Thursday, June 25, 2026

ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုကြုံတွေ့နေရဆဲ...

ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်နေကာ ရေကြီးမှုသည် လေးရက်နီးပါး ကြာမြင့်လာပြီ ဖြစ်ကြောင်း သိရသည်။ “မြို့ပေါ် ရပ်ကွက် ငါးခုလုံး ဖြစ်နေတာပါ”...

မုတ်သုံလေ အားကောင်းနေ၍ ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း...

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းလျက်ရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အများစုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ဒေသအချို့၌ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့...

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောသားများနေ့ (Day of the Seafarer 2026) အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၂၅...

သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်နေသည့်မြင်ကွင်းများ

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့၌ သီပေါမြို့အဝင် ဆိုင်းဘုတ်ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်ကြောင်း သိရသည်။ ယင်းဆိုင်းဘုတ်ကို သီပေါမြို့နယ်စည်ပင်သာယာရေးဌာနမှပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။ (ဓာတ်ပုံ-သီပေါမြို့နယ်စည်ပင်သာယာရေးဌာန)
HomeArticlesမှင်စာ မှတ်တမ်း(၄)

မှင်စာ မှတ်တမ်း(၄)

ကျွန်ုပ်တို့၏ သူရဲကောင်းက လေး မှင်စာသည် အပါယ်ဘုံသား တစ်ဦးဖြစ်နေရသည့်တိုင် သူကိုယ် တိုင်ကတော့ ရတောင့်ရခဲ မနုဿဘုံ မှာ လူလာဖြစ်နေကြရသော အချို့ သော လူကြီးလူကောင်းအမည်ခံများ ကိုကြည့်ကာ “ငရဲအိုးထဲ ဇောက်ထိုး နစ်မယ့်၊ ဗာလနံကြီးတွေ ပါကလား နော်”ဟု ကရုဏာသက်လေ့ရှိ၏။ ကရုဏာသက်သည်က တစ်ပိုင်း၊ အထက်မှ ချမှတ်ပေးအပ်သော တာဝန်အရ ဗာလနံကြီးတွေကို သတိ ပေးဆုံးမရမည်က တစ်ပိုင်းဖြစ်ပေ သည်။ တာဝန်ထမ်းဆောင်ရာတွင် ဘက်လိုက်ငဲ့ညှာမှုမရှိဘဲ ပြတ်ပြတ် သားသားလုပ်ဆောင်မှသာ အထက် လူကြီးမှင်စာချုပ်ကြီး ရွှေသဘော တော်ကျ ရွှင်ပျကျေနပ်မည်လည်းဖြစ် ပေသည်။ မဟုတ်လျှင် အမျက်တော်ရှ ကာ နယ်ဝေးဒေသ ငှက်တောကျေး တောသို့ နယ်နှင် ဒဏ်ပေးချေအံ့။

ထို့ကြောင့် မှင်စာခမျာ အရေး ပေါ် ရှောင်တခင်ခွင့်ကလေးမျှပင် မယူနိုင်အားဘဲ တာဝန်တွေ၊ အော် ပရေးရှင်းတွေ၊ မစ်ရှင်တွေ အဆိုင်း မင့်တွေကို တစ်ခုပြီးတစ်ခု ဆက် တိုက်တရစပ် မနားစတမ်း ကြိုးပမ်း ဆောင်ရွက်နေရရှာလေသည်။

“နိုင်ငံဆင်းရဲတာနဲ့အမျှ ရေနိမ့် ကြာနိမ့်ဖြစ်နေကြရှာတဲ့ လူမွဲပြည် သူတွေအပေါ်မှာ နိုင်လိုမင်းထက် အပေါ်စီးကနေ ကံသုံးပါးအမူအရာ နဲ့ ဖိနှိပ်စော်ကားနေတဲ့ အာဏာပိုင်၊ အာဏာကိုင်၊ အာဏာရူး၊ အာဏာမူး တွေကို ရှာဖွေပြီး ဆုံးမစမ်း၊ အမောင် မှင်စာငယ်ငဲ့”ဟု နှုတ်တော်ဖျားမှ ကျ လာသည့်အခါ “မှန်လှပါ၊ ဦးဆွေးဆံ ဖြည့် အမှုတော်ကို ထမ်းပါမည်”ဟု တာဝန်ခံကာ မှင်စာသည် ကွင်းဆင်း လေတော့သည်။

သူသည် ကွင်းဆင်းထောက် လှမ်းသူ Field – agent ကဲ့သို့ အသွင် အမျိုးမျိုးယူလျက် တရား ဖျက်၊ အမှားဖက်သူလူကြီးများကို ရှာဖွေလေရာ ရန်ကုန်မြို့တော် တစ်နေရာတွင် အာဏာအလွဲသုံး စားလုပ်နေသူတစ်ဦးကို ဆိုက်ဆိုက် မြိုက်မြိုက် တွေ့ရတော့၏။ လူက သိန်းသောင်းကျော်တန် တိုက်မှာနေ။ သိန်းထောင်ကျော်တန် ကားကိုစီး။ “ချွေးစော်နံသည်”ဟုဆိုကာ ဘယ် တော့မှ လူထုကြားထဲကို မဝင်သော ထိပ်ပြောင်ပြောင်၊ ဗိုက်ရွှဲရွှဲ၊ အရွယ် နှင့်မလိုက်၊ လည်ပင်းမှာ ငါးကျပ်သား ရွှေဆွဲကြိုးကြီး ဆွဲထားသည့် ပုဂ္ဂိုလ်။

သူ၏ဖိတ်ဖိတ်တောက် စားပွဲ ကြီးရှေ့မှာ ရို့ရို့ကုပ်ကုပ်ကလေး ရပ်၊ စုတ်စုတ်ပြတ်ပြတ် ဝတ်လျက်၊ ပိန် ညှောင်ညှောင် လက်မောင်းကလေး နှစ်ဖက်ကို နောက်ကျောမှာကပ်ထား သူ၊ မောင်လူမွဲသည်ကား ဗိုက်ရွှဲကြီး ၏ လက်တိုလက်တောင်း အလုပ် သမားကလေး။ ဗိုက်ရွှဲကြီးက နွားသိုး လေချဉ်တက်သံဖြင့် မေးသည်။
“မင်းမှာ သားသမီး ဘယ်နှ ယောက်ရှိသတုံး”

“ငါး ငါးယောက်ပါခင်ဗျာ”

“ဟား မင်း ဘလချေးနန်း လူသရမ်းပဲကွ။ ကိုယ်ရတဲ့လစာနဲ့ ချင့်ချိန်ပြီးမှ ကလေးယူမှပေါ့။ တရုတ်ပြည်ကြီး ဘာကြောင့်ချမ်းသာ ကြွယ်ဝနေသလဲ မင်းသိလား။One Family, One Child  မိသားစုတစ်စု ကလေးတစ်ယောက်ပေါ်လစီကြောင့် ဆိုတာ မင်းနားလည်လိုက်။ မင်းတို့ များများမွေးရင် များများမွဲမှာပဲ”

“ကျွန်တော်တို့က ဘိုးစဉ်ဘောင် ဆက် မွဲလာတာပါ။ ဆရာတို့ ဘိုးစဉ် ဘောင်ဆက် ချမ်းသာလာကြသလို မျိုးပေါ့ ဟီး ဟီး”

“ဘာကွ၊ တယ် ငါ့ဖနောင့်နဲ့ ထပေါက်လိုက်ရ။ အခုဘာကိစ္စနဲ့ ငါ့ကိုလာတွေ့သလဲ ပြောစမ်း ဖိုးပိန်”
ဗိုက်ရွှဲကြီးက ကြိမ်းမောင်းဟိန်း ဟောက်လိုက်သောအခါ လူမွဲဖိုးပိန် ခမျာ ဖျတ်ဖျတ်လူးမတတ် တုန်လှုပ် သွားရှာသည်။

“ကျွန်တော်တို့မိသားစု ရတဲ့လ စာနဲ့ မစားလောက်လို့ လစာကလေး များ တိုးပေးဖို့၊ ဒါမှမဟုတ် ဘိုးနပ် (စ်) ဆုကြေးကလေးများ ချီးမြှင့်ဖို့ ရှေ့မျက်နှာနောက်ထားပြီး လျှောက် ကြားရပါတယ် သူဋ္ဌေးမင်း ခင်ဗျား”

လူမွဲဖိုးပိန်က လက်အုပ်ကလေး ချီပြီး လျှောက်ထားပန်ကြားသည်ကို ဘဝင်ခွေ့သွားကာ ဗိုက်ရွှဲကြီးသည် မျက်နှာထားအနည်းငယ် ပျော့ ပျောင်းသွားပြီးနောက်..

“မင်းတို့တစ်နေ့ကို ထမင်း ဘယ်နှနပ်စားကြသလဲကွ”ဟု အနည်း ငယ်ပြုံး၍ မေးလိုက်သည်။

“နှစ်နပ်စားကြပါတယ် သူဋ္ဌေး မင်း”

“အေး ကောင်းပြီ။ ဒီတော့ မင်း တို့သက်သာချောင်ချိရေးဖြစ်အောင် နောက်တစ်နေ့ကစပြီး ထမင်းနှစ် နပ်မစားနဲ့။ တစ်နပ်ခွဲပဲ စားကြလေ တော့ “

“ခင်ဗျာ တစ်နပ်ခွဲ ဟုတ်လား သူဋ္ဌေးမင်း”

အနီးနားမှာ ပုန်းကွယ်၍ ချောင်းကြည့်နားထောင်နေသော မှင်စာ သည်းညည်းမခံနိုင်တော့ပေ။ ပင့်ကူအသွင်ယူပြီး မျက်နှာကြက်ဆီ ကနေ ဗိုက်ရွှဲကြီး၏ဆံပင်မရှိသော ငယ်ထိပ်ပေါ်သို့ ဒိုင်ဗင်ထိုးချကာ အဆိပ်ဆူးများဖြင့် အသားကုန်

‘ရှပ်’ လိုက်လေတော့သည်။

“အား အဘ ကယ်တော်မူပါ”
မည်သို့သော ရန်သူက ရုတ် ခြည်းတိုက်ခိုက်လိုက်မှန်းမသိသော ဗိုက်ရွှဲကြီးသည် သူ၏ဆုံလည်ကုလား ထိုင်ပေါ်မှ ဦးဇောက်ကျွမ်းပြန်ထိုး ကျကာ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ရင်း ဝူးဝူးဝါးဝါး အော်ဟစ်နေ သည်။

“ဟိတ်ကောင် င့ါဆီက လစာ တိုးတောင်းမယ်မကြံနဲ့ကွ။ တစ်နေ့ ကို ထမင်းတစ်နပ်ခွဲပဲစား။ မကျေ နပ်ရင် ဆန်ပြုတ်ပြုတ်သောက်ကွ။ တရုတ်တွေ ဆန်ပြုတ်သောက်ပြီး ချမ်းသာလာကြတာ နားလည်လား အား အား”

ဗိုက်ရွှဲကြီးအော်ဟစ်နေစဉ် ပင့်ကူအသွင်ယူထားသော မှင်စာ သည် ဗိုက်ရွှဲကြီးလည်ကုပ်ကို ခပ်ပြင်း ပြင်းကလေး ‘ရှပ်’ လိုက်ပြန်ရာ ငယ် သံပါသော အော်သံကြီး ထွက်ပေါ် လာတော့သည်။

ဗိုက်ရွှဲကြီးကို ပညာပေးပြီး သောအခါ ဒုတိယမြောက် အလှည့် ကျသူထံ မှင်စာက အပြေးအလွှား ခရီးနှင်ပြန်လေ၏။ ဒုတိယမြောက် ပညာပေးခံရမည့်သူမှာ နိုင်ငံခြားသား ပိုင် အထည်ချုပ်စက်ရုံတစ်ရုံမှ ‘စူပါ’ ခေါ် အလုပ်ကြပ် မိန်းမကြီး တစ်ယောက်ဖြစ်သည်။ ရုပ်ကလည်း ဆိုး၊ ပြောပေါက်ဆို ပေါက်ကလည်း ဆိုးသဖြင့် ထိုမိန်းမကြီးကို စက်ရုံ ပိုင်ရှင်က တမင်ရွေးချယ်၍ အလုပ် သမကလေးများကို ကြိမ်းမောင်းဟိန်း ဟောက်ရန် တာဝန်ပေးထားခြင်းဖြစ် ပေသည်။ သူကလည်း အာဏာရှင်ပေ တည်း။ အလုပ်သမားမှတ်တမ်း စာအုပ်မှာ သူက မင်နီတစ်ချက်တို့ ရုံဖြင့် ကံဆိုးသူ အလုပ်သမကလေး တစ်ယောက် ‘အော်တို’အလုပ်ပြုတ်သွားနိုင်သည်။

“အလုပ်ရှင် နိုင်ငံခြားသားကို ဖားတဲ့လျားတဲ့ ဟာမကြီး သိကြရော ပေါ့”

“ဟိတ်ကောင်မတွေ ညည်းတို့ စက်ချုပ်စားကြမှာလား။ မော်ဒယ်ဂဲ လုပ်စားကြမှာလား။ လမ်းလျှောက် တာက လှုပ်လီလှုပ်လဲ့ ဖင်လှုပ်ရင်လှုပ် နဲ့ ရေသွားသောက်တာက တစ်နာရီ၊ ရေသောက်ပြီး သေးသွားပေါက်တာ က နှစ်နာရီ။ အိမ်သာတက်ရင်လည်း အီးအီးက အပင်ပေါက်တဲ့အထိ ဇိမ် ဆွဲပြီးထိုင်။ ဒီလောက် အပျင်းထူရင် ဒီစက်ရုံမှာ အလုပ်မလုပ်ကြနဲ့။ မာ ဆတ်ကိုသွားကြ။ ငါပြောတာ ကြား လား။ မာဆတ်ကိုသွား အား ယား ယား အမယ်လေးတော့ လုပ်ကြ ပါဦး”

ကိုယ့်သမီး၊ ကိုယ့်တူမအရွယ် မိကောင်းဖခင်သားသမီး အပျိုအ ရွယ် မိန်းမကောင်းကလေးများကို နှစ်ပြားမတန်အောင် ချိုးဖဲ့ပြောဆို နေသော ‘စူပါ’မကြီးခမျာ မှင်စာက ဘယ်လိုအသွင်ယူပြီး ဘယ်နည်းဖြင့် ပညာပေးလိုက်သည်မသိ။ ထဘီ ကျွတ်ကာ အောက်ခံဘောင်းဘီကြီး ဖြင့် လူးလှိမ့်ခုန်ပေါက်နေတော့၏။

“ဟဲ့ ဟဲ့ လုပ်ကြပါဦး။ ခါချဉ် ကောင်တွေ ဘယ်လိုကဘယ်လို ရောက်လာကြမှန်း မသိဘူး။ ဟဲ့ လုပ်ကြပါဦး”
ကိုယ်ရောင်ဖျောက်ထားသော မှင်စာက မိန်းမကြီး၏ နားတစ်ဖက် အနီးသို့ကပ်ကာ “သခင်အားရ၊ ကျွန် ပါးဝလုပ်ချင်တဲ့ ကျွန်မကြီး အလုပ် သမတွေကို နိုင်လိုမင်းထက် မှိုချိုးမြှစ် ချိုး ထပ်ပြောမယ်မကြံနဲ့။ ဒီတစ်ခါ အောက်ခံဘောင်းဘီထဲကို ကင်းမြီး ကောက် ဝင်လာပြီသာမှတ်။ ကြားရဲ့ လား”ဟု အော်လိုက်သည်။

သွေးရူးသွေးတန်းဖြစ်နေသော မိန်းမကြီးက “ကြားပါတယ်တော့၊ ကြားပါတယ်တော့”ဟု ငိုသံပါကြီးဖြင့် ညည်းညူနေရှာသည်။

ကြူးနှစ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071