Tuesday, August 4, 2026

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း...

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ –...

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့်...

မြန်မာနိုင်ငံမှ ရန်ကုန်မြို့၊ နေပြည်တော်တို့အပါအဝင် နိုင်ငံတကာမြို့ပေါင်း(၁၉)မြို့နှင့် ရုရှားနိုင်ငံ၊ မော်စကိုမြို့တို့ကြား သယ်ယူပို့ဆောင်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာလျှောက်ထားလွှာကိုလက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ ရုရှားနိုင်ငံ၊ မော်စကိုမြို့၌ ဩဂုတ် ၂ ရက်မှ ၆...
HomeNewsLocal Newsယနေ့တွင် ကုမ္ပဏီ၁၄ခုက ဆီဆိုင်၂၀၈ဆိုင်တွင်...

ယနေ့တွင် ကုမ္ပဏီ၁၄ခုက ဆီဆိုင်၂၀၈ဆိုင်တွင် အထူးဈေးဖြင့် ရောင်းချ

ယနေ့တွင် ကုမ္ပဏီ၁၄ခုက ဆီဆိုင်၂၀၈ဆိုင်တွင် အထူးဈေးဖြင့် ရောင်းချ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချရေး အသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ယနေ့ ဖေဖော်ဝါရီ ၂၆ ရက်တွင် ကုမ္ပဏီ ၁၄ ခုမှ တိုင်းဒေသကြီး/ပြည်နယ်များရှိ စက်သုံးဆီ အရောင်းဆိုင် စုစုပေါင်း ၂၀၈ ဆိုင်တွင် ဖြန့်ဖြူးရောင်းချပေးနေသည်ဟု သိရသည်။

ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၃၄သန်းဖြင့် စက်သုံးဆီ မှာယူတင်သွင်းခဲ့သည့် ကုမ္ပဏီ ၂၆ ခုမှ ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့် အစီအစဉ်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကာ ရန်ကုန်တိုင်းအတွင်းမှ ၅၅ဆိုင်ပါဝင်ပြီး မန္တလေးတိုင်းအတွင်းတွင် ဆိုင်ပေါင်း၄၀က အထူးဈေးဖြင့် ရောင်းချပေးနေသည်ဟု သိရသည်။

နေ့စဉ် ဒီဇယ်ဆီဈေးနှုန်းများအား မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ www.mpta.org.mm တွင် နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိနေ၍ ပြည်သူများအနေဖြင့် အထူးဈေးနှုန်းဖြင့် ရောင်းချပေးမည့် စက်သုံးဆီအရောင်းဆိုင်များတွင် ဒီဇယ်ဆီ များကို မြန်မာရေနံနှင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းအတိုင်း ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ဒီဇယ်ဆီများကို တိုင်းဒေသကြီး/ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီ အရောင်းဆိုင်များတွင် သတ်မှတ်ဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေး အသင်း ဖုန်း ၀၉-၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်သည်ဟုသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မိုးညှင်းမြို့၌ မိုးသည်းထန်စွာရွာသွန်း၍ မြို့ပေါ်ရပ် ကွက်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၌ ယနေ့ သြဂုတ် ၄ ရက်နံနက်ပိုင်းမှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ နေအိမ်များနှင့် လမ်း များပေါ်သို့ ရေဝင်/ရေကျော်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ရေလည်ကျွန်းရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ ဆင်ဘိုကုန်းရပ်ကွက်၊ စိမ်းမြောက်(ပေ ၆၀ လမ်း)၊ အောင်ချမ်းသာရပ်ကွကနှင့် အုတ်ကျင်းရပ်ကွက်များအတွင်းသို့ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်ရင်းချောင်းရေမြင့်တက်ပြီး ချောင်းဘေးတစ်လျှောက်ရှိနေအိမ်များအတွင်းသို့လည်း ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ထို့ကြောင့် ရေဝင်ရောက်မှုများဖြစ်ပေါ်နေသည့် ရပ် ကွက်များရှိ နေအိမ်များအတွင်းနှင့် နမ့်ရင်းချောင်းဘေးတွင်နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် သက်ဆိုင်ရာတာဝန်ရှိသူများက အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ “ဝ”ပြည် သွေး စည်းညီညွတ်ရေးပါတီ(UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့လာရောက်ဂါရဝပြုတွေ့ဆုံ   တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်နေဟု နိုင်ငံတော်သမ္မတ ပြော

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ "ဝ"ပြည် သွေး စည်းညီညွတ်ရေးပါတီ (UWSP)ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့က ယနေ့ ဩဂုတ် ၄ ရက်တွင် နိုင်ငံတော်သမ္မတရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတက နိုင်ငံ တော်အစိုးရသစ်လက်ထက်တွင် တိုင်း ပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ် နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချမှတ်ပြီးမဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် UWSP ဒုတိယဥက္ကဋ္ဌဦးဒုတိယဥက္ကဋ္ဌဦးကျောက်ကော်အန်းတိို့သည် နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်သန္နိ ဋ္ဌာန်ချမှတ်၍ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံးကိုဖိတ်ခေါ်ဆွေး နွေးလျက်ရှိမှု၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့်...

မြန်မာ-လာအိုပြိုင်ပွဲတွင် မြန်မာအသင်းက ၇ – ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိ

ရန်ကုန်၊ ဩဂုတ် ၄အာဆီယံ ဟွန်ဒိုင်းဖလား ပြိုင်ပွဲ အုပ်စု (B) နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် လာအိုအသင်းတို့ ယနေ့ ဩဂုတ် ၄ ရက် ညနေပိုင်းတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၇ ဂိုး - ၂ ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အလားအလာကောင်းနေကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ပထမပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက ၄ ဂိုး - ၂ ဂိုးဖြင့် ဦးဆောင်ထားနိုင်ခဲ့ပြီး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071