Saturday, September 19, 2026

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့်...

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ...

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...
HomeEntertainmentEntertainment Eventရန်ကုန်နဲ့ မန္တလေးမှာ ဒီဇိုင်နာသင်တန်းတွေ...

ရန်ကုန်နဲ့ မန္တလေးမှာ ဒီဇိုင်နာသင်တန်းတွေ ဖွင့်လှစ်သင်ကြားနေတဲ့ ဒီဇိုင်နာ ဌေးဌေးတင် (Shi Mi Zu)

Htay Htay Tin copy

ဝတ်စုံဒီဇိုင်းတွေကိုFashion  ကျကျ ဖန်တီးလေ့ရှိတဲ့ ဒီဇိုင်နာ ဌေးဌေးတင် (Shi Mi Zu) က ဖက်ရှင် ဒီဇိုင်းများကို စိတ်ဝင်စားတဲ့ တက် သစ်စ လူငယ်ဒီဇိုင်နာများ အတွက် သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါတယ်။ မန္တလေးနဲ့ ရန်ကုန်မှာ သင်တန်း သားများကို   မြန်မာဝတ်စုံ၊ အနောက် တိုင်းဝတ်စုံ ချုပ်လုပ်နည်းများ အဓိက သင်ကြားပေးလျက်ရှိပြီး သင်တန်းဖွင့်ခဲ့တာ ၂နှစ်ကျော်ပြီ ဖြစ် ပါတယ်။ သင်တန်းတွေ ဖွင့်လှစ် သင်ကြားဖြစ်ပုံနဲ့ ပတ်သက်ပြီး ဒီဇိုင် နာ ဌေးဌေးတင်က

“အစ်မ သင်တန်းတွေဖွင့်ပြီး သင်ကြားပေးတာက ကိုယ်တတ် သလောက် ပညာကို မျှပေးချင်လို့ပါ။ အစ်မကိုယ်တိုင်လည်း ဒီလုပ် ငန်းကိုပဲ ဇောက်ချလုပ်တယ်။ ဝါသနာလည်း ပါတယ်။ အစ်မကို Facebook  မှာ သင်တန်းမဖွင့်ဘူးလားလို့ လာလာ မေးကြတယ်။ ပထမ စစဖွင့်ချင်း ကတော့ တစ်လကို နှစ်ယောက်၊ သုံးယောက်လောက်ပဲ စသင်တယ်။ နောက်ပိုင်းတော့ ရန်ကုန်မှာရော၊ မန္တလေး မှာရော သင်ပေးဖြစ်တယ်။  ရန်ကုန်မှာဆိုရင် သင်ပေးတာ ၂နှစ် ကျော်ပါပြီ။ မန္တလေးမှာဆိုရင် ၁နှစ် ကျော်ရှိပါပြီ။ အစ်မက မြန်မာ ဝတ်စုံ ချုပ်နည်းသတ်သတ်၊ အနောက်တိုင်း ဝတ်စုံသတ်သတ် သင်ပေးပါတယ်။ သင်တန်းသားတွေအနေနဲ့လည်း ကြိုက်နှစ်သက်ရာ ကို ရွေးချယ်နိုင်တာ ပေါ့” လို့ ပြောပါတယ်။

ဒီဇိုင်နာဌေးဌေးတင်က ဒီဇိုင်နာအလုပ်နဲ့ အသက်မွေးဝမ်း ကျောင်းပြုလုပ်မယ့် တက်သစ်စ လူငယ်များအတွက်လည်း ဇွဲမလျှော့ ဘဲ ကြိုးစားသင့်ကြောင်းကို “အစ်မ လူငယ်တွေကို ပြောချင်တာကတော့ ဘယ်အလုပ်မဆို ဆုံးခန်းတိုင်အောင် လုပ်စေချင်တယ်။ ကိုယ့် ရည်မှန်းချက် ပန်းတိုင်ရောက်အောင်ပေါ့။ အစ်မ ကိုယ်တိုင်လည်း ကလေးဘဝကတည်း က ဒီစက်ချုပ်ပညာကို ဝါသနာ ပါခဲ့ တယ်။ အစ်မ Dozo   မှာလည်း သင် တန်းတက်ခဲ့တယ်။ ဂျပန်ဆရာမ လည်း ခေါ် သင်ဖူးပါတယ်။ အစ်မ ကြိုးစားတယ်။ ဒီဇိုင်နာ အလုပ်က စိတ်ဖိစီးမှု များ ပါတယ်။ ဒါလေး ကို ထိန်းပြီးလုပ်စေ ချင် တယ်။ ရည်မှန်းချက်ပန်းတိုင် မ ရောက်ခင် လက်လျှော့တာက သူတို့ရဲ့ စိတ်ကူး နဲ့ပဲ ဆိုင်တယ်။ ကိုယ့်ဖြစ်ချင်တဲ့ ရည်မှန်းချက် မဖြစ်တော့ဘူးပေါ့။ တစ်ခုပေါ့ လုပ်ငန်းခွင်ထဲမှာ စေတနာထားပြီး လုပ်စေချင်ပါတယ်” လို့ ပြောပါ တယ်။

ဒီဇိုင်နာ ဌေးဌေးတင်က ရှေ့ ဆက်ပြီး မြန်မာပြည်နဲ့ သင့်တော်တဲ့ မြန်မာဝတ်စုံ၊ Elegant  ဖြစ်တဲ့ အနောက်တိုင်းဝတ်စုံများကို ထပ်မံ ဖန်တီးသွားမယ်လို့ သိရပါ တယ်။

မြတ်မိုးပွင့်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071