Thursday, July 16, 2026

သန်လျင်မြို့နယ်ဒေသခံများကို ဇူလိုင်လအတွက် ဒုတိယအကြိမ်မြောက်အဖြစ် စားသုံးဆီများလက်ဝယ်အရောက်ရောင်းချပေး

သန်လျင်မြို့နယ်ဒေသခံများကို Wilmar Myanmar Edible Oils Co.,Ltd နှင့် Resources Group Trading Co.,Ltd တို့မှ စားသုံးဆီရရှိသော...

ရန်ကုန် – မှော်ဘီ ရထားလမ်းပိုင်း...

ရန်ကုန် - ပြည် ရထားလမ်းပိုင်းအတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေးနှင့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများအား ကွင်းဆင်းကြပ်မတ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊...

တနင်္သာရီ သဘာဝကြိုးဝိုင်း သုတေသနအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး...

တနင်္သာရီ သဘာဝကြိုးဝိုင်း ရေမြေရှုခင်းအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တစ်ခုကို နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ...

ထိုင်း၌ လာဘ်ထိုးပြီး အရာရှိ ဖြစ်လာသူ...

အစိုးရအရာရှိဝန်ထမ်းစားမေးပွဲ လိမ်လည်မှုအရှုပ်တော်ပုံတွင် အဓိကသံသယရှိသူအားလုံးကို ဖမ်းဆီးထားပြီး ၎င်းတို့နှင့် ပူးပေါင်းကြံစည်သော အရာရှိများကို တရားစွဲဆိုမည်ဖြစ်ကာ စာမေးပွဲလိမ်လည်မှုတွင် ပါဝင်သူများကို အလုပ်ထုတ်မည်ဖြစ်ကြောင်း ထိုင်းအစိုးရ အကြီးတန်းအရာရှိများက...
HomeNewsLocal Newsရက် ၁၀၀ စီမံချက်အတွင်း...

ရက် ၁၀၀ စီမံချက်အတွင်း ဓာတ်အားခိုးယူသုံးစွဲမှု ၃၄၀ ဖော်ထုတ်၊

ယူနစ် ၇ သန်းကျော် အလွဲသုံးစားပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ

နေပြည်တော်၊ ဇူလိုင်-၁၅

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်သူများထံသို့ လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ မသမာသောနည်းလမ်းဖြင့် လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများ ပပျောက်စေရန် အဖွဲ့များခွဲ၍ အထူးအလေးထား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးဆောင်ရွက်ခဲ့ရာ ရက် ၁၀၀ စီမံချက်ကာလအတွင်း စုစုပေါင်း တရားမဝင် ဓာတ်အားခိုးယူသုံးစွဲမှု အမှုပေါင်း ၃၄၀ ကို စိစစ်တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းအမှုများတွင် စုစုပေါင်း လျှပ်စစ်ယူနစ် ၇ ဒသမ ၇ သန်းကျော်ကို အလွဲသုံးစားပြုလုပ်ခဲ့ကြသဖြင့် နိုင်ငံတော်မှ နစ်နာဆုံးရှုံးခဲ့ရသည့်အတွက် လျော်ကြေးနှင့် ဒ-ဏ်ကြေးငွေ စုစုပေါင်း ကျပ် ၆၇၄၅ သန်းကျော်ကို ပြန်လည်ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မသမာမှုဖြစ်စဉ်များကို ကျူးလွန်ခဲ့ကြသည့် မီတာပိုင်ရှင်များနှင့် လုပ်ငန်းရှင်များကို လျှပ်စစ်ဥပဒေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပြီး၊ ပါဝင်ပတ်သက်မှုရှိသည့် တာဝန်ရှိဝန်ထမ်းများကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် Control Center များမှတစ်ဆင့် စောင့်ကြည့်စစ်ဆေး၍ သံသယဖြစ်ဖွယ်တွေ့ရှိရသည်နှင့် မြေပြင်သို့ အမြန်ဆုံးသွားရောက်စစ်ဆေးခြင်း၊ ပြည်သူများ၏ တိကျသော သတင်းပေးတိုင်ကြားချက်များအပေါ် ထိရောက်စွာ စစ်ဆေးအရေးယူခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။

လျှပ်စစ်ဓာတ်အား လေလွင့်ပျေ-ာက်ဆုံးမှုများ လျော့နည်းပပျေ-ာက်ပြီး ပြည်သူများထံ ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပေးနှိုးဆော်ထားကြောင်း သိရှိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သန်လျင်မြို့နယ်ဒေသခံများကို ဇူလိုင်လအတွက် ဒုတိယအကြိမ်မြောက်အဖြစ် စားသုံးဆီများလက်ဝယ်အရောက်ရောင်းချပေး

သန်လျင်မြို့နယ်ဒေသခံများကို Wilmar Myanmar Edible Oils Co.,Ltd နှင့် Resources Group Trading Co.,Ltd တို့မှ စားသုံးဆီရရှိသော လက်လီ/လက်ကားကိုယ်စားလှယ်များက ဇူလိုင်လအတွက် ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ ဇူလိုင် ၁၆ ရက်တွင် စားသုံးဆီများကိုလက်ဝယ်အရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ လက်ယက်စမ်းကျေးရွာ၊ ဘုရားကုန်းကျေးရွာ၊ ကျိုက်ဒေးဝ၊ ဝါးကျောင်းကျေးရွာအုပ်စု၊ ကျောင်းလမ်းအုပ်စု၊ မဂ္ဂင် (၁)လမ်းမှ(၁၀)လမ်းအထိ၊ ဆည်ဘောင်အုပ်စု၊ မာလကာစမ်းလမ်းတို့၌နေထိုင်သူများကို အိမ်ထောင်စုတစ်စုလျင် စားသုံးဆီ(၁)ပိဿာနှုန်းဖြင့် သက်သာသောစျေးနှုန်းနှင့်ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ကံဦးကျောင်းလမ်း၊ စျေးနောက်လမ်း(၁၊၂၊၃၊၄)၊ ဘုရားကြီးစျေးဝန်ထမ်းများ၊...

ရန်ကုန် – မှော်ဘီ ရထားလမ်းပိုင်း ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပိုင်းအဆင့်မြှင့်တင်မှုလုပ်ငန်းများ လုပ်နေ

ရန်ကုန် - ပြည် ရထားလမ်းပိုင်းအတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်ရေးနှင့် ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုလုပ်ငန်းများအား ကွင်းဆင်းကြပ်မတ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရန်ကုန်မှ မှော်ဘီဘူတာအထိ RBE ရထားဖြင့် လိုက်ပါစီးနင်းကာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် တိုင်းဒေသကြီးဝန်ကြီးနှင့်အတူ မြန်မာ့မီးရထား အထွေထွေမန်နေဂျာ (အောက်မြန်မာပြည်)၊ တိုင်းအရာရှိများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းအဆင့်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး ရထားလမ်းတစ်လျှောက် အန္တရာယ်ဖြစ်စေနိုင်သည့်...

တနင်္သာရီ သဘာဝကြိုးဝိုင်း သုတေသနအတွက် လူငယ်စွမ်းရည်မြှင့်တင်ရေး အစီအစဉ် စတင်လျှောက်ထားနိုင်ပြီ

တနင်္သာရီ သဘာဝကြိုးဝိုင်း ရေမြေရှုခင်းအတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူငယ်များနှင့် ရပ်ရွာစေတနာ့ဝန်ထမ်းများ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်တစ်ခုကို နိုင်ငံတကာနှင့် ပြည်တွင်းအဖွဲ့အစည်းများ ပူးပေါင်း၍ လျှောက်လွှာများ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း ယနေ့ တွင် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါအစီအစဉ်ကို (IUNC- International Union For Conservation of Nature ) နှင့်Friends of Wildlife (FOW) တို့ ပူးပေါင်း၍ တနင်္သာရီ သဘာဝကြိုးဝိုင်းရေမြေရှုခင်းအတွင်း သဘာဝဝန်းကျင် ပြန်လည်ထူထောင်ရေးနှင့် ရေရှည်တည်တံ့သော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071