တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇွန် ၁၇ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့ရှိ ဟွမ်းဖု (Huangpu) မြစ်ကြောင်းတစ်လျှောက်အား သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
လေ့လာရေးခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ဟွမ်းဖုမြစ်ကြောင်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ၊ မြစ်ကြောင်းထိန်းသိမ်းစောင့်ရှောက်ထားရှိမှုများ၊ မြစ်ကမ်းနံဘေး အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ကြည့်ရှုလေ့လာခဲ့သည်။
ထို့ပြင် ရှန်ဟိုင်းမြို့ဒေသခံများ၏ အပန်းဖြေအနားယူနေမှုများ၊ လူမှုဘဝလှုပ်ရှားသွားလာနေမှုများနှင့် မြို့ပြလူနေမှုဘဝပုံစံများကိုလည်း လေ့လာခဲ့ကြောင်း သိရသည်။
ဟွမ်းဖုမြစ်သည် ရှန်ဟိုင်းမြို့၏ အဓိကရေကြောင်းလမ်းတစ်ခုဖြစ်ပြီး မြို့၏ သမိုင်းဝင် The Bund ကမ်းနားဒေသနှင့် ခေတ်မီ Pudong ဘဏ္ဍာရေးဇုန်တို့ကို ချိတ်ဆက်ပေးထားသည့် အထင်ကရမြစ်ကြောင်းတစ်ခုလည်း ဖြစ်သည်။