Sunday, May 31, 2026

အုတ်ဖိုမြို့နယ်တွင် (၆)ဘီးကားတိမ်းမှေ-ာက် (၁)ဦး‌ေ-သဆုံး (၂)ဦးပြင်းထန်ဒ-ဏ်ရာရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ရန်ကုန်-ပြည်သွားကားလမ်းတွင် ယနေ့ မေ ၃၁ ရက်နေ့လည်ပိုင်းက (၆)ဘီးကားတစ်စီးတိမ်းမှေ-ာက်မှုဖြစ်ပွားခဲ့ကြောင်း ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း(အုတ်ဖိုမြို့)ထံမှ သိရသည်။ အုတ်ဖိုမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာရှိ ရန်ကုန်-...

မကွေးတိုင်းတွင် Quick Win စီမံချက်ကြောင့်...

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ကြောင့် မကြီးစမ်းကျေးရွာရှိ လူဦးရေ (၃၅၀)၊ အိမ်ထောင်စု (၆၉)စုမှာ လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ မီးပေးနိုင်ရန်...

အောင်လံကုန်စည်ဒိုင်တွင် မေလတတိယအပတ်၌ နှမ်းနက်နှင့် နှမ်းပြာဈေးကျဆင်း

မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး နှမ်းနက်(စမုံ)၊ နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီတို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် မေလ ဒုတိယအပတ်အတွင်း...

မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေး၊ ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန်...

မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေးနှင့် ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ၊ ဆီကန်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဌေးမိုးက ဆွေးနွေးပြောကြားသည်။ ပြီးခဲ့သည့် မေ ၂၉...
HomeNewsLocal Newsယနေ့ စက်သုံးဆီစျေးနှုန်း တစ်လီတာလျင်...

ယနေ့ စက်သုံးဆီစျေးနှုန်း တစ်လီတာလျင် ၁၇၀၀ ကျပ်ထိ ကျဆင်း

ယနေ့ စက်သုံးဆီစျေးနှုန်း တစ်လီတာလျင် ၁၇၀၀ ကျပ်ထိ ကျဆင်း

စက်သုံးဆီစျေးနှုန်းများဆက်တိုက်ကျဆင်းလာကာ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ ဇူလိုင် ၁၆ ရက်(ယနေ့)ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းအရ ရန်ကုန်တိုင်းအတွင်း တစ်လီတာလျင်ငွေကျပ် ၁၇၀၀ အထိဖြစ်လာခဲ့သည်။

မန္တလေးတိုင်း၊နေပြည်တော်၊ပဲခူး၊မကွေး၊ထား ဝယ်၊မုံရွာ၊ပုသိမ်၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီးနှင့်လွိုင်ကော်တို့တွင် စက်သုံးဆီစျေးနှုန်းမှာ 92 Ron တစ် လီတာလျင် ငွေကျပ် ၁၇၀၀ အထက်၌ရှိသည်။

“ဆီစျေးတွေဆက်တိုက်ကျလာပြီဆိုတော့ ခရီး သည်ကိုကားပတ်မောင်းရင်းရှာလို့ရသွားတာပေါ့ဗျာ၊ ဒီထက်ထပ်ကျလာရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ”ဟု အဌားကားမောင်းသည့် ကိုဇော်မင်းဦးကပြောသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် စက်သုံးဆီရည်ညွှန်းစျေးနှုန်းများအရ ရန် ကုန်တိုင်းအတွင်း၌ လက်လီစျေးအဖြစ် 92 Ron တစ်လီတာလျင် ၁၇၀၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၇၄၅ ကျပ်၊ HSD (500 ppm) တစ်လီတာလျင် ၂၁၃၀ ကျပ် သတ်မှတ်ခဲ့သည်။

အလားတူ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာမူ ယမန်နေ့စျေးနှုန်းအတိုင်း တစ်လီတာလျင် ၂၁၉၀ ကျပ်အဖြစ် စက်သုံးဆီရည်ညွှန်းလက်လီစျေးနှုန်းများအဖြစ် သတ်မှတ်ခဲ့သည်။

ထို့ပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်ကားစျေးနှုန်းမှာလည်း ရန်ကုန်တိုင်း ၌ 92 Ron တစ်လီတာလျင် ၁၆၀၉ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၆၅၆ ကျပ်အထိကျဆင်းခဲ့ကာ ကျန်ရှိသည့် စက်သုံးဆီလက်ကားစျေးနှုန်းများမှာမူ ယမန်နေ့ကသတ်မှတ်ခဲ့သည့် HSD(500 ppm) တစ်လီတာလျင် ၂၀၂၉ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တို့မှာ တစ်လီတာလျင် ၂၀၈၄ ကျပ်စျေးနှုန်းအတိုင်းဖြစ်သည်။

 

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အုတ်ဖိုမြို့နယ်တွင် (၆)ဘီးကားတိမ်းမှေ-ာက် (၁)ဦး‌ေ-သဆုံး (၂)ဦးပြင်းထန်ဒ-ဏ်ရာရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ရန်ကုန်-ပြည်သွားကားလမ်းတွင် ယနေ့ မေ ၃၁ ရက်နေ့လည်ပိုင်းက (၆)ဘီးကားတစ်စီးတိမ်းမှေ-ာက်မှုဖြစ်ပွားခဲ့ကြောင်း ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း(အုတ်ဖိုမြို့)ထံမှ သိရသည်။ အုတ်ဖိုမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာရှိ ရန်ကုန်- ပြည်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၀၈/၁ တွင် (၆)ဘီးကားတစ်စီးတိမ်းမှောက်၍ အမျိုးသား(၁) ဦးမှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၂)ဦးတွင်လည်း ထိခိုက်ဒ-ဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းနှင့် ထိခိုက်ဒ-ဏ်ရာရသူ(၂)ဦးတို့အား လူမှုကူညီရေးအသင်းများက အေးမြသာယာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။ Photo-ဓမ္မဝိဇယအသင်း

မကွေးတိုင်းတွင် Quick Win စီမံချက်ကြောင့် အိမ်ထောင်စု (၆၉)စုရှိ မကြီးစမ်းကျေးရွာ မီးရရှိ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ကြောင့် မကြီးစမ်းကျေးရွာရှိ လူဦးရေ (၃၅၀)၊ အိမ်ထောင်စု (၆၉)စုမှာ လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ ထိုသို့ မီးပေးနိုင်ရန် တိုင်းဒေသကြီးရန်ပုံငွေမှ သိန်း (၈၃၀)ခန့် အကုန်အကျခံပြီးဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မေ ၂၉ ရက် နံနက်ကပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပြည့်ဝစွာသုံးစွဲနိုင်ရေး လိုအပ်သည့်ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို...

အောင်လံကုန်စည်ဒိုင်တွင် မေလတတိယအပတ်၌ နှမ်းနက်နှင့် နှမ်းပြာဈေးကျဆင်း

မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး နှမ်းနက်(စမုံ)၊ နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီတို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ၂၀၂၆ ခုနှစ် မေလ ဒုတိယအပတ်အတွင်း နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၅၀,၀၀၀၊ နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၁၀,၀၀၀၊ နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ နှင့် နှမ်းနီ ၄၅ ပိဿာ ၃...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071