Saturday, June 13, 2026

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား...

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊...

အင်ဒိုနီးရှားက မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုကိုကူညီမည်

ဇွန်လ ၁၀ ရက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို က မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပံ့ပိုးကူညီသွားမည့်...

ပုဂံဒေသက ရှားပါးနံရံဆေးရေးပန်းချီလက်ရာရှိ အဆောက်အုံများကို အသေးစိတ်မှတ်တမ်းပြုစုခြင်းဆောင်ရွက်နေ

ကမ္ဘာ့ အမွေအနှစ်  ပုဂံဒေသရှိ နံရံဆေးရေး ပန်းချီများကို မသမာသူများက ခိုးယူခြင်း၊ သဘာဝ‌ဘေးကျရောက်ခြင်းနှင့် လူတို့၏ ဖျ-က်ဆီးခြင်းကြောင့် ပျ-က်ဆီးမှုများ နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်နေကြောင်း ...
HomeNewsLocal News ရန်ကုန်တွင်၄နာရီခြားတစ်ကြိမ် လျှပ်စစ်မီးပေးမည်

 ရန်ကုန်တွင်၄နာရီခြားတစ်ကြိမ် လျှပ်စစ်မီးပေးမည်

ရန်ကုန်တွင်၄နာရီခြားတစ်ကြိမ် လျှပ်စစ်မီးပေးမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များအား မနက်၉နာရီမှ ညနေ၅နာရီအထိသာ လျှပ်မီးဖြန့်ဖြူးပေးမည်ဖြစ်ပြီး ကျန်အချိန်များတွင် လျှပ်စစ်မီးပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓါတ်အား​ပေး​ရေး ​ကော်ပို​ရေးရှင်းမှ သိရသည်။

ယင်းအပြင် တိုင်းအတွင်းရှိမြို့နယ်များအားလည်း ၄နာရီခြားတစ်ကြိမ် အချိန်ဇယားဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးရန်လည်းရှိနေသည်။

ရန်ကုန်လျှပ်စစ်ဓါတ်အား​ပေး​ရေး ​ကော်ပို​ရေးရှင်းမှ တာဝန်ရှိသူ တစ်ဦးက”မီး​​ပေး လျှပ်စစ် အချိန်ဇယားက မှန်ပါတယ်။အခု စမ်းသပ်ကာလဖြစ်ပါတယ်။အချိန်ဇယားအတိုင်းအဆင်​ပြေ​အောင် ကြိုးစား​ဆောင်ရွက်​​နေပါတယ်”ဟု ပြောသည်။

၂၀၂၂မတ်လ၁၈ရက်ကစပြီးမတ်လ၃၁ရက်နေ့အထိ ရန်ကုန်အရှေ့ပိုင်းခရိုင်မြို့နယ်များဖြစ်သော ရန်ကင်း၊သင်္ဃန်းကျွန်း၊သာကေတ၊ဒေါပုံ၊တာမွေ၊တောင်ဥက္ကလာပ၊ပုဇွန်တောင်၊မြောက်ဥက္ကလာပ၊မင်္ဂလာတောင်ညွှန့်၊တောင်ဒဂုံ၊ဒဂုံဆိပ်ကမ်း၊မြောက်ဒဂုံ၊အရှေ့ဒဂုံနှင့် ဗိုလ်တစ်ထောင်မြို့နယ်၊အနောက်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် အလုံ၊ဗဟန်း၊ဒဂုံ၊လှိုင်၊ကမာရွတ်၊ကျောက်တံတား၊ကြည်မြင်တိုင်၊လမ်းမတော်၊လသာ၊မရမ်းကုန်း၊ပန်းဘဲတန်း၊စမ်းချောင်းတို့တွင် အုပ်စုများခွဲကာ မနက်၅နာရီမှမနက်၉နာရီအထိ တစ်ဆိုင်း၊မနက်၉နာရီမှ နေ့လယ်၁နာရီစသည်ဖြင့် လေးနာရီတစ်ကြိမ်ခြား မီးပေးမည်ဟုသိရသည်။

တောင်ပိုင်းခရိုင်မြို့နယ်များဖြစ်သည့် ဒလ၊ကော့မှူး၊ခရမ်း၊ကွမ်းခြံကုန်း၊သန်လျင်၊ဆိပ်ကြီးခနောင်တို၊သုံးခွ၊တွံတေး၊ကိုကိုးကျွန်း၊ မြောက်ပိုင်းခရိုင်ဖြစ်သည့် လှိုင်သာယာ၊လှည်းကူး၊မှော်ဘီ၊ထန်းတစ်ပင်၊အင်းစိန်၊မင်္ဂလာဒုံ၊ရွှေပြည်သာ၊တိုက်ကြီးတို့တွင်လည်းအလားတူပင်ဖြစ်သည်။

ပြီးခဲ့သည့်မတ်လ၁၂ရက်နေ့ကစပြီး မတ်လ၁၈ရက်နေ့အထိ လျှပ်စစ်ရေအောက်ပိုက်လိုင်းအား ပြုပြင်မည်ဖြစ်၍ လျှပ်စစ်မီးများအချိန်ပိုင်းပြတ်တောက်မည်ဟု လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနကကြေညာထားမှုရှိရာ အဆိုပါပြင်ဆင်မှုမှာ ယခုအခါတွင်ပြီးစီးသွားပြီဟုဝန်ကြီးဌာနကပြောကာ ၃၃၀MWပြန်ဝင်နေပြီဟု ဖြေကြားထားသည်။

တစ်ဖက်တွင်လည်း လျှပ်စစ်တာဝါတိုင်အချို့မီးခွဲခံထားရမှုကို ပြန်လည်ပြင်ဆင်နေခြင်း၊LNGစျေးတက်နေ၍ LNGဖြင့် လျှပ်စစ်ဖြန့်ဖြူးမှု ယာယီရပ်နားထားခြင်းတို့ကလည်း အချိန်ဇယားဖြင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးပေးရသည့်အခြေအနေဖြစ်နေသည်ဟုသိရသည်။

Zaw Gyi

 ရန္ကုန္တြင္၄နာရီျခားတစ္ႀကိမ္ လွ်ပ္စစ္မီးေပးမည္


ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္မႈဇုန္မ်ားအား မနက္၉နာရီမွ ညေန၅နာရီအထိသာ လွ်ပ္မီးျဖန္႔ျဖဴးေပးမည္ျဖစ္ၿပီး က်န္အခ်ိန္မ်ားတြင္ လွ်ပ္စစ္မီးျပတ္ေတာက္မည္ဟု ရန္ကုန္လွ်ပ္စစ္ဓါတ္အား​ေပး​ေရး ​ေကာ္ပို​ေရးရွင္းမွ သိရသည္။

ယင္းအျပင္ တိုင္းအတြင္းရွိၿမိဳ႕နယ္မ်ားအားလည္း ၄နာရီျခားတစ္ႀကိမ္ အခ်ိန္ဇယားျဖင့္ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးေပးရန္လည္းရွိေနသည္။

ရန္ကုန္လွ်ပ္စစ္ဓါတ္အား​ေပး​ေရး ​ေကာ္ပို​ေရးရွင္းမွ တာဝန္ရွိသူ တစ္ဦးက”မီး​​ေပး လွ်ပ္စစ္ အခ်ိန္ဇယားက မွန္ပါတယ္။အခု စမ္းသပ္ကာလျဖစ္ပါတယ္။အခ်ိန္ဇယားအတိုင္းအဆင္​ေျပ​ေအာင္ ႀကိဳးစား​ေဆာင္႐ြက္​​ေနပါတယ္”ဟု ေျပာသည္။

၂၀၂၂မတ္လ၁၈ရက္ကစၿပီးမတ္လ၃၁ရက္ေန႔အထိ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ၿမိဳ႕နယ္မ်ားျဖစ္ေသာ ရန္ကင္း၊သဃၤန္းကြၽန္း၊သာေကတ၊ေဒါပုံ၊တာေမြ၊ေတာင္ဥကၠလာပ၊ပုဇြန္ေတာင္၊ေျမာက္ဥကၠလာပ၊မဂၤလာေတာင္ၫႊန႔္၊ေတာင္ဒဂုံ၊ဒဂုံဆိပ္ကမ္း၊ေျမာက္ဒဂုံ၊အေရွ႕ဒဂုံႏွင့္ ဗိုလ္တစ္ေထာင္ၿမိဳ႕နယ္၊အေနာက္ပိုင္းခ႐ိုင္ၿမိဳ႕နယ္မ်ားျဖစ္သည့္ အလုံ၊ဗဟန္း၊ဒဂုံ၊လႈိင္၊ကမာ႐ြတ္၊ေက်ာက္တံတား၊ၾကည္ျမင္တိုင္၊လမ္းမေတာ္၊လသာ၊မရမ္းကုန္း၊ပန္းဘဲတန္း၊စမ္းေခ်ာင္းတို႔တြင္ အုပ္စုမ်ားခြဲကာ မနက္၅နာရီမွမနက္၉နာရီအထိ တစ္ဆိုင္း၊မနက္၉နာရီမွ ေန႔လယ္၁နာရီစသည္ျဖင့္ ေလးနာရီတစ္ႀကိမ္ျခား မီးေပးမည္ဟုသိရသည္။

ေတာင္ပိုင္းခ႐ိုင္ၿမိဳ႕နယ္မ်ားျဖစ္သည့္ ဒလ၊ေကာ့မႉး၊ခရမ္း၊ကြမ္းၿခံကုန္း၊သန္လ်င္၊ဆိပ္ႀကီးခေနာင္တို၊သုံးခြ၊တြံေတး၊ကိုကိုးကြၽန္း၊ ေျမာက္ပိုင္းခ႐ိုင္ျဖစ္သည့္ လႈိင္သာယာ၊လွည္းကူး၊ေမွာ္ဘီ၊ထန္းတစ္ပင္၊အင္းစိန္၊မဂၤလာဒုံ၊ေ႐ႊျပည္သာ၊တိုက္ႀကီးတို႔တြင္လည္းအလားတူပင္ျဖစ္သည္။

ၿပီးခဲ့သည့္မတ္လ၁၂ရက္ေန႔ကစၿပီး မတ္လ၁၈ရက္ေန႔အထိ လွ်ပ္စစ္ေရေအာက္ပိုက္လိုင္းအား ျပဳျပင္မည္ျဖစ္၍ လွ်ပ္စစ္မီးမ်ားအခ်ိန္ပိုင္းျပတ္ေတာက္မည္ဟု လွ်ပ္စစ္စြမ္းအင္ဝန္ႀကီးဌာနကေၾကညာထားမႈရွိရာ အဆိုပါျပင္ဆင္မႈမွာ ယခုအခါတြင္ၿပီးစီးသြားၿပီဟုဝန္ႀကီးဌာနကေျပာကာ ၃၃၀MWျပန္ဝင္ေနၿပီဟု ေျဖၾကားထားသည္။

တစ္ဖက္တြင္လည္း လွ်ပ္စစ္တာဝါတိုင္အခ်ိဳ႕မီးခြဲခံထားရမႈကို ျပန္လည္ျပင္ဆင္ေနျခင္း၊LNGေစ်းတက္ေန၍ LNGျဖင့္ လွ်ပ္စစ္ျဖန္႔ျဖဴးမႈ ယာယီရပ္နားထားျခင္းတို႔ကလည္း အခ်ိန္ဇယားျဖင့္ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးေပးရသည့္အေျခအေနျဖစ္ေနသည္ဟုသိရသည္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အထူးကုဆရာဝန်ကြီးများက ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

လားရှိုးပြည်သူ့ ဆေးရုံကြီးနှင့် ကျောက်မဲပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် ကျောက်မဲမြို့နှင့် အနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြသည်။ ကွင်းဆင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် လာရောက်ပြသသူများအား နှစ်သိမ့်ဆွေးနွေးပညာပေး၍ အိပ်ချ်အိုင်ဗွီ၊ ကာလသားရောဂါနှင့် ဌက်ဖျားရောဂါပိုး ရှိ၊ မရှိ သွေးစစ်ဆေးပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခြင်း ဖြစ်သည်။ ထို့အတူ အထွေထွေရောဂါ၊ ကလေးကျန်း မာပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီးယပ်ပညာ၊ အရိုး၊ အကြောရောဂါပညာ၊ မျက်စိ၊ နား၊ နှာခေါင်း၊  လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းရောဂါပညာ၊ သွားနှင့်ခံတွင်းရောဂါ၊ အကြော၊ အဆစ်နှင့် ပြန်လည်သန်စွမ်းရေးနှင့် ဓါတ်မှန်နှင့်ပုံရိပ်ဖော်စသည့်...

ရန်ကုန်အပါအဝင် ဒေသအချို့တွင် မိုးကြီးပြီး မိုးသက်လေပြင်းတိုက်ခတ်နိုင်

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးနိုင်သလို မိုးသက်လေပြင်းတို-က်ခတ်ခြင်းများလည်း ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ မိုးဇလ၏ ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာ နေရာများတွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပ-စ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့်...

အင်ဒိုနီးရှားက မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုကိုကူညီမည်

ဇွန်လ ၁၀ ရက် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ဆူဂျီယိုနို က မြန်မာနိုင်ငံတွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပံ့ပိုးကူညီသွားမည့် ကတိကဝတ်ကို နေပြည်တော်သို့ လာရောက်သည့် ခရီးစဉ်အတွင်း ထပ်လောင်းအတည်ပြုခဲ့ကြောင်းနှင့် ၎င်းသည် သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက မနေ့က ဖော်ပြခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ ဝန်ကြီး ဆူဂျီယိုနိုသည် မြန်မာ့ပဋိပက္ခများကို ဖြေရှင်းရန်နှင့် တည်ငြိမ်မှု ပြန်လည်ရရှိစေရေး ကြိုးပမ်းမှုများအပေါ် အင်ဒိုနီးရှားအစိုးရ၏ ပံ့ပိုးကူညီမှုကို အလေးပေးဖော်ပြထားသည့် အင်ဒိုနီးရှားသမ္မတ ပရာဗိုဝို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071