Home News Local News ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက် အခန်းဖွဲ့ကာရံခြင်းလုပ်ငန်း တင်ဒါခေါ်ယူ

ရန်ကုန်နှင့် မန္တလေး ပြည်သူ့အငှားအိမ်ရာ စီမံကိန်းများအတွက် အခန်းဖွဲ့ကာရံခြင်းလုပ်ငန်း တင်ဒါခေါ်ယူ

0
85

ရန်ကုန်တိုင်းဒေသကြီးရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာနှင့် မန္တလေးတိုင်းဒေသကြီးရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာတို့၏ အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများအတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါခေါ်ယူထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

အဆိုပါလုပ်ငန်းများကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာတွင် Lot ၁ မှ Lot ၄ အထိ ခွဲခြားဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Lot တစ်ခုစီတွင် (၄) ခန်းတွဲ၊ (၅) ထပ် အဆောက်အဦ ၂၅ လုံးစီ ပါဝင်ပြီး အဆောက်အဦ မြေညီထပ်များတွင် အခန်းဖွဲ့ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်သည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာကိုလည်း Lot ၅ နှင့် Lot ၆ ဟူ၍ နှစ်ပိုင်းခွဲကာ ဆောင်ရွက်မည်ဖြစ်ပြီး Lot ၅ တွင် (၄) ခန်းတွဲ၊ (၅) ထပ် အဆောက်အဦ ၂၉ လုံးနှင့် Lot ၆ တွင် အဆောက်အဦ ၂၇ လုံး ပါဝင်ကြောင်း သိရသည်။

တင်ဒါပုံစံများကို မေ ၁၂ ရက်မှ မေ ၂၅ ရက်အထိ ဝယ်ယူနိုင်မည်ဖြစ်ပြီး တင်ဒါအဆိုပြုလွှာများကို မေ ၂၆ ရက် နောက်ဆုံးထား၍ ပြန်လည်တင်သွင်းရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

တင်ဒါဖွင့်လှစ်မည့် နေ့ရက်၊ အချိန်နှင့် နေရာတို့ကို ထပ်မံကြေညာပေးသွားမည်ဖြစ်ပြီး တင်ဒါများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ရုံးအမှတ် (၄၀) ၊ နေပြည်တော်သို့ ပေးပို့တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here