Saturday, May 2, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန်...

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါရော်ဘာ တန်ချိန်...

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍...

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ်...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃...

မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်နေထိုင်လျက်ရှိသည့်  ပြည်ပနိုင်ငံသား ၄၃ ဦးကို ရှမ်းပြည်နယ် တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ ဝမ်မိုင်ကျေးရွာအနီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေလ...

ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီပြော

လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူလူထု၏ဆန္ဒများကို အထူးအလေးထားအကောင်အထည် ဖော်ဆောင်ရွက်ပေးရမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပဲခူးတိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် မေ ၁ ရက်ကတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံသူ၊ နိုင်ငံသားများကို...
HomeNewsLocal Newsရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကျင်းပ...

ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကျင်းပ မြန်မာနိုင်ငံ၌နေထိုင်သော မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပြီးနေထိုင်ကြရန် ယာယီသမ္မတမှာကြား

ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် ဟိန္ဒူဘာသာဝင်များ၏ ဒီပါဝလီအထိမ်းအမှတ်အခမ်းအနားကို ယနေ့ အောက်တိုဘာ ၁၇ ရက်ညနေပိုင်းကကျင်းပရာ မြန်မာနိုင်ငံတော် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတနှင့် ဇနီးတို့သည် ဟိန္ဒူရိုးရာဆီမီးနံ့သာ၊ ဟိန္ဒူရိုးရာ မွန်မြတ်ပြီးမင်္ဂလာရှိသော Pur Kumbham (ပုရ်ဏကုမ္ဘမ်)ဖြင့်ဆုတောင်းကြိုဆိုမှုတို့ကိုခံယူပြီးနောက် ယာယီသမ္မတက ဒီပါဝလီအထိမ်း အမှတ်အခမ်းအနားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးပြခန်းများ၊ စီးပွားရေးလုပ်ငန်းပြခန်းများနှင့် မျိုးနွယ်စုများ၏ပြခန်းများကိုကြည့်ရှုပြီးနောက် ဒီပါဝလီအထိမ်းအမှတ် ဆီမီးထွန်းညှိပေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ယာယီသမ္မတမှ နိုင်ငံအတွင်းမှီတင်းနေထိုင်ကြသူများ၏ ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှုနှင့်ပတ်သက်၍ တူညီသည့်အခွင့်အရေးများနှင့် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခွင့်ပြုပေးထားပြီးဖြစ်ရာ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအလျောက် ဘာသာရေးပွဲတော်များကို အနှစ်သာရရှိရှိကျင်းပကြရန် အလွန်အရေးကြီးသည်ဟု ပြောကြားသည်။

ထို့အတူ မတူကွဲပြားသည့် သဘာသာဝင်များကြား မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုသည့် ဗြဟ္မစိုရ်တ ရား(၄)ပါးကိုလက်ကိုင်ထားပြီး သင့်မြတ်စွာစုစည်းနေထိုင်ရန်၊ ဘာသာပေါင်းစုံ စုစည်းညီညွတ်စွာနေထိုင်နိုင်ရေးအတွက်အခြေခံမူများဖြစ်သည့် ဘာသာပေါင်းစုံမှဘာသာဝင်များအချင်းချင်းအပြန်အလှန်လေးစားပြီး အတူတကွအေးချမ်းစွာနေထိုင်ရန်၊ ဘာသာရေး၊ လူမှုရေးပဋိပက္ခများကြောင့် ဒုက္ခရောက်နေသူများကိုကူညီစောင့်ရှောက်ရန်၊ ဘာသာရေးနှင့်ဆက်နွှယ်သည့် နစ်နာမှုများရှိလာပါက ဥပဒေနှင့်အညီညှိနှိုင်းဆောင်ရွက်ရန်အခြေခံမူများကို ချမှတ်ထားသည်ဟုလည်း ပြောကြားခဲ့သည်။

” မြန်မာနိုင်ငံကပိုင်ဆိုင်တဲ့ ဒီမြေ၊ ဒီရေ၊ ဒီလေကိုတူညီစွာသုံးစွဲနေထိုင်ကြတဲ့ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်ပင်ဖြစ်ပါစေ ပြည်ထောင်စုစိတ်ဓာတ်မွေးမြူပြီး နေထိုင်ကြဖို့ အဲဒီစိတ်ဓာတ်ကိုအခြေခံပြီး အပြန်အလှန် ချစ်ကြည်ရင်းနှီးမှုတွေကတစ်ဆင့် မြန်မာနိုင်ငံရဲ့အကျိုးကို ဝိုင်းဝန်းသယ်ပိုးကြဖို့လိုပါတယ်”ဟု ယာယီသမ္မတက မှာကြားသည်။

ထို့နောက် ယာယီသမ္မတနှင့် ဇနီး၊ တက်ရောက်လာကြသူများက မြန်မာ-အိန္ဒိယ ရိုးရာယဉ်ကျေးမှုအကအဖွဲ့၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ ယဉ်ကျေးမှုအဖွဲ့တို့၏ ဟိန္ဒူရိုးရာယဉ်ကျေးမှုအကများ၊ လူမျိုးစုများ၏ ရိုးရာအကများ၊ မြန်မာရိုးရာအကများဖြင့် ဖျော်ဖြေမှုများကိုကြည့်ရှုအားပေးပြီး ယဉ်ကျေးမှုအဖွဲ့များအား အမှတ်တရဂုဏ်ပြုပန်းခြင်းပေးအပ်ချီးမြှင့်ပြီး ဟိန္ဒူမျိုးနွယ်စုများ၊ ဟိန္ဒူရိုးရာယဉ်ကျေးမှုအဖွဲ့များအားရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မကွေးတိုင်းအတွင်း၌ ဆိုလာရေတင်စီမံကိန်းအသစ်များဖော်ဆောင်နေ

မကွေးတိုင်းအတွင်းရှိ စိုက်ပျိုးမြေများ၌ စိုက်ပျိုးရေရရှိရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆိုလာရေ တင်စီမံကိန်းအသစ်များကိုဖော်ဆောင်လျက်ရှိသည်။ အကျိုးပြုနိုင်မည့်ဧက (၆၀၀) အတွက် ပွင့်ဖြူမြို့နယ်ရှိ လှည်းကြီးရိုးမှ ဆိုလာစနစ်ဖြင့်ဆောင်ရွက်မည့် ကြေးချေ၊ ဆူးပန်း၊ သုံးထောင့်ဆိုလာရေတင်စီမံကိန်း (၃) ခု၊ အကျိုးပြုမည့်ဧက (၄,၂၀၀) ကို စိုက်ပျိုးရေပေးဝေရန် ဧရာဝတီမြစ်မှ ဆိုလာစနစ်ဖြင့်ရေတင်မည့် လျှပ်စစ်မြစ်ရေတင်စီမံကိန်းများဖြစ်သော မင်းဘူး (စကု) မြို့နယ်ရှိ ပိုက်သင်ဆိုလာရေတင်၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ လက်ပံငူဆိုလာရေတင်နှင့် မကွေးမြို့နယ်ရှိ ပဌနဂိုရ်ဆိုလာရေတင်စီမံကိန်းများကိုဖော်ဆောင်လျက်ရှိသည်။ ထိုသို့ ဖော်ဆောင်နေမှုများကို ဧပြီ ၃၀ ရက်နှင့် မေ ၁...

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိ

ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့ ရော်ဘာတန်ချိန် (၃)သိန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း(၄၀၀)ကျော် ရရှိခဲ့ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများအသင်းမှ သိရသည်။ အဆိုပါရော်ဘာ တန်ချိန် (၃) သိန်းခန့်ကို တရုတ် ၊ မလေးရှား ၊ အင်ဒိုနီးရှား ၊ ထိုင်ဝမ် ၊ စင်္ကာပူ ၊ အိန္ဒိယ ၊ ဂျပန် နိုင်ငံများသို့တင်ပို့ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးဧက ၁၆၄၀၀၀၀ ရှိပြီး အမှန်တကယ်အစေးခြစ်ထုတ်ယူနေသည့် ဧကမှာ ရှစ်သိန်းခွဲခန့်ရှိကြောင်း သိရသည်။ ရော်ဘာစိုက်ပျိုးသော ဒေသများသည် ရခိုင်ပြည်နယ် ၊...

မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ် လှုပ်ခတ်မှုကို ဒေသခံများသိသာစွာခံစားခဲ့ရ

ဧရာဝတီတိုင်း၊ မအူပင်မြို့၏ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု မေ ၁ ရက်ည ၉ နာရီ ၂၁ မိနစ် ၄၃ စက္ကန့်ကလှုပ်ခတ်ခဲ့ရာ ဒေသခံများသိသာစွာခံစားခဲ့ရကြောင်း သိရသည်။ မအူပင်မြို့၏ အနောက်မြောက်ဘက် (၁၁) မိုင်ခန့်အကွာ၊ အနက် (၅) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့ (၄ ဒသမ ၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ "သိသိသာသာခံစားခဲ့ရတယ် ငလျင်လှုပ်လိုက်တာကို။ လှုပ်ပြီးတဲ့အချိန် ကြောက်လို့မအိပ်ရဲဘူးဖြစ်သွားတယ်။ အတော်ကြာမှ စိတ်ကိုအေးအေးထားပြီးအိပ်လိုက်ရတယ်။ ပြီးခဲ့တဲ့ရက်တုန်းကလည်း လှုပ်သွားသေးတယ် မအူပင်မှာက သတိထားပြီးနေရတယ်"...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071