Tuesday, August 4, 2026

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

နေပြည်တော်၊သြဂုတ်-၄ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၃/၆ အနီးတွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး...

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို...

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂)...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊...

အာဆီယံ-တရုတ် သဘောတူညီချက် အဆင့်မြှင့်တင်ရေး ဆွေးနွေး

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ယခုနှစ်ကုန်တွင် ပြဌာန်းရန် ရည်မှန်းထားသော အာဆီယံ-တရုတ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူညီချက်(ACFTA) အဆင့်မြှင့်တင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို အပြီးသတ်ရန် ရည်ရွယ်ထားကြောင်း ထိုင်း...
HomeInternationalယူကရိန်းသည် တစ်နေ့တွင် ရုရှား၏...

ယူကရိန်းသည် တစ်နေ့တွင် ရုရှား၏ အစိတ်အပိုင်းဖြစ်လာနိုင်ဟု ထရမ့်ပြောကြား

ယူကရိန်းသည် “တစ်နေ့မှာ ရုရှားဖြစ်လာနိုင်တယ်” လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး၊ အမေရိကန်အစိုးရက ယူကရိန်းမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးတွေကို ပြန်လည်ရယူမယ့် အစီအစဉ်တွေကိုလဲ အကြမ်းဖျဉ်းပြောကြားခဲ့ပါတယ်။

“သူတို့မှာ မြေရှားသတ္တု၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ စသည်ဖြင့် အဲဒါတွေထွက်တဲ့ အလွန်တန်ဖိုးကြီးတဲ့မြေတွေရှိတယ်။ငါတို့ဟာ ဒေါ်လာဘီလီယံပေါင်းများစွာ သုံးစွဲနေတာကြောင့် ငါတို့ရဲ့ပိုက်ဆံတွေကို လုံခြုံအောင် လုပ်ချင်တယ်။ သူတို့ဖက်က သဘောတူညီချက်တစ်ခုကို ချုပ်ဆိုရင်ပဲဖြစ်ဖြစ်၊ မချုပ်ဆိုရင်ပဲဖြစ်ဖြစ်၊ သူတို့ဟာ တစ်နေ့မှာ ရုရှားပိုက်နက်ဖြစ်လာရင်ပဲဖြစ်ဖြစ်၊ ရုရှားပိုင်နက်မဖြစ်လာရင်ပဲဖြစ်ဖြစ် ငါတို့ကတော့ ဒီငွေတွေအားလုံးကို ဆက်ပြီး ရင်းနှီးမြှုပ်နှံထားဦးမှာပဲ။ ပြီးတော့ ဒါကို ပြန်လိုချင်တယ်လို့ ငါပြောခဲ့တယ်။ ပြန်ပေးတဲ့အခါကျရင်တော့ ငါက သူတို့ဆီက ဒေါ်လာ ၅၀၀ ဘီလီယံတန်ဖိုးနဲ့ ညီမျှတဲ့ မြေရှားသတ္တုတွေလို တန်ဖိုးရှိတာကို ပြန်လိုချင်တယ်လို့ ငါပြောခဲ့တယ်။ သူတို့ကလဲ အဲဒါကို လုပ်ဖို့ အခြေခံအားဖြင့် သဘောတူခဲ့တယ်၊ ဒါကြောင့် အနည်းဆုံးတော့ ငါတို့ရူးကြောင်ကြောင်တွေ လုပ်နေတယ်လို့တော့ဖြင့် မခံစားရပေဘူး” လို့ Fox News နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ သမ္မတထရမ့်ပြောကြားခဲ့တာပါ။

“ဒီပိုက်ဆံကို အရင်ကလိုပုံစံမျိုးနဲ့ ပေးနေလို့မရဘူး” လို့ ယူကရိန်းကို သတိပေးခဲ့ကြောင်းကိုလဲ ထရမ့်ကထပ်လောင်းပြောကြားခဲ့ပါတယ်။

သူက ယူကရိန်းအရေးအခင်းက စတင်ခဲ့တဲ့အချိန်မှာ သူသာသမ္မတဖြစ်နေခဲ့ရင် ဒီပြဿနာ ဖြစ်လာမှာ မဟုတ်ဘူးလိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

“မဝေးတော့တဲ့ အနာဂတ်မှာ” ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ချုပ်ဆိုနိုင်မယ်လို မျှော်လင့်ကြောင်းကိုလည်း သူက အရင်ကတည်းက ပြောကြားခဲ့ဖူးပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လ ၁၄ ရက်နေ့မှာ ရုရှားသမ္မတ ပူတင်က ယူကရိန်းမှာ ငြိမ်းချမ်းရေးဖြစ်စေဖို အတွက် အခြေအနေတွေကို နိုင်ငံခြားရေးဝန်ကြီးဌာန ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အဲဒီလိုပြောကြားခဲ့ရာမှာ ယူကရိန်းတပ်တွေကို Donbass နဲ့ Novorossiya ကနေ ရုပ်သိမ်းဖို၊ ယူကရိန်း က NATO မှာ မပါဘူးဆိုတာ ကတိပြုဖို စတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် ရုရှားစကားပြောတဲ့ ယူကရိန်းနိုင်ငံသားတွေရဲ့ အခွင့်အရေး၊ လွတ်လပ်ခွင့်နဲ့ အကျိုးစီးပွားတွေကိုလည်း ယူကရိန်းမှာ အပြည့်အဝ ကာကွယ်ပေးဖို လိုအပ်‌ကြောင်း၊ ရုရှားအ‌ပေါ်အနောက်နိုင်ငံတွေရဲ့ ပိတ်ဆိုမှုတွေ အားလုံးကို ရုပ်သိမ်းဖိုနဲ့ ယူကရိန်းကို ဘက်မလိုက်တဲ့ နိုင်ငံအဖြစ် ကြေငြာဖိုလည်း လိုအပ်‌ကြောင်း သူက ယူဆပါတယ်။

ယူကရိန်းပြဿနာကို ဖြေရှင်းဖို ဆွေးနွေးပွဲတွေကို ရုရှားနဲ့ အမေရိကန်ကြားမှာ ပြုလုပ်သင့်ပြီး ယူကရိန်းက သာမန်ပါဝင်မှုသာ ရှိသင့်ကာ ဥရောပနိုင်ငံ‌တွေကတော့ မပါဝင်သင့်ဘူးဆိုတဲ့ အမြင်တွေကို အနောက်မီဒီယာတွေမှာ စတင်ဖော်ပြလာကြတာကို တွေ့ရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Alphard ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား၊လူထိခိုက်ဒဏ်ရာရရှိမှုမရှိ

နေပြည်တော်၊သြဂုတ်-၄ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၁၄၃/၆ အနီးတွင် ယနေ့ (ဩဂုတ် ၄ ရက်) နံနက်ပိုင်းက မော်တော်ယာဉ်တစ်စီး အင်ဂျင်ခန်းမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ယာဉ်တစ်စီးလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသည့် Toyota Alphard အဖြူရောင်ယာဉ်သည် မိုင်တိုင် ၁၄၃/၆ အနီးအရောက်၌ ယာဉ်၏ အချက်ပြမီး လင်းလာသဖြင့် လမ်းဘေးရပ်တန့်ကာ ရှေ့စက်ဖုံး ဖွင့်ကြည့်စဉ် အင်ဂျင်ခန်းအတွင်းမှ...

ပြောင်းလဲလာသော လူနေမှုဘဝပုံစံများက မြန်မာနိုင်ငံမှ လူငယ်များအတွက်ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်လာစေ

အများအားဖြင့် ဆီးချိုရောဂါဆိုတာကို သက်ကြီးပိုင်းအရွယ်တွေမှာပဲ ဖြစ်တတ်တဲ့ ကျန်းမာရေးအခြေအနေတစ်ခုအဖြစ် ထင်လေ့ရှိကြပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပြောင်းလဲလာတဲ့ လူနေမှုဘဝပုံစံတွေကြောင့် လူငယ်တွေမှာလည်း အမျိုးအစား (၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေဟာ ပိုပြီး မြင့်တက်လာပါတယ်။ ဒီကနေ့ခေတ်လို အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ လူနေမှုပုံစံတွေက ကြိုးစားမှုနဲ့ အခွင့်အလမ်းကောင်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တစ်ဖက်မှာတော့ ကျန်းမာရေးအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။ ကြာရှည်တဲ့ အလုပ်ချိန်တွေ၊ တစ်ခုပြီး တစ်ခုဆက်နေတဲ့ အလုပ်အစည်းအဝေးတွေကြား အလျင်စလိုနဲ့ ကြုံသလို စားလိုက်ရတာတွေ၊ ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ အချိန်မရှိတာတွေနဲ့ အာဟာရပြည့်စုံအောင်...

ဧရာဝတီတိုင်းမှ ရေဘေးသင့်ဒေသများအတွက် တိုင်းအစိုးရအဖွဲ့၏ မြွေအန္တရာယ်သတိပေးနှိုးဆော်လွှာ 

ဧရာဝတီတိုင်း၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိရာ ရေဘေးသင့်ဒေသများ ၌ မြွေအန္တရာယ်သတိပြုလိုက်နာဆောင်ရွက်ရမည့် သတိပေးစာလွှာကို တိုင်းအစိုးရအဖွဲ့က အရေးပေါ်အသိပေးစာအဖြစ်ထုတ်ပြန်ခဲ့သည်။ ရေကြီးရေလျှံမှုများကြောင့် မြွေများကျက်စားရာနေရာများရေနစ်မြုပ်ကာ သစ်ပင်များ၊ အမိုးအကာများ၊ အ ထက်စီးနေရာများနှင့် လူနေအိမ်များအတွင်းသို့ မြွေများပုန်းအောင်းဝင်ရောက်လာနိုင်၍ ရေဘေးသင့်သူများနှင့် ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အမှောင်ထဲတွင်သွားလာခြင်းမှရှောင်ကြဉ်ကြရန်၊ မဖြစ်မနေသွားလာရပါက မီးအိမ်၊ လက်နှိပ်ဓာတ်မီးသေချာစွာ အသုံးပြုရန် အသိပေးခဲ့သည်။ ရေပေါ်မျောနေသော သစ်ကိုင်း၊ သစ်တုံးများနှင့် အိမ်အတွင်းရှိ အဝတ်အထည်၊ စောင်၊ မွေ့ယာများကို ကိုင်တွယ်ရာတွင်သေချာစွာမီးထွန်းကြည့်ရှုရန်၊ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် ရေထဲ၌ကူးခတ်ရှာဖွေစဉ်နှင့် အပျက်အစီးများဖယ်ရှားစဉ်တို့တွင် ခြေစွပ်၊ လက်စွပ်(သို့)ဘုဖိနပ် (Rubber Boots)များဝတ်ဆင်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071