Thursday, June 25, 2026

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃...

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ...

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက်...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း...

အားကစားသမားပေါင်း (၂၂၆) ဦး ပါဝင်ယှဉ်ပြိုင်သည့်...

​၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံ ပစ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပန်ကြပ်ဆီလတ်၊ ဗိုဗီနမ် နှင့် မြန်မာ့သိုင်းပြိုင်ပွဲများကို ဇွန်လ (၂၁) ရက်မှ (၂၃)...
HomeNewsLocal Newsယူကရိန်းနှင့်စစ်ဖြစ်ချိန်မှစ၍ ရုရှားသမ္မတ၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်

ယူကရိန်းနှင့်စစ်ဖြစ်ချိန်မှစ၍ ရုရှားသမ္မတ၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်

ယူကရိန်းနှင့်စစ်ဖြစ်ချိန်မှစ၍ ရုရှားသမ္မတ၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်

လန်ဒန်၊ဇွန် ၂၆
ရုရှားနိုင်ငံ၏သမ္မတ ဗလာဒီမာပူတင်သည် အာရှအလယ်ပိုင်းရှိယခင် ဆိုဗီယက်နိုင်ငံငယ်နှစ်ခုသို့ ယခုအပတ်အတွင်း သွားရောက်မည်ဖြစ်ကြောင်း ရုရှားရုပ်သံမီဒီယာများက တနင်္ဂနွေနေ့တွင်ကြေငြာခဲ့သည်။ယခုခရီးစဉ်သည် ရုရှား – ယူကရိန်းစစ်စတင်ချိန်မှစ၍ ပထမဆုံးတရားဝင်ကြေငြာကာသွားရောက်သောခရီးစဉ်ဖြစ်သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် တာဂျစ်ကစ္စတန်နှင့် တာခ့်မင်နစ္စတန်နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကာ ထိုမှတစ်ဆင့် အင်ဒိုသမ္မတနှင့်မော်စကိုတွင်တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်ဟုသတင်း​များကဆိုသည်။

ရုရှား၏မဟာမိတ်တစ်ဦးဖြစ်ပြီး ယခင်ဆိုဗီယက်နိုင်ငံတစ်ခု၏ သက်တမ်းအရှည်ဆုံးအုပ်ချုပ်သူဖြစ်သည့် တာဂျစ်သမ္မတမစ္စတာ Imomali Rakhmon နှင့်တာဂျစ်ကစ္စတန်၏မြို့တော် ဒူရှန်ဘဲတွင် သမ္မတပူတင်က သွား​ရောက် တွေ့ဆုံမည်ဖြစ်သည်။

ပြီးနောက် တာ့ခ်မင်နစ္စတန်၏မြို့တော် အက်ရှ်ကာဘတ်တွင် သမ္မတပူတင်သည် ကက်စပီယန်တိုင်းပြည်များ၏ ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်မည်ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲတွင် ကက်စပီယန် ပင်လမ်းကမ်းရိုးတန်းတ​လျောက် နယ်နမိတ် ပိုင်ဆိုင်ကြသည့် တိုင်းပြည်များဖြစ်သည့် အဇာဘိုင်ဂျန်၊ကာဇက်စတန်၊ရုရှ၊အီရန်နှင့် တာ့ခ်မင်နစ္စတန်နိုင်ငံများမှ ခေါင်းဆောင်များပါဝင်မည်ဖြစ်သည်။

ထို့ပြင်သမ္မတပူတင်သည်ဇွန်လ ၃၀ ရက်နှင့် ဇူလိုင် ၁ ရက်တို့တွင် ဘီလာရုဇ်နိုင်ငံ Grodno မြို့သို့လည်းသွားရောက်ရန် စီစဉ်ထားပြီး ဘီလာရုဇ်သမ္မတ Alexander Lukashenko နှင့်ဖိုရမ် တစ်ခုတွင် ပါဝင်ဆွေးနွေးမည်ဖြစ်ကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌ Valentina Matviyenko ၏ဘီလာရုဇ်ရုပ်မြင်သံကြားတွင်ပြောကြားချက်ကိုကိုးကား၍ RIA သတင်းဌာနမှဖော်ပြခဲ့သည်။

ပူတင်၏နောက်ဆုံးသွားရောက်ခဲ့သောခရီးသည် ဖေဖော်ဝါရီလအစောပိုင်းက ပေကျင်းသို့ခရီးစဉ်ဖြစ်ပြီး ၎င်းနှင့်တရုတ်သမ္မတရှီကျင့်ဖျင်တို့သည် ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့မတက်ရောက်မီနာရီပိုင်းအလိုတွင် “အကန့်သတ်မဲ့ “နှစ်နိုင်ငံချစ်ကြည်ရေးစာချုပ်ကို ထုတ်ဖော်ပြသခဲ့သည်။

ရုရှားကပြီးခဲ့သည် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ယူကရိန်းသို့၎င်း၏တပ်ဖွဲ့များကိုစေလွှတ်ခဲ့သည်။ထိုသို့စေလွှတ်ရသည့်ရည်ရွယ်ချက်မှာ အိမ်နီးချင်းနိုင်ငံ၏စစ်ရေးစွမ်းရည်ကိုအဆင့်နိမ့်ထားရန်၊ထိုနိုင်ငံကို အနောက်နိုင်ငံများက အသုံးချ၍ ရုရှားကို ခြိမ်း​ခြောက် ခြင်းမှကာကွယ်ရန်၊အမျိုးသားရေးဝါဒီများကိုဖယ်ထုတ်ပြီး အရှေ့ပိုင်းဒေသများရှိ ရုရှားစကားပြောသူများကိုကာကွယ်ရန်တို့ဖြစ်သည်။သို့‌သော်ယူကရိန်းကမူ ရုရှား၏စစ်ထိုးမှုကို နယ်ချဲ့ပုံစံမြေသိမ်းမှုဟုခေါ်ဆိုခဲ့သည်။

ယူကရိန်းစစ်ကြောင့်ပင် အနောက်အုပ်စုမှ ရုရှအား ပြင်းထန်သောငွေကြေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည်။ဤအကြောင်းများကြောင့်ပင် ရုရှားသည် တရုတ်၊အိန္ဒိယနှင့် အီရန်တို့ကဲ့သို့ အင်အားကြီးနိုင်ငံများနှင့် ခိုင်မာသောကုန်သွယ်‌ရေးနှင့် ဆက်ဆံရေး တည်ဆောက်ခဲ့ရသည်ဟု ပူတင်ကပြောကြားခဲ့သည်။

Source – Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗဟိုဘဏ်က စားသုံးဆီတင်သွင်းသူများသို့ ဒေါ်လာ ၃ သန်းနီးပါးရောင်းချပေး

ဗဟိုဘဏ်မှ CMP လုပ်ငန်းများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၂,၅၉၅,၉၃၇.၅၀ ကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် ယနေ့ကျင်းပသည့် FX Trading အစီအစဉ်တွင် ကဏ္ဍအသီးသီးမှ နိုင်ငံခြားငွေ ဝယ်ယူရရှိခဲ့ကြရာ ကားနှင့် ဆိုင်ကယ်အပိုပစ္စည်းကဏ္ဍက ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့သည်။ အဆိုပါ FX Trading တွင် စက်သုံးဆီကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းကဏ္ဍမှ ၁၅ ရာခိုင်နှုန်း၊ စက်မှုကုန်ကြမ်းကဏ္ဍမှ ၁၁ ရာခိုင်နှုန်း၊ စားသုံးဆီကဏ္ဍမှ ၁၀ ရာခိုင်နှုန်းနှင့်...

တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ ရေးတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ဇွန် ၂၈ ရက်တွင်ထုတ်ပြန်မည်

၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် ၂ဝ၂၆ ခုနှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို လာမည့် ဇွန် ၂၈ ရက်နံနက် ၆ နာရီတွင်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရသည်။ အောင်စာရင်းများကို မြို့နယ်အသီးသီးရှိ သက်ဆိုင်ရာ စာစစ်ဌာနကျောင်းများတွင် တစ်ချိန်တည်းကပ်ထားမည်ဖြစ်ကာ www.myanmarexam.org နှင့် result.dme.gov.mm တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။ ထို့ပြင် ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့် အင်တာနက်မကောင်းသည့် စာစစ်ဌာနများ၏ အောင်စာ ရင်းများကို မြန်မာ့အသံရေဒီယိုအစီအစဉ်မှ အောင်စာ ရင်းထွက်သည့်နေ့တွင်ကြေညာပေးမည်ဖြစ်ကာ အောင်စာရင်းနှင့်ပတ်သက်၍မရှင်းလင်းပါက မြန်မာ...

ပျဥ်းမနား-တောင်ညိုလမ်းတွင် မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ရေကျော်ပြီးလမ်းပိတ်နေ 

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် ယနေ့ ဇွန် ၂၄ ရက်နေ့လည် ၃ နာရီကျော်ခန့်မှစတင်ကာ ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေ ကျော်၍လမ်းပိတ်နေကြောင်း သိရသည်။ ဉတ္တရသီရိမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ညိုကျေးရွာအုပ်စု၊ မင်းနောင်ကျေးရွာအနီး ပုံးတတ်ရိုးမှရေလျှံပြီး ပျဉ်မနား-တောင်ညိုလမ်းပေါ်သို့ရေကျော်၍လမ်းပိတ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဉတ္တရသီရိမြို့နယ်မီးသတ်စခန်း၊ တောင်ညိုနယ်မြေမီးသတ်စခန်း၊ ပန်းတင်အမြန်လမ်းနယ်မြေမီး သတ်စခန်းတို့မှတပ်ဖွဲ့ဝင်များဖြင့် ခရီးသွားများသွား လာရလွယ်ကူစေရန် ကူညီပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071