Sunday, June 21, 2026

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန် မလေးရှားနှင့် တရုတ်ကို သွားမည်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်သည် ရာထူးတာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ပြည်ပအလုပ်အကိုင်များကိုမြှင့်တင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒဦးစားပေးမှုများကို အချက်ပြရန် ရည်ရွယ်သည့်ခရီးစဉ်တစ်ခုအနေဖြင့်...

မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်မှုများပြုလုပ်ထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေ ကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်များကြံ့ခိုင်မှုရှိစေရန်ပြုလုပ်ထားကြောင်း သိရသည်။ မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိရန်ဆောင်ရွက်ထားပြီး အမြန်ရေယာဉ် Speed Boat များကိုလည်းကြိုတင်စီမံထားကာ...

ဖားကန့်မြို့၌ ဥရုချောင်းရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ကာ ယနေ့ ဇွန် ၂၁ ရက်နံနက်အစောပိုင်းမှစတင်၍ ဖားကန့်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ "ချောင်းရေတက်လာတာအရမ်းမြန်တယ်။...

ကော့ကရိတ်မြို့ဒေသခံအိမ်ထောင်စု(၃၀၀)အား သထုံလူမှုကူညီရေးအသင်းက ဆန်များလှူဒါန်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ ဒေသခံအိမ်ထောင် စု(၃၀၀)အား သထုံလူမှုကူညီရေးအသင်းက အိမ် ထောင်စုတစ်စုလျင် ဆန်(၁၂)ပြည်နှုန်းဖြင့် ဇွန် ၂၀ ရက်တွင်ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ " ကော့ကရိတ်မြို့ပေါ်...
HomeNewsLocal Newsမင်းဘူးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ပြုလုပ်

မင်းဘူးမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်ပြုလုပ်

မင်းဘူးမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါပွဲတော်တွင် ကာယစွမ်းရည် ပြိုင်ပွဲများဖြစ်သည့် ခါးလှည့်ကွင်း၊ ကွန်ပျူတာဉာဏ်စမ်း၊ စကားပုံဆက်၊ အရုပ်ကွင်းစွပ်၊ ဆန်ကောရွက်နှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်  လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြဘုတ်များ၊ စာအုပ်အရောင်းဆိုင်များနှင့် ဌာနဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကာ ကျောင်းသား ကျောင်းသူများအား အာဟာရ ဖြည့်အစားအစာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုကျင်းပသည့် ကျောင်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်သည် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် မကွေးတိုင်းဒေသကြီးအတွင်း ပထမဆုံးကျင်းပသည့် ပွဲတော်ဖြစ်ပြီး မင်းဘူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူအင်အား ၂၀၀၀ ခန့် လာရောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရာမန် မလေးရှားနှင့် တရုတ်ကို သွားမည်

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် တာရစ်ရာမန်သည် ရာထူးတာဝန်ယူပြီးနောက်ပိုင်း ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်ကို တနင်္ဂနွေနေ့တွင် စတင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန်၊ ပြည်ပအလုပ်အကိုင်များကိုမြှင့်တင်ရန်နှင့် နိုင်ငံခြားရေးမူဝါဒဦးစားပေးမှုများကို အချက်ပြရန် ရည်ရွယ်သည့်ခရီးစဉ်တစ်ခုအနေဖြင့် မလေးရှားနှင့် တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။     ရာမန်၏ အစိုးရသည် အာရှအဓိကမိတ်ဖက်များနှင့် ဆက်ဆံရေးခိုင်မာစေသည့်အပြင် ရည်မှန်းချက်ကြီးမားသော စီးပွားရေးအစီအစဉ်ကို ပံ့ပိုးရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရှာဖွေနေချိန်တွင် ခြောက်ရက်ကြာခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။       ရာမန်သည် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ်နှင့် တွေ့ဆုံရန်အတွက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းတွင် ကွာလာလမ်ပူရ်သို့ ထွက်ခွာမည်ဖြစ်ပြီး ထို့နောက် တရုတ်ဝန်ကြီးချုပ် လီကျန်း၏ ဖိတ်ကြားချက်အရ တနင်္လာနေ့တွင်...

မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်ကြံ့ခိုင်မှုများပြုလုပ်ထား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၌ မိုးရာသီကာလအတွင်း ရေ ကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချင်းတွင်းမြစ်တာဘောင်များကြံ့ခိုင်မှုရှိစေရန်ပြုလုပ်ထားကြောင်း သိရသည်။ မုံရွာမြို့၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိရန်ဆောင်ရွက်ထားပြီး အမြန်ရေယာဉ် Speed Boat များကိုလည်းကြိုတင်စီမံထားကာ ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး ရေဝင်ရောက်နိုင်သည့်နေရာများအား သဲအိတ်များဖြင့်ကာရံထားကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်ထားရှိမှုများကို စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးကိုလေးက ဇွန် ၂၀ ရက်တွင်ကြည့်ရှုစစ်ဆေးပြီး ချင်းတွင်းမြစ်ရေကြီးချိန်အတွင်း သက်ဆိုင်ရာများ၊ ဌာနများအလိုက် ရှာဖွေကယ်ဆယ်ရေးနှင့် သက်ကယ်ပစ္စည်းများပြည့်စုံလုံလောက်မှုရှိစေရေး၊ ရေထိန်းတာဘောင်များကြံ့ခိုင်မှုရှိစေရေးအတွက် စနစ်တကျကြိုတင်ပြင်ဆင်ထားရေးတို့ကိုမှာကြားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့၌ ဥရုချောင်းရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များအတွင်းရေဝင်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥရုချောင်းရေမြင့်တက်ကာ ယနေ့ ဇွန် ၂၁ ရက်နံနက်အစောပိုင်းမှစတင်၍ ဖားကန့်မြို့ရှိ အနိမ့်ပိုင်းရပ်ကွက်များအတွင်းသို့ ချောင်းရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ "ချောင်းရေတက်လာတာအရမ်းမြန်တယ်။ ပထမဆုံးစပြီး ရေတွေဝင်လာတာက ကျောက်ဝိုင်းရပ်ကွက်ထဲကိုပါ။ အိမ်အနိမ့်လေးတွေဆိုရင် ကြမ်းခင်းတွေလည်းမြုပ်ကုန်တယ်။ လမ်းတွေမှာဆိုရင်လည်း တစ်ချို့နေရာတွေဆိုရင် ခါးလယ်ရောက်အထိ ရေတွေရောက်နေပြီ"ဟု ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကို ပြော သည်။ လက်ရှိအချိန်၌ ရေဝင်ရောက်မှုများပြားသည့် နေအိမ်များအတွင်းနေထိုင်သူများကို သက်ဆိုင်ရာတာဝန်ရှိသူများက ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးလျက်ရှိကာ သဘာဝဘေးအန္တရာယ်နှင့်အတူကြုံတွေ့လာနိုင်သောဖြစ်စဥ်များကိုသတိပြုကြရန်လည်း သတိပေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ Photo-Ko Myat Soe Han

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071