Thursday, July 23, 2026

အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အာရှထိပ်သီးအသင်းများပါဝင်သည့် အုပ်စု...

ရန်ကုန်၊ ဇူလိုင် ၂၃ ၂၀၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games...

ဖားကန့်မြို့၌ ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အ မှိုက်သရိုက်များကိုရှင်းလင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေမြင့်တက်ချိန်က ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့နွံများ၊ နုန်းများကို စက်၊ ယန္တရားများအကူအညီဖြင့်ဖယ် ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊...

ဒက္ခိဏသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ စေတီ ပုထိုးတော်များပြိုကျ...

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ဇူလိုင် ၂၂ ရက်နှင့် ယနေ့ ဇူလိုင် ၂၃ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီပုထိုးတော်များပြိုကျကာ အခြေခံပညာစာသင်ကျောင်း(၁)ကျောင်းကိုခေတ္တပိတ်ခဲ့ရကြောင်း သိရသည်။ ဒက္ခိဏသီရိမြို့နယ်၊...

ထိုင်းနိုင်ငံ မဟာချိုင်ရှိ ငါးစက်ရုံတွင် Forklift...

ထိုင်း၊ဇူလိုင်-၂၃ ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ ငါးစက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် Forklift ယာဉ်ဖြင့် မတော်တဆတို-က်မိမှုဖြစ်ပွားခဲ့ပြီး ယာဘက်ခြေထောက်တွင် ပြင်းထန်ဒ-ဏ်ရာရရှိကာ ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍...
HomeMoviesရန်ကုန်ဈေးကွက်အတွင်း ကြက်ဥဈေးနှုန်း မြင့်တက်လာရသည့်...

ရန်ကုန်ဈေးကွက်အတွင်း ကြက်ဥဈေးနှုန်း မြင့်တက်လာရသည့် အဓိကအကြောင်းရင်းများနှင့် လက်ရှိဈေးကွက် ကွင်းဆက်အခြေအနေ

ပြီးခဲ့သည့် ရက်သတ္တပတ်အနည်းငယ်အတွင်း ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ ကြက်ဥလက်လီ/လက်ကား ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာခဲ့ပြီး ဈေးကွက်အတွင်း တစ်လုံးလျှင် ကျပ် ၅၅၀ မှ ၇၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ မွေးမြူရေးခြံများ၏ ထုတ်လုပ်မှုစရိတ်၊ ရောဂါကျရောက်မှု၊ သယ်ယူစရိတ်စသည်အချက်များကြောင့် ဖြစ်ကြောင်း သုံးသပ်ချက် များအရ သိရသည်။

စိစစ်တွေ့ရှိရသည့် ဈေးနှုန်းဖြစ်ပေါ်မှု ကွင်းဆက်

လက်ရှိတွင် ရန်ကုန်မြို့တွင်းသို့ ရောက်ရှိလာသည့် ကြက်ဥများကို ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးများမှ အဓိက ထုတ်လုပ်ပေးလျက်ရှိသည်။ မွေးမြူရေးခြံများမှ ထုတ်လုပ်မှုစရိတ်မှာ ကြက်ဥတစ်လုံးလျှင် ကျပ် ၄၄၀ မှ ၄၅၀ အထိ ရှိနေပြီး –

ခြံဖမ်းဈေး (ခြံကောက်ဈေး)

တစ်လုံးလျှင် ကျပ် ၄၉၀ (တစ်ကတ်လျှင် ၁၄,၇၀၀ ကျပ်)၊

ရန်ကုန်အောက်ဈေး (ပွဲရုံအရောက်)

သယ်ယူစရိတ်နှင့် လုပ်သားခ ကျပ် ၅၀ မှ ၅၀ အဓိက ကုန်ကျသဖြင့် တစ်လုံးလျှင် ကျပ် ၅၂၀ အထိ ဖြစ်လာသည်။

လက်လီဆိုင်အရောက်

ပွဲရုံများမှ အမြတ် ကျပ် ၁၀ နှင့် သယ်ယူစရိတ်များ ပေါင်းစပ်ကာ တစ်လုံးလျှင် ကျပ် ၅၄၀ မှ ၅၅၀ ဖြင့် လက်လီဆိုင်များသို့ ဖြန့်ဖြူးသည်။

လက်လီဈေးကွက်

လက်လီဆိုင်များ၏ အထွေထွေစရိတ်၊ အမြတ်နှင့် အပျက်အစီး ပျောက်ဆုံးမှု စရိတ်များ ပေါင်းထည့်လိုက်သည့်အခါ ဈေးကွက်အတွင်း တစ်လုံးလျှင် ကျပ် ၅၅၀ မှ ၆၅၀ အထိ ဖြစ်ပေါ်ခဲ့ပြီး မြို့နယ်အချို့၌ ကျပ် ၇၀၀ အထိ ရောင်းချမှုများ ရှိခဲ့သည်။

ဈေးနှုန်းမြင့်တက်ရသည့် အဓိကအကြောင်းအရင်းများ

၁။ မွေးမြူကောင်ရေ လျှော့ကျခြင်း

၂၀၂၅ ခုနှစ်အတွင်း မျိုးကြက်မ လုံလောက်စွာ တင်သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှသာ စတင် တင်သွင်းနိုင်ခဲ့သဖြင့် လက်ရှိတွင် ဥစားကြက်မ လုံလောက်စွာ ထုတ်လုပ်နိုင်ခြင်း မရှိသေးပေ။

၂။ ရောဂါအန္တရာယ်နှင့် ရာသီဥတု

၂၀၂၆ ခုနှစ်ဆန်းပိုင်းမှစ၍ ရာသီဥတု ကာလအကူးအပြောင်းနှင့် ကာကွယ်ဆေး နည်းပါးမှုတို့ကြောင့် ကြက်များ ရောဂါကျရောက် သေဆုံးမှု မြင့်မားခဲ့ပြီး ဥထွက်နှုန်း လျော့ကျခဲ့သည်။

၃။ ဝယ်အား ရုတ်တရက် မြင့်တက်ခြင်း

ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်ဖြစ်ခြင်း၊ အခြားအသား/ငါး ဈေးနှုန်းများ မြင့်တက်နေသဖြင့် စျေးနှုန်းသက်သာသည့် ကြက်ဥကို စားသုံးသူများ ပိုမိုဝယ်ယူလာကြခြင်းတို့ကြောင့် ဖြစ်သည်။

အခြားတချက်မှာ အစာစျေး တက်နေသဖြင့် ထုတ်လုပ်မှု supply chain ကျကာ လန့်ပြီး အသားအဖြစ် ထုတ်ရောင်းကြခြင်းကလည်း ဥ ထုတ်လုပ်ခြင်း ကျကာ စျေးတက်ခြင်းဖြစ်နိုင်ချေရှိသည်။ အသားက ဥထက် စျေးရ နေခြင်းကလည်း တိုက်ဆိုင်မှု တစ်ခုဖြစ်နိုင်သည်။

အထက်မြန်မာပြည်တွင် မွေးသော ကြက်များ ရောဂါမကျသော်လည်း ရန်ကုန်သို့ ပို့နိုင်မှု က အကြောင်းကြောင်းကြောင့် ထက်ဝက်ခန့်သာ ပို့နိုင်ခြင်းကလည်း စဉ်းစားရမည်ဖြစ်သည်။

၄။ သတင်းအချက်အလက်နှင့် စိုးရိမ်စိတ်

သတင်းမီဒီယာနှင့် လူမှုကွန်ရက်များတွင် “ကြက်ဥများ ဈေးတက်မည်/ ပြတ်လပ်မည်” ဆိုသည့် သတင်းများကြောင့် စားသုံးသူများ စိုးရိမ်စိတ်ကြောင့်ဈေးကွက်ကို ပိုမိုတွန်းအားပေးသကဲ့သို့ ဖြစ်ခဲ့ရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာရှအားကစားပြိုင်ပွဲတွင် မြန်မာအမျိုးသမီးအသင်း အာရှထိပ်သီးအသင်းများပါဝင်သည့် အုပ်စု (B) ၌ ကျရောက်

ရန်ကုန်၊ ဇူလိုင် ၂၃ ၂၀၂၆ ခုနှစ်တွင် ဂျပန်နိုင်ငံ အိုင်ချီ-နာဂိုယာ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games 2026) အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ဂျပန်နိုင်ငံ နာဂိုယာမြို့ရှိ Hilton Nagoya Hotel ၌ ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှအင်အားကြီးအသင်းများ ပါဝင်သည့် Group (B) တွင် ကျရောက်ခဲ့ကြောင်း သိရသည်။မြန်မာအသင်း ပါဝင်သည့် အုပ်စု (B) တွင် အာရှထိပ်သီးအသင်းများဖြစ်သည့် တောင်ကိုရီးယား၊ မြောက်ကိုရီးယားတို့အပြင်...

ဖားကန့်မြို့၌ ရေကြီးရေလျှံစဥ်ကတင်ကျန်ခဲ့သော အ မှိုက်သရိုက်များကိုရှင်းလင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေမြင့်တက်ချိန်က ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်ကတင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊ ရွှံ့နွံများ၊ နုန်းများကို စက်၊ ယန္တရားများအကူအညီဖြင့်ဖယ် ရှားရှင်းလင်းမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းဝင်များစုပေါင်း၍ ယနေ့ ဇူလိုင် ၂၃ ရက်တွင်လည်း ဒုတိယနေ့အဖြစ် ဖားကန့်မြို့၊ ငှက်ပျောတောရပ်ကွက် ကြိုးတံတားထိပ်၌ ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။  ထို့အတူ ဇူလိုင် ၂၂ ရက်ကလည်း လုံခြုံရေးအဖွဲ့ဝင်များပါဝင်ဆသာ ပူးပေါင်းအဖွဲ့ဝင်များသည် ငှက်ပျောတောရပ်ကွက်ရှ် ဥရုရတနာလမ်းတွင် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။ ထို့ပြင် ရေကြီးရေလျှံမှုကြုံတွေ့ခဲ့ရသည့် ရပ်ကွက်များတွင်လည်း ရေပြန်လည်ကျဆင်းသွားချိန်၌တင်ကျန်ခဲ့သော အမှိုက်သရိုက်များ၊...

ဒက္ခိဏသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ စေတီ ပုထိုးတော်များပြိုကျ စာသင်ကျောင်း(၁)ကျောင်းကိုလည်း ခေတ္တပိတ်ခဲ့ရ

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ဇူလိုင် ၂၂ ရက်နှင့် ယနေ့ ဇူလိုင် ၂၃ ရက်တို့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီပုထိုးတော်များပြိုကျကာ အခြေခံပညာစာသင်ကျောင်း(၁)ကျောင်းကိုခေတ္တပိတ်ခဲ့ရကြောင်း သိရသည်။ ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ဆည်စုကျေးရွာရှိ ဂူနှစ်လုံးကုန်းတော်ပေါ်တွင်တည် ထားသည့် ဉာဏ်တော်အမြင့်(၃၀)ပေရှိ စေတီတစ်ဆူ၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ စိုက်ခင်း(၃)ကျေးရွာ၊ ရွှေဝါမြိုင်ဟိတဓရတက္ကသီလာကျောင်းတိုက်ရှိ ဉာဏ်တော်အမြင့်(၆)ပေခန့်၊ အကျယ်(၅)ပေခန့် စေတီ(၉)ဆူအ နက်(၈)ဆူပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။ ထို့ပြင် ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာရှိ ရွှေခဲအင်းဘုန်းတော်ကြီးကျောင်းအားကာရံထားသည့် အမြင့်(၆)ပေခန့်ရှိ အုတ်နံရံခြံစည်းရိုးအရှည်ပေ(၁၃၈) ပေခန့်လည်းပြိုကျပျ-က်စီးခဲ့ကြောင်း သိရသည်။ ထို့အတူ ဒိုးနွယ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအနီးရှိ ရအောင်းချောင်းရေမြင့်တက်ကာ အ.ထ.က(ခွဲ)(ရွာသစ်)အတွင်းရေဝင်ရောက်ခဲ့သဖြင့် ကျောင်းအားခေတ္တပိတ်ထားခဲ့ရကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071