ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းတွင် ဇူလိုင် ၂၁ ရက်ည ၉ နာရီကျော်ခန့်က ဆီဘောက်ဆာကားအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးထိုးကျခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေးလမ်းဟောင်းအတိုင်းမောင်းနှင်လာသော ဆီဘောက်ဆာကားသည် မိုင်တိုင်အမှတ် ၁၈၀/၅ အရောက်လမ်းတဘက်ရှိယာဉ်အားရှောင်တိမ်းစဥ် အရှိန်မထိန်းနိုင်ဘဲလမ်းဘေးသို့ ထိုးကျသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မီးလေ_ာင်မှုမဖြစ်ပွားစေရေးအတွက် ရေတာရှည်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှ အအေးပေးခဲ့ကြပြီး ဖြစ်စဉ်ကြောင့် ထိခို-က်ဒ-ဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သော ကားမောင်းသူကို ဆွာလူမှုကူညီရေးအသင်းက ဆွာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
