Sunday, June 21, 2026

မင်းဘူးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ပြုလုပ်

မင်းဘူးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာ...

လွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ မြန်မာ-...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGEYENKO နှင့် ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav...

မိုးကောင်းမြို့မှရေဘေးသင့်သူများ စားသောက်ရေးအတွက် ရင်ငြိမ်းပန်းပရဟိကွန်ရက်က ထမင်း၊...

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နမ့်ကောင်းချောင်းရေနှင့် နန့်ယင်းချောင်းရေတို့မြင့်တက်ကာ ရပ်ကွက်အချို့ရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ဈေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် အလယ်ရပ်ကွက်ရှိနေအိမ်များအတွင်းသို့...

မြန်မာ့လျှပ်စစ်စွမ်းအင်ကဏ္ဍနှင့် လျှပ်စစ်ကား (EV) စနစ်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရှိ လျှပ်စစ်ကား(EV)များထုတ်လုပ်လျက်ရှိသော Leapmotor ကုမ္ပဏီ၏ EV ကားထုတ်လုပ်နေမှုများကို ဇွန် ၁၉ ရက်နံနက်ပိုင်းကကြည့်ရှုလေ့လာခဲ့ရာ မြန်မာနိုင်ငံတွင်လည်း...
HomeMoviesယနေ့ ဇွန် ၂၁...

ယနေ့ ဇွန် ၂၁ ရက်မှစတင်၍ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ လကုန်အထိမိုးထစ်ချုန်းရွာနိုင်

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ ဇွန် ၂၁ ရက်ကထုတ်ပြန်သည့် ဇွန်လ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်အရ ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ လကုန်ရက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည် နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် (၈)ရက်မှ(၁၀) ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့ပြင် နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ် ကိုင်းတိုင်း(အောက်ပိုင်း)၊ ကယားပြည်နယ်၊ ချင်း ပြည် နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် (၆)ရက်မှ (၈)ရက်ခန့် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

ထို့အတူ ဇွန်လ တတိယ(၁၀)ရက်ပတ်အတွင်း၌ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိ အားနည်းရပ်ဝန်း (၁)ကြိမ်ဖြစ်ပေါ် နိုင်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မင်းဘူးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ပြုလုပ်

မင်းဘူးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။ အဆိုပါပွဲတော်တွင် ကာယစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် ခါးလှည့်ကွင်း၊ ကွန်ပျူတာဉာဏ်စမ်း၊ စကားပုံဆက်၊ အရုပ်ကွင်းစွပ်၊ ဆန်ကောရွက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင်  လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြဘုတ်များ၊ စာအုပ်အရောင်းဆိုင်များနှင့် ဌာနဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများအား အာဟာရ...

လွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ မြန်မာ- ရုရှား- ဘယ်လာရုစ် ဆွေးနွေး

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGEYENKO နှင့် ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Vyacheslav Volodin တို့၏ ဖိတ်ကြားချက် အရ 2nd International Forum of the Union State “Great Heritage – Common Future” ဖိုရမ်သို့ တက်ရောက်ရန် ဇွန် ၁၉ ရက်နေ့ က သွားရောက်ခဲ့ကြောင်း သိရသည်။ ထို့နောက် လေကြောင်းခရီးဖြင့် ဆက်လက်ထွက်ခွာရာ...

မိုးကောင်းမြို့မှရေဘေးသင့်သူများ စားသောက်ရေးအတွက် ရင်ငြိမ်းပန်းပရဟိကွန်ရက်က ထမင်း၊ ဟင်းများချက်ပြုတ်လှူဒါန်းပေး

ကချင်ပြည်နယ်၊ မိုးကောင်းမြို့၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် နမ့်ကောင်းချောင်းရေနှင့် နန့်ယင်းချောင်းရေတို့မြင့်တက်ကာ ရပ်ကွက်အချို့ရှိ နေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ဈေးကုန်းရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် အလယ်ရပ်ကွက်ရှိနေအိမ်များအတွင်းသို့ ရေဝင်ရောက်နေသဖြင့် ဇွန် ၂၀ ရက်မှစတင်ကာ မီးသတ်တပ် ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့ဝင်များက ရေဘေးသင့်သူ များအား ရေဘေးယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေထိုင်သူများ စားသောက်မှုအဆင်ပြေစေရေးအတွက် ရင်ငြိမ်းပန်းပရဟိတကွန်ယက်က ထမင်းနှင့် ဟင်းများကိုချက်ပြုတ်လှူဒါန်းပေးလျက်ရှိရာ ယနေ့ ဇွန် ၂၁ ရက်တွင်လည်း ရေဘေးသင့်သူ(၁)သောင်းစာအတွက် ချက် ပြုတ်လှူဒါန်းရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ " ရင်ငြိမ်းပန်းပရဟိတကွန်ယက်ရုံးမှာလဲ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071