အီသီယိုပီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်မင်းဦးနှင့် အီသီယိုပီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အလယ်ပိုင်း၊ အာရှနှင့် ပစိဖိတ်ရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Ambassador Dawano Kedirm တို့ မေ ၁၅ ရက်ကတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် မြန်မာ-အီသီယိုပီးယား နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်များလက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်နိုင်ငံကြားဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာအောင်ဆောင်ရွက်ရေး၊ နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာအစိုးရ၏ ရည်မှန်းချက်များနှင့် မူဝါဒများ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့အတူ ညွှန်ကြားရေးမှူးချုပ်ကလည်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်လုပ်ဆောင်သွားရန် အီသီယိုပီးယားနိုင်ငံ၏ ကတိကဝတ်ကိုထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။
