Wednesday, May 6, 2026

ကျန်းမာရေးပြည်ထောင်စုဝန်ကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံ

ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်းခြင်း နှင့် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များဆွေးနွေး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim...

၁၀ နှစ်ကျော်အတွင်း ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း...

၂၀၁၄ ခုနှစ်မှ ယနေ့ အထိ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်း(၆၀၇၁)ဦးကို အသိမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ပြဌားန်ခဲ့သည့် ၂၀၁၄ ခုနှစ်...

တိုင်းဒေသကြီး (၆) ခုတွင် Smart...

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်...

အီရန်နှင့်စစ်ပွဲသည် နောက်ထပ် (၃) ပတ်ခန့်အထိ...

အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲသည် နောက်ထပ် နှစ်ပတ် သို့မဟုတ် သုံးပတ်ခန့် ဆက်လက်ကြာမြင့်နိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားပြန်သည်။ ရေဒီယိုအစီအစဉ်တင်ဆက်သူ ဟယူးဟူးဝစ် (Hugh Hewitt)...
HomeNewsLocal Newsရန်ကုန်မြို့တွင်း၌ ယာဉ်မတော်တဆမှု ဖြစ်စဉ်များ၌...

ရန်ကုန်မြို့တွင်း၌ ယာဉ်မတော်တဆမှု ဖြစ်စဉ်များ၌ အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သင်ကြားပေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် မတော်တဆမှု ဖြစ်စဉ်များတွင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကယ်ဆယ်ရေးသင်တန်းအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲကို မရမ်းကုန်းမြို့နယ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ သီတာခန်းမ၌ မော်တော်ယာဉ် မတော်တဆမှု ဖြစ်စဉ် ကယ်ဆယ်ရေးသင်တန်း (Road Traffic Accident Vehicle Extrication) ကို ဖေဖော်ဝါရီ (၁၇) ရက် နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်တန်း၌ နိုင်ငံတော်အတွင်း မော်တော်ယာဉ်သုံးစွဲမှု များပြားလာသည်နှင့်အမျှ နေ့စဉ် ဖြစ်ပွားလျက်ရှိသည့် ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် ရည်ရွယ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်း သင်တန်းသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့မှ သင်တန်းသား (၁၅)ဦး၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦး စုစုပေါင်း(၅၀)ဦးကို စာတွေ့ လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ ဖေဖော်ဝါရီ (၁၇) ရက်မှ ဖေဖော်ဝါရီ (၂၈) ရက်အထိ ရက်သတ္တပတ် (၂)ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူမှ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့် အရာရှိများ၊ သင်တန်းနည်းပြများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျန်းမာရေးပြည်ထောင်စုဝန်ကြီးနှင့် ပါကစ္စတန်သံအမတ်ကြီးတို့ တွေ့ဆုံ

ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်းခြင်း နှင့် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံရေးကိစ္စရပ်များဆွေးနွေး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim ကို ယမန်နေ့ က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဆေးပညာရှင်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေး၊ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆေးတက္ကသိုလ်များအကြား ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုပြင် ပါကစ္စတန်နိုင်ငံမှ ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်းလျက်ရှိသည့်ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံနိုင်ရေးဆိုင်ရာ...

၁၀ နှစ်ကျော်အတွင်း ပုံနှိပ်ခြင်း၊ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း (၆၀၀၀)‌ကျော်ကို အသိအမှတ်ပြုလက်မှတ်များ ခွင့်ပြုပေးထား

၂၀၁၄ ခုနှစ်မှ ယနေ့ အထိ ထုတ်ဝေခြင်းနှင့်သတင်းအေဂျင်စီလုပ်ငန်း(၆၀၇၁)ဦးကို အသိမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ပြဌားန်ခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာ လမှ စတင်၍ စိစစ်ခွင့်ပြုပေးခြင်းများ လုပ်ဆောင်ပေးခဲ့ခြင်းလည်း ဖြစ်သည်။ ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၈၅၉ ဦး၊ထုတ်ဝေခြင်းလုပ်ငန်း ၃၆၈၉ ဦး နှင့် သတင်းအေဂျင်စီလုပ်ငန်း(၅၂၃)ဦး စုစုပေါင်း(၆၀၇၁) ဦးကို စိစစ်ခွင့်ပြုပေးခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိ ၂၀၂၆ ခုနှစ် ဧပြီလတွင် လုပ်ငန်းအသိအမှတ်ပြုလက်မှတ်လျှောက်ထားလာသည့် ပုံနှိပ်ခြင်းလုပ်ငန်း(၆၂)ဦး၊ ထုတ်ဝေခြင်းလုပ်ငန်းအတွက် လျှောက်ထားသူဂျာနယ်(၃)ဦး၊မဂ္ဂဇင်း(၅)ဦး၊ အထွေထွေ ၄၉...

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည်

တိုင်းဒေသကြီး (၆) ခုတွင် Smart School နှင့် Football for school အဖြစ် Pilot Project စတင်ဆောင်ရွက်မည် ဖြစ်ပြီး လာမည့်နှစ်များတွင် တိုးချဲ့ဆောင်ရွက်နိုင်ရေးအစီအမံများ တိကျစွာရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦနေမျိုးလှိုင်က ပြောသည်။ ယမန်နေ့က ကျင်းပသည့် Smart School နှင့် Football for School Program အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ဒုဝန်ကြီး ဦးနေမျိုးလှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်၏ ရက် (၁၀၀) စီမံချက်တွင်ပါဝင်သည့် Smart...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071