ရန်ကုန်တက္ကသိုလ်၊ ကုန်ထုတ်ဓာတုဗေဒဌာနတွင် စားသောက်ကုန်လုပ်ငန်းအတတ်ပညာ (Certificate in Food Technology) သင်တန်းကို ၂၀၂၆ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ စတင်၍ (၃) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများမှစ၍ လျှောက်ထားနိုင်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် မေလ ၂၅ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း သိရသည်။
သင်တန်းကို အင်္ဂါ၊ ကြာသပတေးနှင့် သောကြာနေ့များတွင် မနက် ၇ နာရီမှ ၉ နာရီအထိ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်းကြေးအဖြစ် (၃) လစာ စုစုပေါင်း ကျပ်တစ်သိန်း ပေးသွင်းရမည်ဖြစ်သည်။
သင်တန်းတွင် အစားအသောက်ထုတ်လုပ်ခြင်း၊ သိမ်းဆည်းခြင်း၊ ထုပ်ပိုးခြင်းနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ ပညာရပ်များအပြင် အစားအစာဘေးကင်းမှု၊ အရည်အသွေးထိန်းချုပ်မှုနှင့် အာဟာရလုံလောက်မှုဆိုင်ရာ အကြောင်းအရာများကိုပါ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းပြီးဆုံးသူများအား Certificate in Food Technology အောင်လက်မှတ် ချီးမြှင့်ပေးသွားမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို ရန်ကုန်တက္ကသိုလ်ရှိ ကုန်ထုတ်ဓာတုဗေဒဌာနသို့ လူကိုယ်တိုင် သွားရောက်စုံစမ်းနိုင်သလို ဖုန်းနံပါတ် ၀၉-၇၇၃၇၂၇၆၆၇ နှင့် ၀၉-၈၈၃၄၉၁၈၉၀ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။
