Thursday, September 3, 2026

နီပေါနိုင်ငံရေဘေးကြောင့် ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် MOFA ဒု-ဝန်ကြီးက...

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်စဥ်၌ ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနိုင်မင်းကျော်က မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှန်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ...

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် အိန္ဒိယနိုင်ငံ သား(၄)ဦးကိုပြန်လည်ပို့ဆောင် (၄)နှစ်ကျော်အတွင်း...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပါဝင်ခဲ့သော အိန္ဒိယနိုင်ငံသား(၄)ဦးကို စက်တင်ဘာ ၂ ရက်က အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးထံမှ သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံသား(၄)ဦးကို...

အိမ်ရှင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇...

ရန်ကုန်၊ စက်တင်ဘာ ၃ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် AFC U20 Asian Cup China 2027 (Qualifiers)ပွဲစဉ်များ ကျင်းပလျက်ရှိပြီး ယနေ့...

လေးမျက်နှာမြို့နယ်၊ ထိန်ငူကျေးရွာအနီးရှိ ငဝန်တာ တာအိ/တာလျောကျ၍...

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ထိန်ငူကျေးရွာအနီးရှိ ငဝန်တာ တာအိ/တာလျောကျမှု ယနေ့ စက်တင်ဘာ ၃ ရက်နံနက် ၁၀ နာရီခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။ လေးမျက်နှာမြို့နယ်၊ ထိန်ငူကျေးရွာအနီးရှိ...
HomeNewsLocal Newsပဲခူးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်နေ ရေဝင်နေအိမ်များတွင်နေထိုင်သူများကို...

ပဲခူးမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်နေ ရေဝင်နေအိမ်များတွင်နေထိုင်သူများကို တိုင်းဝန်ကြီးချုပ်က စားသောက်ဖွယ်ရာများထောက်ပံ့ပေး

ပဲခူးတိုင်း၊ ပဲခူးမြို့တွင် ယနေ့ စက် တင်ဘာ ၃ ရက်နံ နက်ပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေမြင့်တက်ကာ ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက်ရှိ အနိမ့်ပိုင်းနေရာများအတွင်းမှ နေအိမ်များအ တွင်းသို့ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် တိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ရေဝင်ရောက်နေသည့်နေရာများကိုကြည့်ရှုစစ်ဆေးပြီး ရေဝင်နေသည့်နေအိမ်များ၌နေထိုင်သူများကို အားပေးစ ကားပြောကြားပြီး ထမင်းထုပ်များ၊ ရေသန့်၊ အအေးနှင့် မုန့်များပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကူညီမှုများပြုလုပ်ပေးလျက်ရှိသူများကိုလည်း ချီးမြှင့်ငွေများပေးအပ်ပြီးနောက် ကျောက်ကြီးစုရပ်ကွက်၊ မြို့သစ်ရပ်ကွက်နှင့် ရွာသစ်ရပ်ကွက်များသို့ ပဲခူးမြစ်မှ အဓိကရေဝင်ရောက်လျက်ရှိသည့် ကုလားရိုက်ရိုးချောင်း ယာယီရေတားတာဆောင်ရွက်ထားရှိမှု၊ ရေဝင်ရောက်မှုလျော့နည်းသက်သာစေရေး ရေတံခါးအမှတ်(၁)နှင့် အမှတ်(၂)ဆောင်ရွက်မည့် လျာထားနေရာတို့အားကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့အတူ ပဲခူးမြစ်ရေစီးဆင်းနေမှု၊ မဇင်းလမ်းဆုံအနီးရေကျော်နေမှု၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်သို့ ရေဝင်ရောက်လျက်ရှိသည့် ပန်းဆိုးချောင်းပြန်လည်တူးဖော်နိုင်ရေး၊ ဇိုင်းဂနိုင်းကြီးကျေးရွာမှ အနောက်ဘက်မြို့ရှောင်လမ်းသို့ချိတ်ဆက်ထားသည့် ကျေးရွာချင်းဆက်လမ်းယာယီရေကျော်နေမှုတို့ကိုကြည့်ရှုစစ်ဆေးပြီး ကလျာဏီသိမ်တော်ကြီးဘုန်းကြီးကျောင်း၌ အနိမ့်ပိုင်းနေအိမ်များမှ ယာယီရေဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ မုန့်နှင့် ထမင်းထုပ်များပေးအပ်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နီပေါနိုင်ငံရေဘေးကြောင့် ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် MOFA ဒု-ဝန်ကြီးက မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင်လက်မှတ်ထိုး

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က နီပေါနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်စဥ်၌ ‌ေ-သဆုံးပျ-က်စီးခဲ့ရမှုများအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနိုင်မင်းကျော်က မြန်မာအစိုးရ(ကိုယ်စား) ဝမ်းနည်းကြောင်းမှန်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးတွင် ဖွင့်လှစ်ထားသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်၌ ယနေ့ စက်တင်ဘာ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် နီပေါနိုင်ငံသံအမတ်ကြီးအားတွေ့ဆုံ၍ နီပေါနိုင်ငံတွင် ရုတ်တရက်ရေကြီးရေလျှံမှုကြောင့် လူပေါင်းများစွာ အသက်အိုးအိမ်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့မှုအပေါ် မြန် မာနိုင်ငံတော်အစိုးရကိုယ်စားဝမ်းနည်းပြီး စာနာထောက်ထားသည်ဟု ပြောကြားခဲ့သည်။

အွန်လိုင်းလိမ်လည်မှုတွင်ပါဝင်ခဲ့သည့် အိန္ဒိယနိုင်ငံ သား(၄)ဦးကိုပြန်လည်ပို့ဆောင် (၄)နှစ်ကျော်အတွင်း (၂,၅၀၀)ဦးကျော်ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပါဝင်ခဲ့သော အိန္ဒိယနိုင်ငံသား(၄)ဦးကို စက်တင်ဘာ ၂ ရက်က အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးထံမှ သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံသား(၄)ဦးကို ရန်ကုန်မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှစ၍ လက်ရှိအချိန်အထိ အိန္ဒိယနိုင်ငံ သား(၂,၅၂၅)ဦးကိုပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အိမ်ရှင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရ

ရန်ကုန်၊ စက်တင်ဘာ ၃ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် AFC U20 Asian Cup China 2027 (Qualifiers)ပွဲစဉ်များ ကျင်းပလျက်ရှိပြီး ယနေ့ စက်တင်ဘာ ၃ ရက် ညနေ ၄နာရီအချိန်က ယှဉ်ပြိုင်သည့် ပွဲစဉ်တွင် မြန်မာအသင်းက ဘရူနိုင်းအသင်းကို ၇ ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ယနေ့ပွဲစဉ် ပထမပွဲချိန် ၂၄ မိနစ်တွင် အောင်သီဟ ၏ ဦးဆောင်ဂိုးဖြင့် တာထွက်လှခဲ့ပြီး ၊ ပွဲချိန် ၃၇ မိနစ်တွင် သူရမင်းသန့်က ဒုတိယဂိုးကို သွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းပွဲချိန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071