Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeNewsLocal Newsရန်ကုန်-မန္တလေး အမြန်ရထားကို တစ်ပတ်သုံးရက်ပြန်လည်ပြေးဆွဲမယ်

ရန်ကုန်-မန္တလေး အမြန်ရထားကို တစ်ပတ်သုံးရက်ပြန်လည်ပြေးဆွဲမယ်

(Unicode)

ရန်ကုန်-မန္တလေး အမြန်ရထားကို တစ်ပတ်သုံးရက်ပြန်လည်ပြေးဆွဲမယ်

အခြေအနေအရပ်ရပ်ကြောင့် ယာယီပြေးဆွဲခြင်းမရှိပဲ ရပ်နားထားခဲ့တဲ့ ရန်ကုန်-မန္တလေးအမြန်ရထားတွေကို တစ်ပတ်သုံးရက်နဲ့တခြား ရထားလမ်းပိုင်းတွေကိုလည်း ဒီတစ်ပတ်အတွင်းမှာပြန် လည်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မြန်မာ့မီး ရထားက သိရပါတယ်။

တနင်္ဂနွေ၊ဗုဒ္ဓဟူးနဲ့သောကြာနေ့တွေမှာ ပြေးဆွဲပေးသွားမှာဖြစ်ပြီး ရန်ကုန်ဘူတာကြီးကနေ မန္တ လေးကို ညနေ ၃ နာရီ ၄၅ မိနစ်မှာ စတင်ထွက်ခွာမှာဖြစ်ပါတယ်။

မန္တလေးဘူတာကြီးကနေတော့ ညနေ ၃ နာရီမှာထွက်ခွာမှာဖြစ်ပါတယ်။ရိုးရိုးတန်း ၄၆၅၀ ကျပ်၊အထက်တန်း ၉၃၀၀ ကျပ်နဲ့အိပ်စင် ၁၃၀၀၀ ကျပ်အဖြစ်လက်မှတ်ခတွေကိုသတ်မှတ်ထားပါတယ်။

“ရန်ကုန်-မန္တလေး အမြန်ရထားခုတ်မောင်းချိန်က ၁၆ နာရီကြာမှာဖြစ်ပါတယ် အဝေးပြေးကားခတွေကစျေးတွေမြင့်တက်နေတော့ ခရီးသွား အ ခြေခံလူတန်းစားတွေအတွက် ခရီးစရိတ်သက် သာစေဖို့အတွက်ပါ”လိုမြန်မာ့မီးရထားကတာဝန် ရှိသူတစ်ယောက်ကပြောပါတယ်။

အခြားရထားလမ်းပိုင်းတွေဖြစ်တဲ့ ရန်ကုန်-မန္တ လေး လော်ကယ်ရထား၊ ရန်ကုန်-ပြည် အ မြန်ရ ထား၊ ရန်ကုန်-ပြည် စာပို့ရထား၊ရန်ကုန်-မော်လမြိုင် စာပို့ရထား၊ ပျဥ်းမနား-တောင်တွင်းကြီး စာပို့ရထား၊ပုသိမ်-ကြံခင်း စာပို့ရထား တွေကိုနေ့စဥ်ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

မန္တလေး-ကန့်ဘလူက RBE တွဲဆိုင်း၊ မော်လမြိုင် -ရေး စာပို့ရထားက တစ်ပတ်နှစ်ရက်၊ မန္တလေး-ပုဂံ စာပို့ရထား၊ သာစည်-မြင်းခြံ စာပို့ရထား၊ မန္တ လေး-ပြင်ဦးလွင် ရထားက အပတ်စဥ် တနင်္လာနေ့နဲ့ ပြင်ဦးလွင်-ဂုတ်ထိပ်ရထားက အပတ်စဥ် အင်္ဂါ နေ့တိုင်းပြေးဆွဲပေးသွားတော့မှာပါ။

“တခြား ရထားလမ်းပိုင်းတွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ပြေးဆွဲလို့မရသေးပါဘူး”လို့တာဝန်ရှိသူကဆက်ပြောပါတယ်။

(Zawgyi)

ရန္ကုန္-မႏၲေလး အျမန္ရထားကို တစ္ပတ္သုံးရက္ျပန္လည္ေျပးဆြဲမယ္

အေျခအေနအရပ္ရပ္ေၾကာင့္ ယာယီေျပးဆြဲျခင္းမရွိပဲ ရပ္နားထားခဲ့တဲ့ ရန္ကုန္-မႏၲေလးအျမန္ရထားေတြကို တစ္ပတ္သုံးရက္နဲ႔တျခား ရထားလမ္းပိုင္းေတြကိုလည္း ဒီတစ္ပတ္အတြင္းမွာျပန္ လည္ေျပးဆြဲေပးသြားမွာျဖစ္တယ္လို႔ ျမန္မာ့မီး ရထားက သိရပါတယ္။

တနဂၤေႏြ၊ဗုဒၶဟူးနဲ႔ေသာၾကာေန႔ေတြမွာ ေျပးဆြဲေပးသြားမွာျဖစ္ၿပီး ရန္ကုန္ဘူတာႀကီးကေန မႏၲ ေလးကို ညေန ၃ နာရီ ၄၅ မိနစ္မွာ စတင္ထြက္ခြာမွာျဖစ္ပါတယ္။

မႏၲေလးဘူတာႀကီးကေနေတာ့ ညေန ၃ နာရီမွာထြက္ခြာမွာျဖစ္ပါတယ္။႐ိုး႐ိုးတန္း ၄၆၅၀ က်ပ္၊အထက္တန္း ၉၃၀၀ က်ပ္နဲ႔အိပ္စင္ ၁၃၀၀၀ က်ပ္အျဖစ္လက္မွတ္ခေတြကိုသတ္မွတ္ထားပါတယ္။

“ရန္ကုန္-မႏၲေလး အျမန္ရထားခုတ္ေမာင္းခ်ိန္က ၁၆ နာရီၾကာမွာျဖစ္ပါတယ္ အေဝးေျပးကားခေတြကေစ်းေတြျမင့္တက္ေနေတာ့ ခရီးသြား အ ေျခခံလူတန္းစားေတြအတြက္ ခရီးစရိတ္သက္ သာေစဖို႔အတြက္ပါ”လိုျမန္မာ့မီးရထားကတာဝန္ ရွိသူတစ္ေယာက္ကေျပာပါတယ္။

အျခားရထားလမ္းပိုင္းေတြျဖစ္တဲ့ ရန္ကုန္-မႏၲ ေလး ေလာ္ကယ္ရထား၊ ရန္ကုန္-ျပည္ အ ျမန္ရ ထား၊ ရန္ကုန္-ျပည္ စာပို႔ရထား၊ရန္ကုန္-ေမာ္လၿမိဳင္ စာပို႔ရထား၊ ပ်ဥ္းမနား-ေတာင္တြင္းႀကီး စာပို႔ရထား၊ပုသိမ္-ႀကံခင္း စာပို႔ရထား ေတြကိုေန႔စဥ္ေျပးဆြဲေပးသြားမွာျဖစ္ပါတယ္။

မႏၲေလး-ကန္႔ဘလူက RBE တြဲဆိုင္း၊ ေမာ္လၿမိဳင္ -ေရး စာပို႔ရထားက တစ္ပတ္ႏွစ္ရက္၊ မႏၲေလး-ပုဂံ စာပို႔ရထား၊ သာစည္-ျမင္းၿခံ စာပို႔ရထား၊ မႏၲ ေလး-ျပင္ဦးလြင္ ရထားက အပတ္စဥ္ တနလၤာေန႔နဲ႔ ျပင္ဦးလြင္-ဂုတ္ထိပ္ရထားက အပတ္စဥ္ အဂၤါ ေန႔တိုင္းေျပးဆြဲေပးသြားေတာ့မွာပါ။

“တျခား ရထားလမ္းပိုင္းေတြကေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေျပးဆြဲလို႔မရေသးပါဘူး”လို႔တာဝန္ရွိသူကဆက္ေျပာပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071