ရန်ကုန်၊ စက်တင်ဘာ ၂
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် စက်တင်ဘာ ၁ ရက်က ဒဂုံမြို့နယ် လျှပ်စစ်မန်နေဂျာရုံးသို့ သွားရောက်၍ ဩဂုတ်လအတွက် မီတာဖတ်ရှုနေမှုများ၊ Online စနစ်ဖြင့် မီတာလျှောက်ထားမှုများနှင့် Phone Application အသုံးပြု၍ မီးသုံးသူကိုယ်တိုင် မီတာဖတ်ရှုသည့် စမ်းသပ်ဆောင်ရွက်မှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။
စစ်ဆေးစဉ် Online စနစ်ဖြင့် မီတာလျှောက်ထားမှုများကို စနစ်တကျ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးရန်၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများ မရှိစေရန်နှင့် မီတာဖတ်ချက်များ မှန်ကန်ရေး၊ ပိုဖတ်/လိုဖတ်မှုများ မဖြစ်ပေါ်စေရေးအတွက် မီတာဖတ်မှတ်တမ်းကတ်များကို စနစ်တကျ ရေးသွင်းရန် ဥက္ကဋ္ဌက မှာကြားခဲ့သည်။
ထို့ပြင် YESC ဥက္ကဋ္ဌနှင့်အဖွဲ့သည် ရပ်ကွက်များအတွင်း QR စနစ်အသုံးပြု၍ မီးသုံးသူကိုယ်တိုင် မီတာဖတ်ရှုသည့် စမ်းသပ်ဆောင်ရွက်မှု အခြေအနေများကိုပါ ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
