Thursday, April 30, 2026

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို...

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ်...

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော်...

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့်...

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည်...

မဟာမုနိဘုရားကြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ညောင်ရေသွန်းပွဲတော်ပုံရိပ်များ...

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဖွားမြင်သောနေ့၊ ဘုရားအဖြစ်သို့ရောက်သောနေ့၊ ပရိနိဗ္ဗာန်စံသောနေ့ဖြစ်ကာ ဗုဒ္ဓဘာသာဝင်များ အလေးထားအထူးမြတ်ထားသော နေ့လည်း ဖြစ်သည်။ ဓာတ်ပုံ - မဟာမုနိဘုရားကြီး Facebook page
HomeInternationalရုရှား-ဘီလာရုစ် ပြည်ထောင်စုနှင့် ပူးပေါင်းသည့်...

ရုရှား-ဘီလာရုစ် ပြည်ထောင်စုနှင့် ပူးပေါင်းသည့် နိုင်ငံတိုင်း နျူလက်နက်များ ရမည် – ဘီလာရုစ် သမ္မတ

ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကို သည် နိုင်ငံများအား ရုရှားနှင့် ဘီလာရုစ် ပြည်ထောင်စုထံ ပူးပေါင်း ပါဝင်လာပါက နျူကလီးယားလက်နက်များ ပံ့ပိုးပေးသွားမည်ဟု အင်တာဗျူးတစ်ခုတွင် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပြောကြားချက်သည် ရုရှားက ၎င်း၏ နျူလက်နက်များကို ဘီလာရုစ် ပိုင်နက်သို့ စတင်ပြောင်းရွှေ့နေပြီဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် ရက်ပိုင်းအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“ဒါက အရမ်းရိုးရှင်းပါတယ်။ နိုင်ငံတွေဟာ ရုရှားနဲ့ ဘီလာရုစ် ပြည်ထောင်စုနဲ့ ပူးပေါင်းသင့်ပါတယ်။ အဲလိုလုပ်တာနဲ့ ပူးပေါင်းတဲ့ နိုင်ငံတိုင်း နျူလက်နက်တွေ ရလိမ့်မယ်” ဟု လူကာရှန်ကို က ရုရှား သတင်းစာဆရာ ပါဗဲ ဇာရူဘင်နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူး၌ ကာဇက်စတန် နိုင်ငံနှင့် ပတ်သက်၍ မေးခွန်းများ ဖြေကြားနေစဉ် ပြောကြားခဲ့သည်။

ထိုအင်တာဗျူးကို ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့ကတည်းက ရိုက်ကူးခဲ့သော်လည်း တနင်္ဂနွေနေ့ရောက်မှ နိုင်ငံပိုင် ရုရှား ၁ ချန်နယ်တွင် ထုတ်လွှတ်လာခဲ့သည်။

လူကာရှန်ကို သည် ၎င်း၏ ပြည်ထောင်စုထဲသို့ မည်သည့်နိုင်ငံများ ဝင်ရောက်နိုင်သည်ကို ရှင်းရှင်းလင်းလင်း ပြောကြားထားခြင်း မရှိသေးသကဲ့သို့ အခြားအသေးစိတ် အချက်အလက်များကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိခဲ့ပေ။

Source: WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကဆုန်လပြည် (ဗုဒ္ဓနေ့) ပါမောက္ခချုပ်ဆရာတော်ကြီး၏ ကုသိုလ်တော်

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဒနေ့) တွင် ပါမောက္ခချုပ်ဆရာတော်ကြီးက ဗောဓိညောင်ပင်အား ပန်း၊ ရေချမ်း၊ ဆီမီး၊ နံ့သာတိုင်တို့ဖြင့်ပူဇော်နေသည်ကို ကြည်ညိုဖွယ်ဖူးတွေ့ရသော မြင်ကွင်းပုံရိပ်များအား ဖော်ပြလိုက်ရပါသည်။

ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) ကုသိုလ်ယူခဲ့ကြသည့် ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာန

ယနေ့ ဧပြီ ၃၀ ရက်တွင်ကျရောက်သည့် ကဆုန်လပြည့် (ဗုဒ္ဓနေ့) ၌ ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနက ကုသိုလ်ယူခဲ့ကြသည်။ ပျော်ဘွယ်မြို့နယ်၊ ကံသာအုပ်စု၊ မင်းရာမဘုရားတွင် သံဃာတော် (၁၀၈) ပါးနှင့် သီလရှင်များအား စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲတွင် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူခြင်း၊ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းခြင်း၊ ကံမြင့်ဘုရားကြီးနှင့်ရင်ပြင်တော်များ၊ ရေသပ္ပါယ်ပူဇော်သန့်ရှင်းခြင်း၊ ညောင်ရေသွန်းလှူပူဇော်ခြင်းကုသိုလ်များကိုပြုလုပ်ခဲ့ကြသည်။

မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်

အိမ်ထောင်စုပေါင်း (၁၃၀,၀၀၀) ခန့်ကို ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည့် တစ်နှစ်လျှင် ကီလိုဝပ်နာရီ သန်းပေါင်း (၂၀၂) သန်း ထုတ်လုပ်ပေးနိုင်မည့် မန္တလေးတိုင်းရှိ သာစည် (၄၀) မဂ္ဂါဝပ်နှင့် သပြေဝ (၄၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။ ဧပြီ (၂၉) ရက်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော်တည်ဆောက်ပြီးစီးခဲ့ကာ ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။ ထို့ပြင် မကြာမီတွင် ဆောင်ရွက်ဆဲ (၂၁၀) မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ပြီးမြောက်မည်ဖြစ်ကာ စက်ရုံအမြန်ပြီးစီးနိုင်ရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တွန်းအားပေးဆောင်ရွက်နေသည်ဟုလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071