မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့တို့ကြား ညီအစ်မမြို့တော်ဆက်ဆံရေးထူထောင်သည့် သဘောတူညီချက်လက်မှတ်ရေးထိုးပွဲကို စက်တင်ဘာ ၂၀ ရက်က ဝူဟန်မြို့၌ကျင်းပခဲ့သည်။
ရန်ကုန်မြို့တော်ဝန်ဦးမျိုးမြင့်အောင်နှင့် ဝူဟန်မြို့တော်ဝန် မစ္စတာ Xiong Zheng Yu တို့က ညီအစ်မမြို့တော်ဆက်ဆံရေးနှစ်ပတ်လည်အထိမ်းအမှတ်အခမ်းအနား၌လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့ပြင် ရန်ကုန်မြို့တော်ဝန်သည် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာမြို့တော်ဝန်များတွေ့ဆုံဆွေးနွေးပွဲ၌ နည်းပညာဆန်းသစ်တီထွင်မှုမှတစ်ဆင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်း၊ စက်မှုလက်မှုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြို့ပြပွင့်လင်းမြင်သာမှုကိုတိုးချဲ့ခြင်းနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းမှတစ်ဆင့် လူနေမှုဘဝအရည် အသွေးကိုမြှင့်တင်ခြင်းခေါင်းစဉ်(၃)ခုအား ပါဝင်ဆွေးနွေးခဲ့သည်။
ထို့အတူ ၂၀၂၆ ဝူဟန်မြို့ နိုင်ငံတကာချစ်ကြည်ရေးမြို့များ၏ ပူးပေါင်းဆောင်ရွက်ရေးညီလာခံသို့လည်း ရန်ကုန်မြို့တော်ဝန်ကတက်ရောက်ခဲ့ပြီး ယင်း အခမ်းအနားများအား ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းလည်းတက်ရောက်ခဲ့သည်။
