မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး နှမ်းနက်(စမုံ)၊ နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီတို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မေလ ဒုတိယအပတ်အတွင်း နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၅၀,၀၀၀၊ နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၁၀,၀၀၀၊ နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ နှင့် နှမ်းနီ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၆ ခုနှစ် မေလ တတိယအပတ်တွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၀၀,၀၀၀၊ နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၅၆၀,၀၀၀၊ နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ နှင့် နှမ်းနီ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မေလ ဒုတိယအပတ်နှင့် တတိယအပတ်တို့၏ ဈေးနှုန်းများကို နှိုင်းယှဉ်ရာတွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၅၀,၀၀၀ နှင့် နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၅၀,၀၀၀ စီ ဈေးကျဆင်းခဲ့ပြီး နှမ်းဖြူနှင့် နှမ်းနီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်သတင်းအရ သိရသည်။
