Friday, August 7, 2026

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ...

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ...

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင်...

သီရိလင်္ကာ၌နိုင်ငံအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲရေး အစီအစဉ် စတင်

ကိုလံဘို၊ ဩဂုတ် ၇ ရက် သီရိလင်္ကာနိုင်ငံသည် ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ အဆင့် သုံးဆင့်ဖြင့် ဆောင်ရွက်မည့် နိုင်ငံအဆင့် စွန့်ပစ်ပစ္စည်း...
HomeInternationalရုရှားက ဟိုက်ပါဆောနစ်ဒုံးကျည် ထုတ်သုံးလာ၍...

ရုရှားက ဟိုက်ပါဆောနစ်ဒုံးကျည် ထုတ်သုံးလာ၍ နေတိုးနှင့် ယူကရိန်း အရေးပေါ်အစည်းအဝေးလုပ်မည်

စစ်ပွဲ က ၃၃ လနီးပါးအကြာတွင် စစ်ရှိန်ပိုမြင့်စေခဲ့သည့် ယူကရိန်း၏ အလယ်ပိုင်းမြို့တစ်မြို့ကို ရုရှားက စမ်းသပ်ဆဲ အသံထက်မြန်သော ဟိုက်ပါဆောနစ်ဒုံးကျည်သုံး တိုက်ခိုက်လာမှုကြောင့် နေတိုးအဖွဲ့နှင့် ယူကရိန်းတို့အကြား အင်္ဂါနေ့(နိုဝင်ဘာ ၂၆) တွင် အရေးပေါ် ဆွေးနွေးမှုလုပ်သွားမည်ဖြစ်သည်။

ပဋိပက္ခသည် “အဆုံးအဖြတ်အဆင့်သို့ ရောက်ရှိလာပြီ” ဟု ပိုလန်နိုင်ငံဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်က သောကြာနေ့တွင် ပြောကြားလိုက်ပြီး “အလွန်စိတ်လှုပ်ရှားစရာ အနေအထားများပေါ်ပေါက်နေပြီ” ဟုလည်း ဆိုခဲ့သည်။

ကြာသပတေးနေ့တွင် ရုရှားက ဒီနီပရိုမြို့ရှိ စစ်ဘက်အဆောက်အအုံကို တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးတင်းကျပ်ထားရသဖြင့် ယူကရိန်း၏ ပါလီမန်အစည်းအဝေးကို ဖျက်သိမ်းလိုက်ရသည်။

နိုင်ငံတော်ရုပ်သံမိန့်ခွန်းတွင် အနောက်နိုင်ငံများအပေါ် ပြတ်သားသော သတိပေးမှုအနေဖြင့် တာလတ်ပစ် Oreshnik ဒုံးကျည်သုံး တိုက်ခိုက်ခဲ့မှုသည် ကိဗ်က ရုရှားပိုင်နက်အတွင်းပိုင်းအထိ ရောက်ရှိနိုင်သည့် အမေရိကနှင့် ဗြိတိန်တို့ပံ့ပိုးသော တာဝေးပစ်ဒုံးကျည်များသုံး၍ တိုက်ခိုက်ခဲ့ခြင်းအား လက်တုန့်ပြန်မှုဖြစ်သည်ဟု သမ္မတ ဗလာဒီမာ ပူတင်က ပြောဆိုသွားခဲ့သည်။

ယင်း ဒုံးကျည်အသစ်များကို အနောက်နိုင်ငံများ၏ လေကြောင်းကာကွယ်ရေးစနစ်များက တာဆီးနိုင်သည့် အစွမ်းအစမရှိဟုလည်း ပူတင်က ပြောဆိုခဲ့သည်။

ဒီနီပရိုကို ပစ်ခတ်ခဲ့သော ဒုံးကျည်သည် Mach 11 မြန်နှုန်း(တစ်နာရီ ကီလိုမီတာ ၁၃၀၀၀ ကျော်သော အမြန်နှုန်း) ဖြင့် ပျံသန်းခဲ့ပြီး နျူကလီးယားမဟုတ်သော ထိပ်ဖူးခြောက်ခုကို သယ်ဆောင်ခဲ့ကာ ဆင့်ပွားကျည်ခြောက်လုံး ထုတ်လွှတ်ခဲ့သည်ဟု ယူကရိန်းစစ်တပ်အရာရှိများက ပြောဆိုသည်။

သောကြနေ့က စစ်ဘက်နှင့် လက်နက်လုပ်ငန်းဆိုင်ရာ အရာရှိများနှင့် တွေ့ဆုံပြောဆိုခဲ့မှုအတွင်း ရုရှားသည် Oreshnik ဒုံးကျည်များကို စတင်ထုတ်လုပ်နေပြီဟု ပူတင်က ပြောဆိုခဲ့သည်။

ကမ္ဘာပေါ်တွင် ယင်းသို့လက်နက်မျိုး မည်သည့်နိုင်ငံမှ မရှိသေးဟု ပူတင်က ပြုံးစစမျက်နှာပေးဖြင့် ပြောဆိုခဲ့ပြီး အခြားနိုင်ငံများသည်လည်း အနှေးနှင့်အမြန် ယင်းလက်နက်များရရှိနိုင်ကြောင်းနှင့် ထုတ်လုပ်ဆဲအနေအထားကို ရောက်ရှိနေပြီဟု မိမိတို့သိထားကြောင်း ဆိုခဲ့သည်။

သို့သော်လည်း ယင်းလက်နက်စနစ်မိမိတို့တွင် ရှိနေပြီဖြစ်ကာ ယင်းအချက်သည် အရေးကြီးသည်ဟု သူက ဆက်လက် ပြောကြားသွားခဲ့သည်။

Ref: အေပီ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အိုင်သပြုလမ်းဆုံတွင် ငဝန်မြစ်ရေ ပြန်လည်ကျဆင်း၊ အုပ်ချုပ်ရေးအဖွဲ့များ နီးကပ်စွာ စောင့်ကြည့်လျက်ရှိ

လေးမျက်နှာ၊ သြဂုတ်-၇ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အိုင်သပြုလမ်းဆုံဧရိယာအတွင်း၌ ငဝန်မြစ်ရေ ပြန်လည်ကျဆင်းနေပြီ ဖြစ်ကြောင်း သိရသည်။ ယမန်နေ့ သြဂုတ် ၆ ရက် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် တိုင်းတာချက်များအရ သိသိသာသာ ပြန်လည်ကျဆင်းသွားပြီဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါ ရေပြန်လည်ကျဆင်းသွားမှုနှင့်အတူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် လမ်းပန်းဆက်သွယ်ရေး ပြန်လည်အဆင်ပြေချောမွေ့စေရေးတို့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သော အဖွဲ့က မြို့၏ ရေဝင်ရောက်မှုအခြေအနေနှင့် နောက်ဆက်တွဲ ဘေးအန္တရာယ်များ ရှိ/မရှိကို အမြဲမပြတ် နီးကပ်စွာ စစ်ဆေးစောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း...

ဆည်တော်ကြီးရေလှောင်တမံမှ ရေထိန်းညှိလွှတ်ထားမှုကြောင့် ချောင်းမကြီးချောင်းရေ မြင့်တက်လာပြီး မန္တလေး-မိုးကုတ်ကားလမ်း ရေကျော်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေဝင်ရောက်မှု များပြားလာသည့်အတွက် ရေထိန်းညှိ လျှော့ချမှုများ ပြုလုပ်ခဲ့ရသည်။ ထို့ကြောင့် ချောင်းမကြီးအနီးရှိ ကျေးရွာများအတွင်း ရေဝင်ရောက်ကာ မန္တလေး-မိုးကုတ်ကားလမ်း၊ တံငါတောင်ကျေးရွာအနီး မိုင်တိုင်အမှတ် ၂၅/၁ နှင့် ၅ ကြားတွင် ယနေ့နံနက် ၆ နာရီမှစ၍ သုံးပေခန့် ရေကျော်လွန်လျက်ရှိသည်။ အဆိုပါ မန္တလေး-မိုးကုတ် ကားလမ်းပေါ် ရေကျော်လွန်နေသည့် အခြေအနေများကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံလူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နံနက် ၈ နာရီခွဲမှစတင်ကာ ခရီးသွားလာသူများ လုံခြုံစွာ ဖြတ်သန်းနိုင်ရေး၊...

ဟင်္သာတတွင် ကူညီကယ်ဆယ်ရေးယာဉ်များ စက်သုံးဆီ အခက်အခဲမရှိ ဝယ်ယူနိုင်ရန် စီစဉ်ပေးထား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်အတွင်း သွားရောက်ကူညီနေသည့် အနယ်နယ်အရပ်ရပ်မှ ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်များ စက်သုံးဆီ အခက်အခဲ မရှိစေရေးအတွက် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၉ ဆိုင်တွင် လိုအပ်သည့် ပမာဏအတိုင်း လွတ်လပ်စွာ ဝယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားသည်။ ထို့အပြင် ရွှေ့ပြောင်းကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနေသည့် ဖိုက်ဘာလှေများနှင့် ပဲ့ထောင်များအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းမှုဖြင့် စက်သုံးဆီများကို အခမဲ့ ထောက်ပံ့ပေးလျက်ရှိသည်။ ဩဂုတ်လ ၆ ရက်နေ့တွင် ကယ်ဆယ်ရေးလှေများအတွက် ဓာတ်ဆီ ၂၆၅ ဂါလံနှင့် ဒီဇယ်ဆီ ၁၃ ဂါလံတို့ကို အခမဲ့ ခွဲဝေပေးခဲ့ပြီး ယနေ့အထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071