Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsယာဉ်တို-က်မှုဖြစ်သည့် ကုန်တင်ယာဉ်ပေါ်မှ တရားမဝင်...

ယာဉ်တို-က်မှုဖြစ်သည့် ကုန်တင်ယာဉ်ပေါ်မှ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၅၃ ဦးကို တွေ့

ထိုင်းနိုင်ငံ Na Bon ခရိုင်တွင် သောကြာနေ့က ယာဉ်တို-က်မှုဖြစ်ပွားခဲ့ပြီးနောက် ယာဉ်မောင်းဖြစ်သူ ထွက်ပြေး စွန့်ခွါသွားခဲ့သည့် ကုန်တင်ယာဉ်ပေါ်မှ မလေးရှားသို့ သွားရောက်ကြမည့် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၅၃ ဦးကို တွေ့ရှိခဲ့ပြီး ၎င်းတို့အနက် တစ်ဦးသည် ခြေထောက်ကျိူးဒဏ်ရာရခဲ့သည်ဟု သိရသည်။

အဆိုပါယာဉ်တို-က်မှုသည် Thung Song-Surat Thani လမ်းကြောင်းပေါ်ရှိ အမှတ် ၄၁ အာရှအဝေးပြေးလမ်းမကြီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည် ဟု Na Bon ရဲစခန်းမှ ဒုတိယ ရဲမှူးကြီး Phanuwat Rattanaphan က ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးလုပ်သားများ ရောက်ရှိခဲ့ပြီး ဓါတ်တိုင်ကို တို-က်မိကာ မြောင်းထဲကျခဲ့သည့် ကုန်တင်ယာဉ် ခေါင်းပိုင်းသည် ဆိုးဆိုးဝါးဝါး ပျက်စီးခဲ့သည်ကို တွေ့ရှိခဲ့သည်။

ရဲတပ်ဖွဲ့က ကုန်တင်ကားပေါ်ဖုံးထားသော တာပေါ်လင်ကို ဖယ်ရှားလိုက်ချိန်တွင် မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး ၅၃ ဦးကို အပြည့်အသိပ်တင်ဆောင်ထားသည်ကို တွေ့ရှိခဲ့သည်။ ၎င်းတို့ထဲမှ အချို့သည် ဒဏ်ရာအနည်းငယ်သာရရှိခဲ့သော်လည်း တစ်ဦးသည် ခြေထောက်ကျိုးသွားခဲ့သည်။ အားလုံးသည် ပင်ပန်းနွမ်းနယ်နေပုံရပြီး ထိုင်းစကားပြောတတ်သူ တစ်ယောက်မှ မပါဝင်ဟုလည်း ဆိုသည်။

စစ်ဆေးမေးမြန်းခဲ့ရာ မလေးရှားနိုင်ငံသို့ သွားရောက်ကြမည့် ၎င်းတို့ကို မြန်မာနယ်စပ်တွင် ကုန်တင်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့ ကြ သည်။ ၎င်းတို့သည် ထိုင်းအလုပ်ပွဲစားကို တစ်ဦးလျှင် ဘတ် ၅၀,၀၀၀ စီ ပေးခဲ့ရသည်ဟု ပြောကြသည်။

ထိုင်းအာဏာပိုင်များက ထွက်ပြေးသွားသည့် ယာဉ်မောင်းကို လိုက်လံရှာဖွေနေကာ ဥပဒေအရအရေးယူဆောင်ရွက်မည်ဖြစ်ပြီး ရွှေ့ပြောင်းလုပ်သားများကိုမူ မြန်မာနိုင်ငံသို့ ပြန်လွှဲပေးသွားမည်ဟု သိရသည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071