တနင်္သာရီတိုင်း၊ မြိတ်မြို့ရှိ မြိတ်လေဆိပ်ဖွံ့ဖြိုးရေးလုပ် ငန်းများဖြစ်သည့် ပြည်ပမှ ကုန်တင်လေယာဉ်များရာ သီမရွေးဆင်းသက်ပျံသန်းနိုင်ရေး၊ လေကြောင်းခရီး စဉ်များတိုးချဲ့ပြေးဆွဲနိုင်ရေးတို့အတွက် လေဆိပ်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လေယာဉ်ကွင်းပြေးလမ်းတိုးချဲ့ခြင်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်ရန်ပုံငွေများဖြင့်ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
လေဆိပ်ကုန်စည်အဆောက်အဦ(၁၂၀ ပေ x ၆၀ ပေ) တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ လေယာဉ်ဝင်/ထွက်လမ်း(၁၀၀ ပေ x ၇၅ ပေ)၊ လေယာဉ်ရပ်နားနေရာ(၂၀၀ ပေ x ၁၅၀ ပေ)တည်ဆောက်ခြင်း၊ Boeing 737-800/A-320 လေယာဉ်များဆင်း/တက်နိုင်ရေးအ တွက် လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀ ပေ x အ ကျယ်၂၀၀ ပေ)အား နိုင်လွန်ကတ္တရာ(၄)လက်မထုခင်းခြင်းတို့ကိုဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် လေယာဉ်ပြေးလမ်း(အရှည် ၉၀၀၀ ပေ x အ ကျယ် ၂၀၀ ပေ)အား(အရှည် ၁၀၀၀၀ ပေ x အ ကျယ်၂၀၀ ပေ)ရရှိသည်အထိ ပြေးလမ်းတောင်ဘက်သို့(အရှည် ၁၀၀၀ ပေ x အကျယ် ၂၀၀ ပေ)တိုးချဲ့ခြင်း (မြေကြီးလုပ်ငန်းဆောင်ရွက်ခြင်း)တို့ကိုလည်းဖော်ဆောင်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဖော်ဆောင်နေမှုများအား တနင်္သာရီတိုင်းဝန်ကြီး ချုပ်ဦးဇော်နိုင်ဦးက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာန ချုပ် တိုင်းမှူးဗိုလ်ချုပ်ကျော်ကျော်ဟန်၊ တာဝန်ရှိသူ များနှင့်အတူ မေ ၅ ရက်နံနက်ပိုင်းတွင်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
