ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တွင် ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံရေးအခြေအနေအရ ဘေးကင်းရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရေးအတွက် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး (မော်စကိုမြို့) က ယနေ့ (မေလ ၈ ရက်) တွင် အရေးပေါ် အသိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။
အရေးပေါ်သတိပေးရခြင်း အကြောင်းရင်း
မေလ (၉) ရက်နေ့တွင် ကျရောက်မည့် ရုရှားနိုင်ငံ၏ Victory Day (စစ်နိုင်ခြင်းအထိမ်းအမှတ်နေ့) အခမ်းအနားကာလအတွင်း ယူကရိန်းနိုင်ငံဘက်မှ ရုရှားနိုင်ငံအား တိုက်ခိုက်ရန် ခြိမ်းခြောက်မှုများ ရှိနေကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ ခြိမ်းခြောက်မှုများအပေါ် ရုရှားဘက်မှလည်း ပြင်းထန်စွာ တန်ပြန်ဆောင်ရွက်သွားမည်ဟု သိရှိရသဖြင့် နှစ်ဖက်စစ်ရေးတင်းမာမှုများ မြင့်တက်လာနိုင်သည့် အခြေအနေရှိနေသည်။
မြန်မာနိုင်ငံသားများအတွက် ညွှန်ကြားချက်
ထို့ကြောင့် ကိယက်ဗ်မြို့ရှိ မြန်မာနိုင်ငံသားများအနေဖြင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးကို အထူးဂရုပြုရန်နှင့် ဖြစ်နိုင်ပါက ဘေးကင်းရာသို့ အချိန်မီ ထွက်ခွာနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် သံရုံးက တိုက်တွန်းထားသည်။
အကူအညီတောင်းခံရန် ဆက်သွယ်ရန် အခက်အခဲ တစ်စုံတစ်ရာ ရှိပါက သို့မဟုတ် အရေးပေါ် အကူအညီ လိုအပ်ပါက မော်စကိုမြို့ရှိ မြန်မာသံရုံး၏ အောက်ပါ Hot Line ဖုန်းနှင့် အီးမေးလ်တို့သို့ အချိန်မရွေး ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည် –
Hot Line ဖုန်း: +7 99 11 58 2627
အီးမေးလ်: [email protected]
