Tuesday, August 4, 2026

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့်...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆...
HomeNewsLocal Newsရန်ကုန်-မန္တလေးအမြန်လမ်းတွင် Alphard ယာဉ်တစ်စီး...

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

နေပြည်တော်၊သြဂုတ်-၄
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၃/၆ အနီးတွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် Toyota Alphard အဖြူရောင်ယာဉ်သည် မိုင်တိုင် ၁၄၃/၆ အနီးအရောက်၌ ယာဉ်၏ အချက်ပြမီး လင်းလာသဖြင့် လမ်းဘေးရပ်တန့်ကာ ရှေ့စက်ဖုံး ဖွင့်ကြည့်စဉ် အင်ဂျင်ခန်းအတွင်းမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှုကြောင့် ယာဉ်တစ်စီးလုံး ပျက်စီးသွားခဲ့သော်လည်း ယာဉ်ပေါ်ပါလာသည့် ယာဉ်မောင်းအပါအဝင် အမျိုးသား ၅ ဦးစလုံး ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ဘေးကင်းစွာ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အမြန်လမ်းအသုံးပြုသူ ယာဉ်မောင်းများအနေဖြင့် ခရီးမထွက်မီ မိမိတို့၏ ယာဉ်ကြံ့ခိုင်မှုကို စနစ်တကျ စစ်ဆေးကြရန်နှင့် သတ်မှတ်အရှိန်နှုန်းများဖြစ်သည့် အိမ်စီးယာဉ်များအတွက် ၁ နာရီလျှင် ကီလိုမီတာ ၁၀၀ (100 km/h) ထက်မပိုရေး၊ ကုန်တင်နှင့် ပစ်ကပ်ယာဉ်များအတွက် ၁ နာရီလျှင် ကီလိုမီတာ ၆၀ (60 km/h) ထက်မပိုဘဲ မောင်းနှင်ကြရန် အထူးသတိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ – ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၇ ဂိုး - ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ပထမပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071