ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် မန္တလေးတိုင်း၊ ညောင်ဦးမြို့တို့၌ ယနေ့ ဧပြီ ၂၁ ရက်ညနေပိုင်းက နာရီပိုင်းသာခြား၍ မီးလေ_ာင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၄) ရပ်ကွက်၊ မြိတ်လမ်းရှိ အဆောက်အအုံတစ်လုံးတွင် ည ၆ နာရီ ၄၇ မိနစ်ခန့်ကမီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၇ နာ ရီ ၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်ကလည်း မန္တလေး တိုင်း၊ ညောင်ဦးမြို့နယ်၊ ဗျတ္တယာယီဈေးအနီးရှိ နေ အိမ်တစ်လုံးတွင်မီးလေ_ာင်မှုဖြစ်ပွား၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများမှငြှိမ်းသတ်ခဲ့ကြသဖြင့် ညနေ ၅ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဥ်များမှ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Photo-MFSD / Ko Than Htay
