asian Cup China 2027 (Qualifiers)ပွဲစဉ်များ ကျင်းပလျက်ရှိပြီး ယနေ့...

ပဲခူးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်နေ ရေဝင်နေအိမ်များတွင်နေထိုင်သူများကို တိုင်းဝန်ကြီးချုပ်က...

ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ယနေ့ စက် တင်ဘာ ၃ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ကာ ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများအတွင်းမှ...
HomeInternationalရုရှားနှင့် မြောက်ကိုရီးယား မကြာမီ...

ရုရှားနှင့် မြောက်ကိုရီးယား မကြာမီ တိုက်ရိုက်လမ်း မကြာခင်ချိတ်ဆက်မည်

​ရုရှားနှင့် မြောက်ကိုရီးယား ကြားက တံတားအပါအဝင် ခါဆန်ကုန်းလမ်း နယ်စပ်ဂိတ်ကို အလွန်နီးကပ်တဲ့ အနာဂတ်မှာ ဖွင့်လှစ်နိုင်မယ်လို့ မျှော်လင့်ရကြောင်း အရှေ့ဖျား စီးပွားရေးဖိုရမ်(EEF) ရဲ့ ပြင်ပတွေ့ဆုံမှုမှာ ရုရှား ပို့ဆောင်ရေးဝန်ကြီး အန်ဒရီ နီကီတင်က ပြောကြားခဲ့ပါတယ်။

​”ကျွန်တော်တို့ ရုရှားနဲ့ မြောက်ကိုရီးယား ကြားက တံတားနဲ့ ဆက်စပ်နေတဲ့ ခါဆန် ကုန်းလမ်း နယ်စပ်ဂိတ်ကို မကြာခင်မှာ ဖွင့်လှစ်ဖို့ အစီအစဉ် ရှိပါတယ်။ ဒါဟာ ရုရှားနဲ့ မြောက်ကိုရီးယား ကြားမှာ တိုက်ရိုက် ကားလမ်းမ ချိတ်ဆက်မှုကို ဖန်တီးပေးသွားမှာပါ” လို့ သူက ပြောပါတယ်။

​ဝန်ကြီးရဲ့ အဆိုအရ နှစ်နိုင်ငံကြား တိုက်ရိုက် ကားလမ်းမ ချိတ်ဆက်နိုင်မှုဟာ သယ်ယူပို့ဆောင်ရေး ကုန်စည်စီးဆင်းမှုတွေကို ပိုမိုချောမွေ့စေမှာ ဖြစ်ပြီး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးကို တိုးတက်စေဖို့နဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် သယ်ယူပို့ဆောင်ရေး စရိတ်စကတွေကို လျှော့ချပေးနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်။

​ရုရှားနဲ့ မြောက်ကိုရီးယား ကြားက တံတားကို မြောက်ကိုရီးယား အမျိုးသားသူရဲကောင်း ဖြစ်သလို ဆိုဗီယက် အရာရှိလည်း ဖြစ်ခဲ့တဲ့ ယာကော့ဗ် နိုဗီချန်ကိုရဲ့ အမည်ကို အစွဲပြုပြီး မှည့်ခေါ်သွားမှာဖြစ်ကြောင်း နီကီတင်က ပြောပါတယ်။

​အရှေ့ဖျား စီးပွားရေးဖိုရမ်ကို စက်တင်ဘာ ၁ ရက်ကနေ ၄ ရက်နေ့အထိ ဗလာဒီဗော့စတော့ခ်မြို့က Far Eastern Federal တက္ကသိုလ် နယ်မြေမှာ ကျင်းပနေတာ ဖြစ်ပါတယ်။ အဆိုပါ ဖိုရမ်ကို ရုရှားအစိုးရရဲ့ ပံ့ပိုးမှုနဲ့ Roscongress ဖောင်ဒေးရှင်းက ကြီးမှူးကျင်းပတာဖြစ်ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နီပေါနိုင်ငံရေဘေးကြောင့် ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် MOFA ဒု-ဝန်ကြီးက မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင်လက်မှတ်ထိုး

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်စဥ်၌ ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနိုင်မင်းကျော်က မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှန်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ ယနေ့ စက်တင်ဘာ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နီပေါနိုင်ငံသံအမတ်ကြီးအားတွေ့ဆုံ၍ နီပေါနိုင်ငံတွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့မှုအပေါ် မြန် မာနိုင်ငံတော်အစိုးရကိုယ်စားဝမ်းနည်းပြီး စာနာထောက်ထားသည်ဟု ပြောကြားခဲ့သည်။

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် အိန္ဒိယနိုင်ငံ သား(၄)ဦးကိုပြန်လည်ပို့ဆောင် (၄)နှစ်ကျော်အတွင်း (၂,၅၀၀)ဦးကျော်ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပါဝင်ခဲ့သော အိန္ဒိယနိုင်ငံသား(၄)ဦးကို စက်တင်ဘာ ၂ ရက်က အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးထံမှ သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံသား(၄)ဦးကို ရန်ကုန်မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ သား(၂,၅၂၅)ဦးကိုပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အိမ်ရှင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရ

ရန်ကုန်၊ စက်တင်ဘာ ၃ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် AFC U20 Asian Cup China 2027 (Qualifiers)ပွဲစဉ်များ ကျင်းပလျက်ရှိပြီး ယနေ့ စက်တင်ဘာ ၃ ရက် ညနေ ၄နာရီအချိန်က ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ယနေ့ပွဲစဉ် ပထမပွဲချိန် ၂၄ မိနစ်တွင် အောင်သီဟ ၏ ဦးဆောင်ဂိုးဖြင့် တာထွက်လှခဲ့ပြီး ၊ ပွဲချိန် ၃၇ မိနစ်တွင် သူရမင်းသန့်က ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းပွဲချိန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071