Home News Local News မြောက်ဝင်ရိုးစွန်းကို သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်ခွင့်ရမည့် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလူငယ်များကို ဖိတ်ခေါ်

မြောက်ဝင်ရိုးစွန်းကို သိပ္ပံလေ့လာရေးခရီးစဉ် သွားရောက်ခွင့်ရမည့် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလူငယ်များကို ဖိတ်ခေါ်

0
91

၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းသို (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့်ရရှိနိုင်မည် “Icebreaker of Knowledge 2026” ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ရန် မြန်မာလူငယ်တွေကို ဖိတ်ခေါ်ထားကြောင်း သိရသည်။

ရုရှားနိုင်ငံ ROSATOM အဖွဲအစည်းက ကြီးမှူးကျင်းပသည့် “Icebreaker of Knowledge 2026” နိုင်ငံတကာအဆင့် (၃) ကြိမ်မြောက် သိပ္ပံပြိုင်ပွဲကြီးကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အသက် ၁၄ နှစ်နှင့် ၁၆ နှစ်အကြား ကျောင်းသားလူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲကို မေ ၅ ရက်မှ ဇွန် ၁၅ ရက်ကာလအတွင်း အဆင့်သုံးဆင့်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ ရမှတ်အမြင့်ဆုံးဖြင့် အောင်နိုင်သူ ၁၀ ဦးသည် မြောက်ဝင်ရိုးစွန်းသို (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ရမည်လည်း ဖြစ်သည်။

၂၀၂၆ ခုနှစ် ဩဂုတ်လတွင် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းသို (၁၀) ရက်ကြာ အခမဲ့သိပ္ပံလေ့လာရေးခရီး သွားရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် ၂၀၂၆ ခုနှစ် ဇွန် ၃ ရက် နောက်ဆုံးထား၍ တရားဝင်ဝက်ဘ်ဆိုက် https://goarctic.energy/ တွင် အွန်လိုင်းမှတစ်ဆင့် အခမဲ့စာရင်းသွင်းပြီး ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။

ပါဝင်ယှဉ်ပြိုင်သူများသည် အဆင့် (၁) အနေဖြင့် မေ ၅ ရက်မှ ဇွန် ၃ ရက်ကာလအတွင်း အွန်လိုင်းဉာဏ်စမ်းမေးခွန်း (Quiz) ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုရာတွင် သိပ္ပံအခြေပြု ဉာဏ်စမ်းပဟေဠိ (Quiz) ကို ဖြေဆိုရမည်ဖြစ်သည့်အပြင် မေးခွန်းအားလုံးဖြေဆိုကာ သတ်မှတ်ရမှတ်ရရှိသူများ အဆင့် (၂) သို တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ထိုနောက် အဆင့် (၂) အနေဖြင့် မေ ၁၈ ရက်မှ ဇွန် ၃ ရက်ကာလအတွင်း Webinars ဆွေးနွေးပွဲများ တက်ရောက်ရမည်ဖြစ်ပြီး အဆင့် (၁) အောင်မြင်သူများသည် အာတိတ်ဒေသရေကြောင်းပိုဆောင်ရေး ဘေးကင်းလုံခြုံစွာ ဖွံဖြိုးတိုးတက်စေရန် အသုံးပြုသည့် နည်းပညာများအပါအဝင် Rosatom ၏ ဆန်းသစ်သော ဖြေရှင်းချက်များနှင့် ပတ်သက်သည့် အွန်လိုင်း Webinar များကို လေ့လာ၍ စာမေးပွဲဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အဆင့် (၃) အနေဖြင့် ဇွန် ၅ ရက်မှ ၁၅ ရက်ကာလအတွင်း ဗီဒီယိုတင်ဆက်မှု (Video Presentation) ပြုလုပ်ရမည်ဖြစ်ပြီး အဆင့် (၁) နှင့် အဆင့် (၂) တိုတွင် စုစုပေါင်းရမှတ် အမြင့်ဆုံးရရှိသည့် နိုင်ငံများမှ ဆန်ခါတင် ၁၀ ဦးသည် နောက်ဆုံးအဆင့် လုပ်ဆောင်ချက်ခေါင်းစဉ်နှင့် သက်ဆိုင်သည့် ၎င်းတို၏ စိတ်ကူးစိတ်သန်းများကို “Video Business Card” (ဗီဒီယိုဖြင့် မိတ်ဆက်တင်ပြခြင်း) ပုံစံဖြင့် တင်ပြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်များ၏ ပြိုင်ပွဲရလဒ်များကို ဇွန်လတွင် ကြေညာမည်ဖြစ်ပြီး ဆုရရှိသူများသည် မြောက်ဝင်ရိုးစွန်းသို သွားရောက်မည့် ကမ္ဘာ့အဆင့်အထူးခရီးစဉ် လက်မှတ်ကို ဆွတ်ခူးရရှိမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပေါင်း ၂၂ နိုင်ငံက ကလေးငယ်များသည် နျူကလီးယားစွမ်းအင်သုံး ရေခဲခွဲသင်္ဘောကြီးဖြင့် မြောက်ဝင်ရိုးစွန်းဆီကို စိတ်လှုပ်ရှားဖွယ်ရာ ပညာပေးခရီးစဉ်စတင်မည်ဖြစ်ပြီး ၁၀ ရက်တာအတွင်းမှာ ၎င်းတို့အနေဖြင့် ထိပ်တန်းသိပ္ပံပညာရှင်များ၊ သိပ္ပံပညာပြန်ကြားရေး ကျွမ်းကျင်သူများ၊ ဘလော့ဂါများနှင့်အတူ အာတိတ်ဒေသကို လေ့လာစူးစမ်းကြမည်ဖြစ်ကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here