Wednesday, June 17, 2026
ဟွမ်းဖု မြစ်တစ်လျှောက် သင်္ဘောစီး၍ ရှန်ဟိုင်းမြို့၏...
တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန်...
ဟားခါးမြို့၌ ဝဥလွှာခြောက်စက်ရုံ တည်ဆောက်ရေးအဆို ချင်းပြည်နယ်လွှတ်တော်...
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ဝဥလွှာခြောက်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအား တိုက်တွန်းသည့်အဆိုကို ဇွန် ၁၇ ရက်က ကျင်းပသည့် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး...
မွန်ပြည်နယ်အတွင်း ရက်ရှည်လများ ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများ...
မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုချက်ရရှိထားသကဲ့သို့ ရက်ရှည်လများ ဖွင့်လှစ်လုပ်ကိုင်နေသည့် လောင်းကစားဝိုင်းများအား ထိရောက်စွာ တားဆီးပိတ်ပင်ပေးရေးအဆိုကို မွန်ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။ အဆိုပါအဆိုကို ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်...
ပြိုင်ပွဲဝင်အသင်းသစ် ဇွဲကပင်ယူနိုက်တက်၊ ရန်ကုန်စီးတီးကို ဂိုးပြတ်အနိုင်ယူကာ...
၂၀၂၆-၂၇ ဘောလုံးရာသီ Myanmar Women’s League ပြိုင်ပွဲ၏ တတိယနေ့ပွဲစဉ်တွင် ပြိုင်ပွဲဝင်အသင်းသစ် ဇွဲကပင်ယူနိုက်တက်အသင်းက ရန်ကုန်စီးတီးအသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရရှိကာ...
HomeArticlesရန္ကုန္လက္ပတ္နာရီ
ရန္ကုန္လက္ပတ္နာရီ
capture-copy
ကြူးနစ်
‘မန္တလေးစကား’၊ ‘မော်လမြိုင် အစား’၊ ‘ရန်ကုန်အကြွား’ ဆိုသော စာဆိုနှင့်အညီ ရန်ကုန်လက်ပတ် နာရီသည် အကြွားသန်သည့်နေရာ တွင် ပြိုင်ဘက်မရှိ No Two ဖြစ်ရာ ကမ္ဘာကျော်စံချိန် မှတ်တမ်းစာအုပ် Guinness World Records ထဲ တွင် နှစ်စဉ်ဗိုလ်စွဲပါဝင်လျက်ရှိ သည်။ သူက လူထူထူရှိလျှင် သူ၏ လက်ပတ်နာရီကို မြှောက်၊ မြှောက် ပြလေ့ရှိကာ..
“ဒီမယ်..တွေ့ကြလားဟေ့။ ၁၇၆၁ ခုနှစ်တုန်းက ဗြိတိန်နိုင်ငံက လက်မှုပညာရှင် အကျော်အမော်John Harrison က ပထမဆုံး တီထွင်ဖန်တီးလိုက်တဲ့ လက်ပတ် နာရီ။ သက်တမ်း နှစ်ပေါင်း နှစ်ရာ ကျော်နေပြီ။ တကယ့်အန်းဒိတ် အစစ်။ တန်ဖိုးဖြတ်လို့မရဘူး။
ဂန္တဝင်လက်ပတ်နာရီ ဆိုပေမယ့် အချိန်မှန်တုန်းပဲ” ဟု အော်ဟစ် ကြွားဝါလေ့ရှိသည်။
ရန်ကုန်လက်ပတ်နာရီကို မျက်မုန်းကျိုးနေသော ဂျာနယ်လစ်  ကလေးတစ်ယောက်ကတော့ မဲ့ကာ ရွဲ့ကာနှင့်..
   “အလကားပါကွာ..တရုတ် တန်း ပစ္စည်းအဟောင်းဈေးတန်းထဲ ကနေ တစ်ပဲခြောက်ပြားနဲ့ ဝယ်လာ တဲ့ အပေါစားနာရီကြီးပါ” ဟု ရန်ကုန်လက်ပတ်နာရီကို အပုပ်ချ သည်။ ထိုဂျာနယ်လစ်ကလေးကို အသရေဖျက်မှုဖြင့် တရားမစွဲဘဲ မှောင်ရိပ်ထဲကနေ ချောင်းရိုက်ဖို့ ရန်ကုန်လက်ပတ်နာရီ မမောနိုင် မပန်းနိုင် လှည့်ပတ်ရှာဖွေသည်။ သို့သော် ဂျာနယ်လစ်ကလေးမှာ ရှိန်းဆာယာပိုမောက်ပြီး ကိုယ်   ပျောက်အတတ်ကျွမ်းသူဖြစ်ရာ ဘယ်လိုမှ ရှာမရနိုင်။
ရန်ကုန်လက်ပတ်နာရီသည် ခရီးထွက်ရင်း မြန်မာ့နန်းမြို့တော် ဟောင်း မန္တလေးသို့ရောက်သွားကာ တွေ့ဆုံသူတိုင်းအား သူ၏ လက်ပတ် နာရီကိုပြ၍ ကြွားလုံးထုတ်နေပြန် လေသည်။ သို့ရာတွင် မန္တလေးသား ကဗျာဆရာအိုကြီး တစ်ဦးနှင့်တွေ့ သောအခါ
ရန်ကုန်လက်ပတ်နာရီ မကြွားနိုင်ဘဲ ဆွံ့အသွားတော့၏။ ‘မော်ဒန်အောင်မောင်း’ ဟု ကလောင် အမည်ခံယူထားသော ကဗျာဆရာ အိုကြီးက သူ၏လက်ကောက်ဝတ်မှ အရောင်အဆင်းမရှိတော့သည့် လက်ပတ်နာရီကြီးကို မြှောက်ဝင့်၍ ပြသည်။ သူကလည်း
ခပ်ကြွားကြွား ပင် ဖြစ်သည်။
“ငါဆယ်တန်းကျောင်းသားဘဝ ကတည်းက ပတ်ထားခဲ့တဲ့နာရီကွ။ ရေချိုးချိန်ကလွဲလို့ ငါအမြဲတမ်း ပတ် ထားခဲ့တာ။ ငါ အခု အသက် ၇ဝ ပြည့်တော့မယ်။ နာရီသက်တမ်း ရွှေရတုရောက်ပြီ ငါ့လူ”
“ဟား..မော်ဒန်အောင်မောင်း နာရီကြီးက အစုတ်ကြီး။ စက္ကန့် လက်တံလည်း မရှိတော့ဘူး။ ရပ် လည်း ရပ်နေသေးတယ်။ အခု နေ့ခင်း ၂ နာရီထိုးပြီ။ ခင်ဗျား နာရီ ကြီးက ၆ နာရီခွဲမှာရပ်နေတယ်။ လွှင့်ပစ်လိုက်ပါတော့ဗျာ” ဟု ရန်ကုန်လက်ပတ်နာရီက သရော်သံ ဖြင့်   ပြောလိုက်သောအခါ မော်ဒန် အောင်မောင်း မျက်နှာပျက်သွား သည်။ “ဟေ့ကောင်..ရန်ကုန် လက်ပတ်နာရီ၊ ငါ့ကိုစိတ်ဆိုးစေတဲ့ အကြောင်း သုံးပါးရှိတယ်။ မင်း မှတ်ထားပါ။
(၁) ဆရာကြီး သခင် ကိုယ်တော်မှိုင်းကို ဝေဖန်ရင် ငါ စိတ်ဆိုးတယ်။
(၂) ဆရာဒဂုန်တာရာ ကို ဝေဖန်ရင် ငါစိတ်ဆိုးတယ်။
(၃) င့ါလက်ပတ်နာရီကိုဝေဖန်ရင် ငါ စိတ်ဆိုးတယ်”
“အင်း..ခင်ဗျားတို့ ကဗျာ ဆရာတွေကိုတော့ ကြောက်မိပါရဲ့ ဗျာ။ တစ်ယောက်ကိုထိတာနဲ့ ကျီးကန်းတွေလို ဝိုင်းအာကြတော့ တာကိုး”
ရန်ကုန်လက်ပတ်နာရီသည် လက်နှစ်ဖက်စလုံးတွင် လက်ပတ် နာရီနှစ်လုံးစီ ပတ်ထားသော မော်ဒန်ကဗျာဥက္ကဋ္ဌကို ကြည့်ပြီး   နှာခေါင်းရှုံ့လိုက်မိသည်။ “တော် တော် ရူးတဲ့ငနဲပါကလား။ ရွာသာ ကြီးဆေးရုံနဲ့တော့ နီးနေပြီ” ဟု လည်း တွေးလိုက်မိသေးသည်။
“ကျွန်တော့်ရဲ့ မော်ဒန်လွန် ဖန်တီးမှု လက်ရာတွေကို ရှုစားတော် မူပါ၊ ခံစားတော်မူပါ၊ သုံးသပ်တော် မူပါ” ဟု မော်ဒန်ကဗျာဥက္ကဋ္ဌက လက်ကိုင်အော်လံကလေးဖြင့် ခန်းမ ထဲမှာ အရှက်မရှိ မိမိကိုယ်မိမိ ကြော်ငြာနေသည်။
“ဟာ..ဒါက ဘယ်လိုဖြစ်တာ လဲ” ဟု ရန်ကုန်လက်ပတ်နာရီသည် နားဝေတိမ်တောင်နှင့် မြည်တမ်း လိုက်သည်။ ကော်ပီကူးဆွဲထား ပုံတူသော ကမ္ဘာကျော် မိုနာလီဇာMona Lisa ပန်းချီပုံကြီးထဲတွင် မိုနာလီဇာမှာ လက်ပတ်နာရီ ပတ်လျက်သားကြီး ဖြစ်နေသည်။
“ဟေ့..ဟေ့..မိုနာလီဇာပုံ ကိုဆွဲတဲ့ ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချီက ၁၅ ရာစုထဲမှာ ပေါ်ထွန်း ခဲ့တာကွ။ သူသေတဲ့ ၁၆ ရာစုအစ ၁၅၁၉ ခုနှစ်အထိ လက်ပတ်နာရီ ဆိုတာ အိပ်မက်ထဲမှာတောင် ရှိခဲ့ သေးတာမဟုတ်ဘူး။ အခုတော့ မိုနာလီဇာကို လက်ပတ်နာရီ ကြီး ပေးပတ်ထားတာတော့ မကြောင် လွန်းဘူးလားကွာ” ဟု ရန်ကုန် လက်ပတ်နာရီက အော်ပြောလိုက် သောအခါ ကာယကံရှင်ဖြစ်ေ သာ မော်ဒန်ကဗျာဥက္ကဋ္ဌ ဆိုသူသည် ပျာပျာသလဲပြေးလာသည်။
“ကျွန်တော်သိပါတယ်ဆရာ။ မိုနာလီဇာပန်းချီကားခေတ်က လက်ပတ်နာရီ မပေါ်သေးပါဘူး။ ၂ဝ ရာစုအစပိုင်းမှာ ပြင်သစ် မော်ဒန် ပန်းချီဆရာကြီး ‘မာစယ် ဒူးချမ်း’ က မိုနာလီဇာမူရင်းနဲ့ ထပ်တူထပ်မျှ တူအောင်ဆွဲပြီး မိုနာလီဇာ့မျက်နှာမှာ နှုတ်ခမ်းမွေး ကားကားကြီး တပ်ပေးခဲ့ဖူးပါတယ်။ အဲသဟာကို အားကျအတုယူပြီး ကျွန်တော်က မိုနာလီဇာပုံမှာ လက်ပတ်နာရီ ထည့်ဆွဲပေးလိုက်တာ ပါ။ အခုခေတ်မှာ လက်ပတ်နာရီ တွေကလည်း ခေတ်စားတယ်မဟုတ် လား ဆရာရဲ့”
မော်ဒန်ကဗျာဥက္ကဋ္ဌက သွား ဖြီးကလေးဖြင့် ဖြေရှင်းချက်ထုတ် သော်လည်း ရန်ကုန်လက်ပတ်နာရီ သည် ဘဝင်မကျနိုင်ဘဲ မျက်နှာထား တင်း၊ မျက်မှောင်ကြုတ်ထားသည်။
“မင်းက ဘာကြီးပဲပြောပြော လက်ပတ်နာရီက ခေတ်ကုန်ခါနီးနေ ပြီ။ အခု မိုဘိုင်းဖုန်းတွေက လက်ပတ် နာရီကို ဝါးမျိုတော့မယ်။ မိုဘိုင်းဖုန်း ဆောင်ထားရင် လက်ပတ်နာရီ မလို တော့ဘူး။ နားလည်လား”
ရန်ကုန်လက်ပတ်နာရီက အာဏာရှင်လေသံဖြင့် ပြောလာ ခြင်းကိုတော့ မော်ဒန်ကဗျာဥက္ကဋ္ဌ ငြိမ်မခံနိုင်တော့ပေ။
“လက်ပတ်နာရီဆိုတာ လူ့ခန္ဓာ ကိုယ်ဆိုင်ရာ ယဉ်ကျေးမှုအဆင် တန်ဆာတစ်မျိုးဆိုတာတော့ လူကြီး မင်း နားလည်ပေးနိုင်ပါလိမ့်မယ်။ လူကြီးမင်းကိုယ်တိုင် ဘယ်လက်ရော၊ ညာလက်မှာပါ လက်ပတ်နာရီကြီး တွေ ပတ်ထားတယ်မဟုတ်လား။ လက်ပတ်နာရီမှ မဟုတ်ပါ ဘူး။ အိုင် ပက်ကိုင်ထားတာဟာလည်း လူ့ခန္ဓာ ကိုယ်ဆိုင်ရာ ယဉ်ကျေးမှု အဆင်တန် ဆာတစ်မျိုးပါပဲ” ဟု မော်ဒန်ကဗျာ ဥက္ကဋ္ဌက ကက်ကက်လန်အောင် ရန် ထောင်စကားပြောရာ ရန်ကုန် လက် ပတ်နာရီလည်း ‘ဆိတ်ဆိတ်နေက ထောင်တန်၏’ ဟူသော ဆိုရိုးစကား အတိုင်း တုံဏှိဘာဝေဆိတ်ဆိတ် သာနေလိုက်လေ၏။
ရန်ကုန်လက်ပတ်နာရီ၏ ထိပ် တန်းလျှို့ဝှက်ချက်ကိုကား မည်သူမျှ မသိနိုင်ကြပေ။ ရန်ကုန်လက်ပတ် နာရီ၏ လက်နှစ်ဖက်စလုံးမှ လက် ပတ်နာရီများတွင် နာရီအိမ်၌ Patek Phillipe ဟူသော စာတန်းများ ပါရှိ ကြသော်လည်း နာရီအိမ်များအတွင်း မှာ မည်သည့်စက် အစိတ်အပိုင်းမျှ မပါရှိကြဘဲ ဗလာခွံတွေချည်းဖြစ်ကြ သည်။ နာရီအိမ်နှင့် လက်ပတ်ကြိုး များမှာလည်း အပေါစား အတုချည်း သာဖြစ်ကြ သည်။
မကြာမီ ရန်ကုန်လက်ပတ် နာရီမှာ နာရီအတုလိမ်လည်ရောင်း ချမှုဖြင့် အဖမ်းခံလိုက်ရရှာသည်။ သူ့လက်ကောက်ဝတ်နှစ်ဖက်တွင် လက်ပတ်နာရီအစား နီကယ်ရောင် တဝင်းဝင်းနှင့် လက်ထိပ်သံမဏိကွင်း တွေက ခံ့ညားထည်ဝါစွာ နေရာယူလိုက်ကြပါပြီတည်း။
ကြူးနှစ်
Ads Space Available
Continue reading
ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...
ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...
ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော
မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...
Ads Space Available
Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071