Thursday, May 28, 2026

ကျွန်းလှမြို့နယ်တွင် မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက် ပျိုးမည်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီ၌ မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ မိုးစပါးစိုက်ပျိုးရန် (၃၃,၂၇၅)ဧကလျာထားပြီး စိုက် ပျိုးရာ၌ ဘောင်ပျိုးစနစ်၊ ရိုးရိုးပျိုးထောင်စနစ်၊...

ရန်ကုန်-မန္တလေး DEMU Spain အမြန်ရထား...

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ခရီးသည်များ သွားလာရေး ပိုမိုအဆင်ပြေစေရန် DEMU Spain လူစီးအမြန်ရထားများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှစတင်ကာ...

နီပေါဝန်ကြီးချုပ်နှင့် မြန်မာသံအမတ်ကြီးတွေ့ဆုံ

မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ ဆွေးနွေး နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၆ ရက်တွင် နီပေါနိုင်ငံဝန်ကြီးချုပ် Right Honourable...

ရန်ကုန်ဆေးရုံကြီး၏ (၄)ခုမြောက် လူနာစောင့်နားနေဆောင်သစ် ယနေ့...

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လာရောက်ပြသသည့် လူ နာများနှင့်အတူလိုက်ပါလာသော လူနာစောင့်များစိတ်ချမ်းသာစွာညအိပ်နားနေနိုင်ရန်အတွက် လူနာစောင့်နားနေဆောင်(၃)ဆောင်ကို ဆောက်လုပ်ပေးထားသည်။ ထို့ပြင် ယနေ့ မေ ၂၇ ရက်မှစတင်ကာအသုံးပြုနိုင်မည့် (၄)ခုမြောက်ဖြစ်သော လူနာစောင့်များညအိပ်နားနေနိုင်ရန်အတွက်...
HomeNewsLocal Newsရန်ကုန် - ပုဂံ...

ရန်ကုန် – ပုဂံ – ရန်ကုန် ရထားလက်မှတ်များ မှောင်ခိုရောင်းချမှုများရှိနေ

ရန်ကုန် – ပုဂံ – ရန်ကုန် တိုက်ရိုက် အမြန်ရထားခရီးစဉ်ကို ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ပြီး မှောင်ခိုဈေးဖြင့် လက်မှတ်ဝယ်ယူရမှုများ ရှိနေကြောင်း ခရီးသွားပြည်သူများထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ မှောင်ခိုရောင်းချမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများထံ အသိပေးတိုင်ကြားနိုင်ကြောင်းလည်း မြန်မာ့မီးရထား (အောက်မြန်မာပြည်) ရုံးမှ တာဝန်ရှိသူက ပြောကြားထားသည်။

မြန်မာ့မီးရထားမှ သတ်မှတ်ထားသည့် ရန်ကုန် – ပုဂံ ရထားလက်မှတ်ခနှုန်းထားများမှာ ရိုးရိုးတန်း  ၇၂၀၀ ကျပ် ၊အထက်တန်း  ၁၄၄၀၀ ကျပ် ၊ အိပ်စင်  ၁၉၈၀၀ ကျပ်ဖြစ်ပြီး အမှန်တကယ်ဝယ်ယူရသည့် ဈေးနှုန်းမှာ ရိုးရိုးတန်း  ၈၅၀၀ ကျပ် ၊ အထက်တန်း  ၁၆၀၀၀ ကျပ်၊ အိပ်စင် ၂၂၀၀၀ ကျပ်ဖြစ်သည်။

“ကျွန်တော်တို့က ကြိုတင်လက်မှတ် ဝယ်ယူတာပေါ့။ ဒါပေမဲ့ သူတို့ထုတ်ပြန်ထားတဲ့ဈေးနဲ့က ကွာခြားမှုတွေရှိနေတယ်။ အစောကြီးထပြီး တန်းသွားစီလည်း လက်မှတ်က မရဘူး။ အပြင်က မှောင်ခိုရောင်းတယ့်သူက ပိုများနေတယ်”ဟု ရန်ကုန်မှ ပုဂံသို့ သွားမည့်ခရီးသည်တစ်ဦးက ပြောသည်။

ရန်ကုန် – ပုဂံ ရထားခရီးစဉ်သည် ရန်ကုန်မှ ညနေ ၄ နာရီ ၁၅ မိနစ် တွင် ထွက်ခွာမည်ဖြစ်ပြီး ပုဂံသို့ နေ့လည် ၁၂ နာရီရောက်ရှိမည်ဖြစ်ကာ ပုဂံမှ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်သို့ နေ့လည် ၁၂ နာရီပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

“လက်မှတ်ဈေးပိုပေးရတယ်ဆိုရင် တိုင်လို့ရတယ်။ တချို့ကကျတော့ လက်မှတ်မတန်းစီချင်လို့ အပြင်လူတွေနဲ့ဝယ်ကြတာ။ အဲဒီတော့မှ ဈေးပိုပေးပြီးဝယ်ရတယ်လို့ပြောကြတာပေါ့။ တစ်ကယ်လက်မှတ်မရဘူး၊ မှောင်ခိုဝယ်နေရတယ်ဆိုရင် တိုင်လို့ရပါတယ်”ဟု မြန်မာ့မီးရထား (အောက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန် – ပုဂံ ရထား၏ ခုတ်မောင်းချိန် မှာ ၁၉နာရီ ၄၅ မိနစ် ကြာမြင့်မည်ဖြစ်ပြီး ခရီးစဉ်အတွင်း ရပ်တန့်ပေးမည့်ဘူတာများမှာ သာယာဝတီ၊ လက်ပံတန်း၊ မင်းလှ ၊ အုတ်ဖို ၊ ကြို့ ပင်ကောက် ၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်၊ ပုတီးကုန်းသဲကုန်း ၊ ဆင်မြီးဆွဲ၊ ပြည် ( ရွှေတံခါး)၊ အောင်လံ၊ ဆတ်သွား ၊ တောင်းတွင်းကြီး ၊ မြို့သစ်၊ နတ်မောက် ၊ လေးအိမ်၊ သာမြား၊ ပင်းချောင်း၊ ကျောက်ပန်းတောင်း ငါ့မင်းမေး ၊စုတည် ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျွန်းလှမြို့နယ်တွင် မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက် ပျိုးမည်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက် ပျိုးရာသီ၌ မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ မိုးစပါးစိုက်ပျိုးရန် (၃၃,၂၇၅)ဧကလျာထားပြီး စိုက် ပျိုးရာ၌ ဘောင်ပျိုးစနစ်၊ ရိုးရိုးပျိုးထောင်စနစ်၊ မျိုးစေ့တိုက်ရိုက်ချစနစ်တို့ဖြင့် ဒေသရာသီဥတုနှင့် ကိုက်ညီသော ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေ၊ အောင်နိုင်တိုးစပါးမျိုးများစိုက်ပျိုးကြောင်း သိရသည်။ မိုးစပါးစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ မျိုးကောင်းမျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေးပညာပေးခြင်း၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးနည်းများကို အသိပညာပေးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်-မန္တလေး DEMU Spain အမြန်ရထား ဇွန် ၁ မှ ထပ်မံပြေးဆွဲမည်

ရန်ကုန်-မန္တလေး မီးရထားလမ်းပိုင်းတွင် ခရီးသည်များ သွားလာရေး ပိုမိုအဆင်ပြေစေရန် DEMU Spain လူစီးအမြန်ရထားများကို ၂၀၂၆ ခုနှစ် ဇွန်လ ၁ ရက်မှစတင်ကာ ထပ်မံတိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ထုတ်ပြန်ကြေညာထားသည်။ ထပ်မံပြေးဆွဲမည့် ရထားများမှာ အမှတ်(၉) အဆန်နှင့် အမှတ်(၁၀) အစုန် DEMU Spain လူစီးအမြန်ရထားများဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးအကြား ခရီးသွားလာမှု ပိုမိုမြန်ဆန်အဆင်ပြေစေရန် ရည်ရွယ်ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။ အမှတ်(၉) အဆန်ရထားသည် ရန်ကုန်ဘူတာကြီးမှ နံနက် ၈ နာရီခွဲတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးဘူတာသို့ ညနေ ၆...

နီပေါဝန်ကြီးချုပ်နှင့် မြန်မာသံအမတ်ကြီးတွေ့ဆုံ

မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ ဆွေးနွေး နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၆ ရက်တွင် နီပေါနိုင်ငံဝန်ကြီးချုပ် Right Honourable Mr. Balendra Shah အား နီပေါနိုင်ငံဝန်ကြီးချုပ်ရုံး၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများအပေါ် အခြေခံသည့် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား Right Honourable...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071