Home Movies ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိလာသည့် လူဝံလေးများ‎

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ရောက်ရှိလာသည့် လူဝံလေးများ‎

0
164

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို အမြှီးမပါသည့် မျောက်ဝံ (Ape) မျိုးနွယ်စုဝင်… မလေးဘာသာစကားအရ “သဘာဝတောတွင်းလူသားကြီးများ” ဟု အဓိပ္ပာယ်ရသည့် “လူဝံ” (Bornean Orangutan) စုံတွဲလေး ရောက်ရှိနေကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် လူဝံများကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) ခန့်ကပင် နောက်ဆုံးပြသခဲ့ဖူးသည်။

ယခုရောက်ရှိလာသော စုံတွဲသည် လူဝံအထီးလေး (လီယို) နှင့် အမလေး (ပင်ကီ) တို့ ဖြစ်ကြသည်။

‎လူဝံမျိုးစိတ်များကို အရှေ့တောင်အာရှရှိ ဆူးမားတြားနှင့်ဘော်နီယိုကျွန်းဆွယ်များမှာ တွေ့ရှိနိုင်ကာ သဘာဝတောထဲတွင် သစ်ပင်အမြင့်ကြီးများပေါ်၌ အသိုက်ဆောက်ကာ နေထိုင်လေ့ရှိသည်။

ရှည်လျားသန်မာသော လက်များကို အသုံးပြု၍ တစ်ပင်မှတစ်ပင် ကူးသန်းသွားလာတတ်ကာ ပြဿနာများကို ကိုယ်တိုင်ဖြေရှင်းနိုင်ပြီး အသုံးအဆောင်ပစ္စည်းများကိုပါ ကိုင်တွယ်အသုံးပြုနိုင်လောက်အောင် ဉာဏ်ရည်မြင့်မားလှသည်ဟုလည်း သိရသည်။

လူသားမျိုးနွယ်စုများနှင့် ဗီဇအနီးစပ်ဆုံးဖြစ်ပြီး ‎
‎လက်ရှိ သဘာဝတောတွင်းမှာ မျိုးသုဉ်းရန် အန္တရာယ်နှင့် အလွန်နီးကပ်နေသည့် (Critically Endangered Species) စာရင်းဝင် ရှားပါးတိရစ္ဆာန်လည်း ဖြစ်သည်။

Photo: Yangon Zoo

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here