ရန်ကုန်၊ စက်တင်ဘာ ၆
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြို့တို့အကြား ပြေးဆွဲနေသည့် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို လာမည့် အောက်တိုဘာ ၂၅ ရက်မှစတင်ကာ တစ်ပတ်လျှင် ၄ ကြိမ်အထိ တိုးချဲ့ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်-ချုံချင့် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို တစ်ပတ်လျှင် ၂ ကြိမ် ပြေးဆွဲပေးလျက်ရှိရာမှ အောက်တိုဘာ ၂၅ ရက်မှစတင်၍ တစ်ပတ်လျှင် ၄ ကြိမ်အထိ တိုးမြှင့်ပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်သည်။
တိုးချဲ့ပြေးဆွဲမည့် လေကြောင်းခရီးစဉ်များကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့တို့တွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်နှင့် ချုံချင့်မြို့တို့အကြား တို-က်ရို-က်လေကြောင်းခရီးစဉ်များကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၈ ရက်မှစတင်ကာ ပြေးဆွဲပေးနေခြင်းဖြစ်ပြီး ယခုအခါ ခရီးစဉ်အကြိမ်ရေကို ထပ်မံတိုးမြှင့်လိုက်ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲလာခြင်းကြောင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ခရီးသွားလာမှုများအပြင် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်သွယ်သွားလာမှုများအတွက်လည်း ပိုမိုအဆင်ပြေလာနိုင်မည်ဖြစ်သည်။
