Friday, June 12, 2026

ကလေးငယ်များကို လုပ်ငန်းခွင်တွင် ဆောလျင်စွာအသုံးပြုပါက နိုင်ငံတော်၏...

ကလေးငယ်များကို လုပ်ငန်းခွင်တွင်ဆောလျင်စွာအသုံးပြုပါက နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သည်ဟု ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနာယက၊ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုက ယနေ့ ဇွန် ၁၂ ရက်တွင်ကျင်းပသည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊...

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လေ-ာင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများအနက်...

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျ-က်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျ...

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကေတုမတီတောင်ငူခေတ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ပြန်လည်ဖော်ထုတ် ပြုပြင်ထိန်းသိမ်းခြင်းများ တစ်ပါတည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့...

“ပထမအကြိမ်မြောက် ငှက်ကြည့်ခြင်းသင်တန်း” ကို ဇွန်လ...

သစ်တောသယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း (FREDA) မှ ကြီးမှူး၍ ငှက်ဝါသနာရှင်များနှင့် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများအတွက် ရည်ရွယ်ကာ "ပထမအကြိမ်မြောက် ငှက်ကြည့်ခြင်းသင်တန်း (Bird...
HomeNewsLocal Newsရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို ရန်ကုန်ကလေးဆေးရုံကြီး၌ခွဲစိတ်

ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို ရန်ကုန်ကလေးဆေးရုံကြီး၌ခွဲစိတ်

ရန်ကုန်ကလေးဆေးရုံကြီး ပင်မဆောင်ပထမထပ်ရှိ ခွဲစိတ်ခန်းမကြီးတွင် ဇွန် ၁၁ ရက်နံနက် ၇ နာရီ ၁၅ မိနစ်မှစတင်၍ ရင်ချင်းဆက်အမွှာကလေးနှစ်ဦးကို သီးခြားစီခွဲထုတ်နိုင်ရေးအတွက် ခွဲစိတ်ကုသမှုပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်ကလေးဆေးရုံအုပ်ကြီး ဒေါက်တာအောင်ထွန်းဦးက အနီးကပ်ကြီးကြပ်၍ ခွဲစိတ်ဆရာဝန်ကြီးဒေါက် တာဒေါ်ညိုညိုဝင်းဦးဆောင်သော ဆေးဘက်ဆိုင်ရာအဖွဲ့ကခွဲစိတ်ကုသခြင်းဖြစ်ကာ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်နှင့် တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ရင်ချင်းဆက်အမွှာကလေးငယ်များဖြစ်သည့် မကြာညိုသင်း(အကြီး)နှင့် မကြာညိုသိမ့်(အငယ်) အ သက်(၂)နှစ်(၅)လတို့သည် ပခုက္ကူမြို့နယ်၊ အမှတ်(၁) ရပ်ကွက်နေ ဦးထွန်းလင်းအောင်နှင့် ဒေါ်ယဉ်နုခိုင်တို့၏ သမီးနှစ်ဦးဖြစ်ကာ ရန်ကုန်ကလေးဆေးရုံကြီး၌ ဇန်နဝါရီ ၆ ရက်မှစတင်ကာ တက်ရောက်ကုသမှုခံယူနေကြခြင်းဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလေးငယ်များကို လုပ်ငန်းခွင်တွင် ဆောလျင်စွာအသုံးပြုပါက နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဆုံး ရှုံးမှုများဖြစ်ပေါ်နိုင်ဟု မကွေးတိုင်းဝန်ကြီးချုပ်ပြော

ကလေးငယ်များကို လုပ်ငန်းခွင်တွင်ဆောလျင်စွာအသုံးပြုပါက နိုင်ငံတော်၏လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုများဖြစ်ပေါ်နိုင်သည်ဟု ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းကော်မတီနာယက၊ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုက ယနေ့ ဇွန် ၁၂ ရက်တွင်ကျင်းပသည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တို-က်ဖျ-က်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ၌ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဘဝမြင့်မားမှု၊ ပညာရေးဖွံ့ဖြိုးတိုးတက်မှုများသည် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ကလေးများအပေါ်များစွာမူတည်နေပြီး ကလေးငယ်များအား လုပ်ငန်းခွင်တွင်ဆောလျင်စွာအသုံးပြုပါက ၎င်းတို့၏ ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာလေ့လာဆည်းပူးခွင့်အခွင့်အရေးများဆုံးရှုံးနိုင်ပြီး အဖိုးတန်သောလူငယ်များဖြစ်စေရေးကို အတားအဆီးဖြစ်စေနိုင်သည်ဟု ပြောသည်။ ထိုသို့ အတားအဆီးဖြစ်စေနိုင်သည့်အပြင် နိုင်ငံတော် ၏ လူ့စွမ်းအားအရင်းအမြစ်များကိုဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်ကာ ကလေးငယ်များသည် နိုင်ငံတော်၏ အနာဂတ်ရင်သွေးငယ်များဖြစ်ပြီး ၎င်းတို့၏ဘဝအာမခံချက်နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကာကွယ်စောင့်ရှောက်ရန် အားလုံး၏တာဝန်ဖြစ်သည်ဟု ပြောသည်။ ထို့ကြောင့် ကလေးအလုပ်သမားပပျေ-ာက်ရေးအတွက်သက်ဆိုင်ရာဌာနများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း တိုင်းဝန်ကြီးချုပ်ကတိုက်တွန်းပြောကြားခဲ့သည်။

ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လေ-ာင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အအုံများအနက် ဖြိုချဖျ-က်ဆီးရန် ၂၁ လုံးသာ ကျန်ရှိ

အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအား အပြီးတိုင်ဖြိုချဖျ-က်ဆီးခြင်းများနှင့် လုပ်ငန်းလုပ်ဆောင်ရာတွင် အသုံးပြုခဲ့သည့်ပစ္စည်းများအား စနစ်တကျ ဖျ-က်ဆီးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။ ဇွန် ၁၁ ရက်က ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၃ ထပ်လူနေ အဆောက်အအုံ ၄ လုံးကို ထပ်မံ၍ စနစ်တကျ ဖြိုချဖျ-က်ဆီးခဲ့ကြောင်း သိရသည်။ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစားလုပ်ငန်းများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အဆောက်အအုံ ၇၇ လုံးအနက် ယာဉ်ယန္တရားများဖြင့် ဖြိုချဖျ-က်ဆီးမည့် အဆောက်အအုံ...

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံအဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိ

တောင်ငူဒေသအား အထူးဖွံ့ဖြိုးရေးဇုန်အဖြစ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ကေတုမတီတောင်ငူခေတ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များကိုလည်း ပြန်လည်ဖော်ထုတ် ပြုပြင်ထိန်းသိမ်းခြင်းများ တစ်ပါတည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် တောင်ငူမြို့အတွင်း ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရေး၊ မြို့ကိုပတ်လည်ဝန်းရံထားသည့် ရှေးဟောင်းကျုံးအတွင်း ရေများ ကြည်လင်သန့်ရှင်းစွာ စီးဆင်းစေရေးနှင့် ကြာပန်းပေါင်းစုံဖြင့် လှပတင့်တယ်စေရေးတို့အတွက် ကျုံးအတွင်း ပိတ်ဆို့နေသည့် သဲသောင်များ၊ အမှိုက်များနှင့် ခြုံနွယ်များကို ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မူလမြို့တွင်းရှိ ရေတွင်း၊ ရေမြောင်းများကိုလည်း ပြန်လည်တူးဖော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ တောင်ငူမြို့သည် ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071