မြောက်ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်းပေါ်ရှိ ရွှေစင်အကယ်ဒမီ ရွှေဆိုင် ဓားမြတို-က်ခံရကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်ကအမည်မသိလူတစ်စုသည် ဆိုင်ကယ်ဖြင့် ရောက်လာပြီး သေနတ်နှင့် ဓားများကိုင်ဆောင်လာကာ ခြိမ်းခြေ-ာက်ဓားမြတို-က်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ လူတစ်စုကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ တစ်ဦးကို ဖမ်းမိထားပြီး ကျန်သူများမှာ လွတ်မြောက်သွားကြောင်း သိရသည်။
ရွှေဆိုင်မှ ပစ္စည်းများပါမသွားသော်လည်း လုံခြုံရေးဝန်ထမ်းတစ်ဦးဓားဖြင့်ထိုးခံရ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာသို့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ ရောက်ရှိကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။
ရွှေစင်အကယ်ဒမီ ရွှေဆိုင်သည် အခေါက်ရွှေအတုံးအခဲများကိုသာ အဓိကထား ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။
