Monday, August 3, 2026

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံဟု...

နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုထောက်ခံပြီး သ ဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း က ယနေ့ သြဂုတ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီး ချုပ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း၌ တ ရားဝင်ခရီးစဉ်(Official Visit)သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်အတွင်း၌...

လေးမျက်နှာမြို့နယ်ရေဘေးအတွက် လှူဒါန်းလိုသူများဆက်သွယ်နိုင်မည့်လူပုဂ္ဂိုလ်နှင့် ဖုန်းနံပတ်များကို တိုင်းအစိုးရအဖွဲ့အသိပေး

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင်ဖြစ်ပွားလျက်ရှိသော ရေဘေးဖြစ်စဥ်နှင့်ပတ်သက်၍ ရေဘေးသင့်သူများကိုကူညီရန်အကြောင်းပြကာ လမ်းမများပေါ်၌ မသမာသောနည်းလမ်းများဖြင့် ငွေကြေးလိုက်လံအလှူ ခံနေမှုများအားတွေ့ရှိနေရသည်ဟု ဧရာဝတီတိုင်းအစိုး ရအဖွဲ့က အသိပေးထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ရေဘေးသင့်သူများအတွက် အလှူငွေနှင့်...

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားအမှတ် (၂/၆)...

လေးမျက်နှာ၊ သြဂုတ်-၃ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း ငဝန်ရေကာတာကျိုးပေါက်မှု၏ အကျိုးဆက်ကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်း ကားလမ်းမပေါ်ရှိ တံတားအမှတ် (၂/၆) သည် ရေတိုက်စားမှုဖြစ်ပေါ်ကာ ရေစီးနောက် မျောပါပျက်စီးသွားကြောင်း...
HomeNewsLocal Newsရင်းနှီးမြှပ်နှံမှုလုပ်ဆောင်သည့် နိုင်ငံခြားသား ၉၀၀၀ကျော်...

ရင်းနှီးမြှပ်နှံမှုလုပ်ဆောင်သည့် နိုင်ငံခြားသား ၉၀၀၀ကျော် မြန်မာနိုင်ငံသို့ပြန်ဝင်လာဟု နစကပြန်ကြားရေးထုတ်ပြန်

ရင်းနှီးမြှပ်နှံမှုလုပ်ဆောင်သည့် နိုင်ငံခြားသား ၉၀၀၀ကျော် မြန်မာနိုင်ငံသို့ပြန်ဝင်လာဟု နစကပြန်ကြားရေးထုတ်ပြန်

မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထဲမှ အချို့ဟာ လုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းပြီး သက်ဆိုင်ရာနိုင်ငံအသီးသီးကို ခေတ္တပြန်လည်ထွက်ခွာသွားခဲ့မှုတွေ ရှိခဲ့တာမှာ အခုနောက်ပိုင်း ပြန်ဝင်လာသူအချို့ ရှိနေပြီလို့ နစကပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ နိုင်ငံပေါင်း ၅၀ မှ နိုင်ငံခြားသား ၉၀၁၀ တို့ဟာ ကယ်ဆယ်ရေးလေယာဉ်၊ စင်းလုံးငှားလေယာဉ်တို့နဲ့ ဝင်ရောက်လာခဲ့ပြီး ၎င်းတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ကို ပြန်လည်ဆောင်ရွက်နေပြီလို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဆိုပါတယ်။

ပြန်လည်ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေ အဆင်ပြေချောမွေ့စွာ ပြန်လည်ဝင်ရောက်နိုင်ဖို့ နစက ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနတို့နဲ့ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံမှာ ဖေဖော်ဝါရီ ၁ရက်နေ့နောက်ပိုင်း အထင်ကရ ပြည်ပရင်းနှီးမြှပ်နှံမှု လုပ်ငန်းကြီးတွေ ထွက်ခွာသွားခဲ့တာရှိပါတယ်။မကြာသေးခင်ကပဲ ပြင်သစ်က ရေနံကုမ္ပဏီအပါအဝင် နာမည်ကြီးဟိုတယ်အချို့ကပါ ထွက်ခွာသွားတာရှိနေပါတယ်။အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ အိုင်အယ်လ်အိုက ဇန်နဝါရီ ၂၈ရက်က ခန့်မှန်းချက်တစ်ရပ်ထုတ်ပြန်တာမှာ ၂၀၂၁ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင် ဆုံးရှုံးမှု ၁.၆သန်း ရှိတယ်လို့ ပြောဆိုထားတာရှိပါတယ်။ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ ခရီးသွားနဲ့ ဧည့်ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ၂၀၂၁ ခုနှစ်မှာ အပြင်းထန်ဆုံးရိုက်ခတ်ခံရတဲ့ လုပ်ငန်းတွေထဲ ပါနေတယ်လို့လည်းအပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ အိုင်အယ်လ်အိုက ခန့်မှန်းချက်ထဲ ဖော်ပြထားတာတွေ့ရပါတယ်။

နစကဥက္ကဌကတော့ သူ့ရဲ့ တစ်နှစ်တာမိန့်ခွန်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ နိုဝင်ဘာလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် ကဏ္ဍ(၁၂)ခုမှ လုပ်ငန်း ၂၇ ခုအတွက် ခွင့်ပြုခဲ့တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၃,၅၅၂.၃၉၆ သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုကဏ္ဍ အလိုက် ခွင့်ပြုပြီးလုပ်ငန်းများအနေနဲ့ ကဏ္ဍ‌ပေါင်း (၁၂)ခုမှ လုပ်ငန်းပေါင်း ၃၇ ခုအတွက်ကို ကျပ်သန်းပေါင်း ၃၃၂,၉၆၆.၃၈၀ သန်း ခွင့်ပြုပြီးဖြစ်တယ်လို့ ပြောဆိုပါတယ်။

Zaw Gyi

ရင္းႏွီးျမႇပ္ႏွံမႈလုပ္ေဆာင္သည့္ ႏိုင္ငံျခားသား ၉၀၀၀ေက်ာ္ ျမန္မာႏိုင္ငံသို႔ျပန္ဝင္လာဟု နစကျပန္ၾကားေရးထုတ္ျပန္

ျမန္မာႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံသူမ်ားထဲမွ အခ်ိဳ႕ဟာ လုပ္ငန္းေတြ ေခတၱရပ္ဆိုင္းၿပီး သက္ဆိုင္ရာႏိုင္ငံအသီးသီးကို ေခတၱျပန္လည္ထြက္ခြာသြားခဲ့မႈေတြ ရွိခဲ့တာမွာ အခုေနာက္ပိုင္း ျပန္ဝင္လာသူအခ်ိဳ႕ ရွိေနၿပီလို႔ နစကျပန္ၾကားေရးဌာနက ေဖေဖာ္ဝါရီ ၃ရက္မွာ သတင္းထုတ္ျပန္ပါတယ္။

၂၀၂၁ ခုႏွစ္ ေမလကေန ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလအထိ ႏိုင္ငံေပါင္း ၅၀ မွ ႏိုင္ငံျခားသား ၉၀၁၀ တို႔ဟာ ကယ္ဆယ္ေရးေလယာဥ္၊ စင္းလုံးငွားေလယာဥ္တို႔နဲ႔ ဝင္ေရာက္လာခဲ့ၿပီး ၎တို႔ရဲ႕ စီးပြားေရးလုပ္ငန္းေတြ ကို ျပန္လည္ေဆာင္႐ြက္ေနၿပီလို႔ ထုတ္ျပန္ခ်က္မွာ ထည့္သြင္းဆိုပါတယ္။

ျပန္လည္ဝင္ေရာက္လာတဲ့ ႏိုင္ငံျခားသားေတြ အဆင္ေျပေခ်ာေမြ႕စြာ ျပန္လည္ဝင္ေရာက္ႏိုင္ဖို႔ နစက ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရး ဝန္ႀကီးဌာနက ႏိုင္ငံျခားေရးဝန္ႀကီးဌာနနဲ႔ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔ အင္အားဝန္ႀကီးဌာနတို႔နဲ႔ ေပါင္းစပ္ညႇိႏႈိင္း ပူးေပါင္းေဆာင္႐ြက္ေပးတာေတြလုပ္ေနတယ္လို႔ ဆိုပါတယ္။

ႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၁ရက္ေန႔ေနာက္ပိုင္း အထင္ကရ ျပည္ပရင္းႏွီးျမႇပ္ႏွံမႈ လုပ္ငန္းႀကီးေတြ ထြက္ခြာသြားခဲ့တာရွိပါတယ္။မၾကာေသးခင္ကပဲ ျပင္သစ္က ေရနံကုမၸဏီအပါအဝင္ နာမည္ႀကီးဟိုတယ္အခ်ိဳ႕ကပါ ထြက္ခြာသြားတာရွိေနပါတယ္။အျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ အိုင္အယ္လ္အိုက ဇန္နဝါရီ ၂၈ရက္က ခန႔္မွန္းခ်က္တစ္ရပ္ထုတ္ျပန္တာမွာ ၂၀၂၁ခုႏွစ္အတြင္း ျမန္မာႏိုင္ငံမွာ အလုပ္အကိုင္ ဆုံးရႈံးမႈ ၁.၆သန္း ရွိတယ္လို႔ ေျပာဆိုထားတာရွိပါတယ္။ ေဆာက္လုပ္ေရး၊ အထည္ခ်ဳပ္၊ ခရီးသြားနဲ႔ ဧည့္ဝန္ေဆာင္မႈလုပ္ငန္းေတြဟာ ၂၀၂၁ ခုႏွစ္မွာ အျပင္းထန္ဆုံး႐ိုက္ခတ္ခံရတဲ့ လုပ္ငန္းေတြထဲ ပါေနတယ္လို႔လည္းအျပည္ျပည္ဆိုင္ရာ အလုပ္သမားေရးရာအဖြဲ႕ အိုင္အယ္လ္အိုက ခန႔္မွန္းခ်က္ထဲ ေဖာ္ျပထားတာေတြ႕ရပါတယ္။

နစကဥကၠဌကေတာ့ သူ႔ရဲ႕ တစ္ႏွစ္တာမိန႔္ခြန္းမွာ ၂၀၂၁ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁ ရက္ကေန ႏိုဝင္ဘာလအထိ ျမန္မာႏိုင္ငံ ရင္းႏွီးျမႇဳပ္ႏွံမႈဥပေဒအရ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈက႑အလိုက္ က႑(၁၂)ခုမွ လုပ္ငန္း ၂၇ ခုအတြက္ ခြင့္ျပဳခဲ့တဲ့ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ သန္း ၃,၅၅၂.၃၉၆ သန္း၊ ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈက႑ အလိုက္ ခြင့္ျပဳၿပီးလုပ္ငန္းမ်ားအေနနဲ႔ က႑‌ေပါင္း (၁၂)ခုမွ လုပ္ငန္းေပါင္း ၃၇ ခုအတြက္ကို က်ပ္သန္းေပါင္း ၃၃၂,၉၆၆.၃၈၀ သန္း ခြင့္ျပဳၿပီးျဖစ္တယ္လို႔ ေျပာဆိုပါတယ္။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071