Thursday, May 28, 2026

ကျွန်းလှမြို့နယ်တွင် မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက် ပျိုးမည်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီ၌ မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ မိုးစပါးစိုက်ပျိုးရန် (၃၃,၂၇၅)ဧကလျာထားပြီး စိုက် ပျိုးရာ၌ ဘောင်ပျိုးစနစ်၊ ရိုးရိုးပျိုးထောင်စနစ်၊...

ရန်ကုန်-မန္တလေး DEMU Spain အမြန်ရထား...

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ခရီးသည်များ သွားလာရေး ပိုမိုအဆင်ပြေစေရန် DEMU Spain လူစီးအမြန်ရထားများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှစတင်ကာ...

နီပေါဝန်ကြီးချုပ်နှင့် မြန်မာသံအမတ်ကြီးတွေ့ဆုံ

မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ ဆွေးနွေး နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၆ ရက်တွင် နီပေါနိုင်ငံဝန်ကြီးချုပ် Right Honourable...

ရန်ကုန်ဆေးရုံကြီး၏ (၄)ခုမြောက် လူနာစောင့်နားနေဆောင်သစ် ယနေ့...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လာရောက်ပြသသည့် လူ နာများနှင့်အတူလိုက်ပါလာသော လူနာစောင့်များစိတ်ချမ်းသာစွာညအိပ်နားနေနိုင်ရန်အတွက် လူနာစောင့်နားနေဆောင်(၃)ဆောင်ကို ဆောက်လုပ်ပေးထားသည်။ ထို့ပြင် ယနေ့ မေ ၂၇ ရက်မှစတင်ကာအသုံးပြုနိုင်မည့် (၄)ခုမြောက်ဖြစ်သော လူနာစောင့်များညအိပ်နားနေနိုင်ရန်အတွက်...
HomeNewsLocal Newsရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့် ဖြေလျော့သတ်မှတ်

ရန်ကုန်တိုင်းအတွင်း ညမထွက်ရအမိန့် ဖြေလျော့သတ်မှတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အများတွင် ယခင်က ထုတ်ပြန်သတ်မှတ်ထားသည့် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) အား ဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။

ယခင်သတ်မှတ်ထားသည့် ည (၁၂) နာရီမှ မနက် (၄) နာရီအထိ ညမထွက်ရ အချိန်အား ယနေ့ အောက်တိုဘာ (၂၇) ရက် ညမှစတင်ကာ ဖြေလျော့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြေလျော့ပေးရာတွင် ယနေ့မှစတင်ကာ နံနက် (၁) နာရီမှ နံနက်(၃) နာရီသို့ ဖြေလျှော့ပေးလိုက်ခြင်းဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်/ရပ်ကွက် အသီးသီးသို့ အကြောင်းကြားထားကြောင်း သိရသည်။

“ညမထွက်ရအမိန့် ဖြေလျော့ပေးလိုက်တယ်ဆိုတာကို မြို့န ယ်တချို့က မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်တွေနဲ့တော့ ထွက်လာတယ်။ တချို့မြို့နယ်တွေ ရပ်ကွက်ရုံးက အသံ ချဲ့စက်နဲ့ လိုက်အော်တာကြားတယ်လို့လည်း ပြောကြတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။

ရန်ကုန်တိုင်းနည်းတူ နယ်မြေအေးချမ်းတည်ငြိမ်မှုရှိသည့် တိုင်းနှင့် ပြည်နယ်အချို့ရှိ မြို့နယ်/ရပ်ကွက်/ကျေးရွာအ ချို့ကိုလည်း ညမထွက်ရအမိန့်များအား ဖြေလျော့ပေးခြင်းများ ရှိကြောင်းလည်း လူမှုကွန်ရက်တွင် ပျံ့နှံနေသည့် သတင်းများအရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျွန်းလှမြို့နယ်တွင် မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက် ပျိုးမည်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီ၌ မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ မိုးစပါးစိုက်ပျိုးရန် (၃၃,၂၇၅)ဧကလျာထားပြီး စိုက် ပျိုးရာ၌ ဘောင်ပျိုးစနစ်၊ ရိုးရိုးပျိုးထောင်စနစ်၊ မျိုးစေ့တိုက်ရိုက်ချစနစ်တို့ဖြင့် ဒေသရာသီဥတုနှင့် ကိုက်ညီသော ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေ၊ အောင်နိုင်တိုးစပါးမျိုးများစိုက်ပျိုးကြောင်း သိရသည်။ မိုးစပါးစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ မျိုးကောင်းမျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေးပညာပေးခြင်း၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးနည်းများကို အသိပညာပေးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်-မန္တလေး DEMU Spain အမြန်ရထား ဇွန် ၁ မှ ထပ်မံပြေးဆွဲမည်

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ခရီးသည်များ သွားလာရေး ပိုမိုအဆင်ပြေစေရန် DEMU Spain လူစီးအမြန်ရထားများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှစတင်ကာ ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ကြေညာထားသည်။ ထပ်မံပြေးဆွဲမည့် ရထားများမှာ အမှတ်(၉) အဆန်နှင့် အမှတ်(၁၀) အစုန် DEMU Spain လူစီးအမြန်ရထားများဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးအကြား ခရီးသွားလာမှု ပိုမိုမြန်ဆန်အဆင်ပြေစေရန် ရည်ရွယ်ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။ အမှတ်(၉) အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၈ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးဘူတာသို့ ညနေ ၆...

နီပေါဝန်ကြီးချုပ်နှင့် မြန်မာသံအမတ်ကြီးတွေ့ဆုံ

မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ ဆွေးနွေး နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၆ ရက်တွင် နီပေါနိုင်ငံဝန်ကြီးချုပ် Right Honourable Mr. Balendra Shah အား နီပေါနိုင်ငံဝန်ကြီးချုပ်ရုံး၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများအပေါ် အခြေခံသည့် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား Right Honourable...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071