Friday, June 12, 2026

ဓါတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် နေပြည်တော်နှင့်...

နေပြည်တော်တွင် ဓါတ်အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် ဓါတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်အတွက် ဇွန် ၁၃ ရက်နေ့တွင် ၃၃ ကေဗွီ...

မုတ်သုံရာသီ ရာသီဥတုဆိုးရွာချိန် ငါးဖမ်းလုပ်ငန်းဆောင်ရွက်နေသူများ ရာသီဥတုခိုလှုံနိုင်မည်နေရာများ...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်ပတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနင့် ကမ်းနီးငါးဖမ်းရေယာဉ်များအတွက် ရာသီဥတုခိုလှုံနိုင်သည့် နေရာ ၁၃ ခုကို...

လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု၏ ၁၈ရာခိုင်နှုန်းကျော်(ယူနစ် ၃၅၅၉ သန်း)...

လျှပ်စစ်ဓါတ်အားစနစ်အတွင်း ဓာတ်အားဆုံးရှုံးမှုများ သိသာစွာ လျော့ကျသွားစေရေး ပူးပေါင်းဆောင်ရွက်ပေးရန် လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာန အသိပေး နိုင်ငံတော် လျှပ်စစ်ဓာတ်အားစနစ်၏ အစိတ်အပိုင်းဖြစ်သည့် ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှု အပိုင်းတို့တွင် ထုတ်လုပ်လျှပ်စစ်ဓါတ်အား၏...

ချင်းပြည်နယ်အတွက်ပြန်လည်ထူထောင်ရေးပစ္စည်းများ ကလေးမြို့သို့ တပ်မတော်လေယာဥ်ဖြင့်ရောက်ရှိလာ

အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ချင်းပြည် နယ်၊ ဖလမ်းမြို့၊ တွန်းဇံမြို့၊ တီးတိန်မြို့တို့အား တပ်မ တော်ကပြန်လည်ထိန်းချုပ်သိမ်းပိုက်ပြီးချိန်တွင် ပြန် လည်ထူထောင်ရေးလုပ်ငန်းများကို စဥ်ဆက်မပြတ်လုပ်ဆောင်ပေးလျက်ရှိကြောင်း...
HomeMoviesမြဝတီမြို့တွင် တောင်းရမ်းစားသောက်နေသူများအား ခံဝန်ထိုးခိုင်းပြီးနယ်နှင်ဒဏ်ပေးကာ...

မြဝတီမြို့တွင် တောင်းရမ်းစားသောက်နေသူများအား ခံဝန်ထိုးခိုင်းပြီးနယ်နှင်ဒဏ်ပေးကာ နေရပ်များထံပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ လူစည်ကားရာနေရာများ ၌ တောင်းရမ်းစားသောက်နေသူများအား မြို့တာဝန်ရှိသူများက နယ်နှင်ဒဏ်ပေးပြီး နေရပ်များထံပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်းရမ်းစားသောက်နေသူများသည် အနယ်နယ်အရပ်ရပ်မှ မြဝတီမြို့သို့ရောက်ရှိလာပြီးအ ခြေချနေထိုင်ကာ လူစည်ကားရာနေရာများ၌ မြို့အင်္ဂါ ရပ်နှင့်မလျော်ညီစွာ တောင်းရမ်းစားသောက်နေကြသဖြင့် ယနေ့ ဇွန် ၁၁ ရက်တွင် မြဝတီမြို့၊ ဘုရင့်နောင်ဈေးကုန်းလမ်းဆုံမီးပွိုင့်၊ ရွှေမြင်းဝန်စေတီတော်ဘုရားကြီးမီးပွိုင့်နေရာတို့၌ တောင်းရမ်းနေသူများအား မြို့တာဝန်ရှိသူများက အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ခံဝန်လက်မှတ်ရေးထိုးစေပြီးနောက် နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

” မြို့ရဲ့ပုံရိပ်ကို ထိခိုက်စေတဲ့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့လမ်းညွှန်မှုနဲ့ အလိုလုပ်ဆောင်တာပါ။ ဒီနေ့အထိ (၁၆)ယောက်ရှိပြီ။ သူတို့ဌားနေတဲ့ တိုက်ခန်း တန်းလျားပိုင်ရှင်တွေကိုလဲ ခေါ်ပြောထားပါတယ်။ သူတို့အားလုံးကို ခံဝန်လက်မှတ်ထိုးစေပြီး သူတို့နေထိုင်တဲ့ မြို့ရွာအထိအခမဲ့ပြန်ပို့ပေးမှာပါ” ဟု မြဝတီမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းတို့သည့် တောင်းရမ်းစားသောက်မှုကို လုပ်ငန်းသ ဖွယ်လုပ်ဆောင်နေကြခြင်းရာ မြဝတီမြို့၏ ပုံရိပ်ကို များစွာထိခိုက်စေသဖြင့် ယခုကဲ့သို့ ရှင်းလင်းလိုက်ခြင်းဖြင့် မြဝတီမြို့၏ပုံရိပ်ကိုမြှင့်တက်လာမည်ဖြစ် ကြောင်း ဒေသခံတစ်ဦးကပြောကြားခဲ့သည်။

ထိုင်း.မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့သည် အာဆီယံနိုင်ငံများနှင့် အရှေ့-အနောက် စီးပွားရေးစက်ြလမ်း၏ တံခါးပေါက်မြို့တော်အဖြစ်သတ်မှတ်ထားခြင်းခံရပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှူကိုအများဆုံးပြုလုပ်နိုင်သော ကုန်သွယ်ရေးမြို့ကြီးတစ်မြို့ဖြစ် ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဓါတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သဖြင့် နေပြည်တော်နှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသရှိ နေရာများ ယာယီဓါတ်အားပိတ်မည်

နေပြည်တော်တွင် ဓါတ်အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် ဓါတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်အတွက် ဇွန် ၁၃ ရက်နေ့တွင် ၃၃ ကေဗွီ Project M/O ဓါတ်အားလိုင်းကို နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးထားသည်။ ထို့ပြင် ဇွန် ၁၄ ရက်နေ့ တွင် MRTV-1 ဓာတ်အားလိုင်းကိုလည်း နံနက် ၈ နာရီမှ မွန်းလွဲ ၃ နာရီအထိ ပိတ်ထားမည်ဖြစ်ခြင်းကြောင့် အဆိုပါ ဓါတ်အားလိုင်းများ...

မုတ်သုံရာသီ ရာသီဥတုဆိုးရွာချိန် ငါးဖမ်းလုပ်ငန်းဆောင်ရွက်နေသူများ ရာသီဥတုခိုလှုံနိုင်မည်နေရာများ အသိပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ဦးစီးဌာနသည် မြန်မာ့ပင်လယ်ငါးလုပ်ငန်းရေပြင်ပတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသည့် နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနင့် ကမ်းနီးငါးဖမ်းရေယာဉ်များအတွက် ရာသီဥတုခိုလှုံနိုင်သည့် နေရာ ၁၃ ခုကို အသိပေးထုတ်ပြန်ထားသည်။ မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒ-ဏ်လေဒ-ဏ်များ ခိုလှုံနိုင်ရန်အတွက်ဖြစ်ကြောင်းနှင့် နေရာ အသေးစိတ်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ နေရာများသည် ရခိုင်ပြည်နယ် စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မြို့နယ် ဧရာဝတီတိုင်း ငပုတော၊ ဘိုကလေး၊ မွန်ပြည်နယ်ရေး၊ တနင်္သာရီတိုင်း လောင်းလုံ၊မြိတ်၊ ကျွန်းစုမြို့နယ်အတွင်း၌ ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်ဓါတ်အားထုတ်လုပ်မှု၏ ၁၈ရာခိုင်နှုန်းကျော်(ယူနစ် ၃၅၅၉ သန်း) သည် ပျှမ်းမျှအားဖြင့် နှစ်စဉ် ဆုံးရှုံးနေ

လျှပ်စစ်ဓါတ်အားစနစ်အတွင်း ဓာတ်အားဆုံးရှုံးမှုများ သိသာစွာ လျော့ကျသွားစေရေး ပူးပေါင်းဆောင်ရွက်ပေးရန် လျှပ်စစ်နှင်စွမ်းအင်ဝန်ကြီးဌာန အသိပေး နိုင်ငံတော် လျှပ်စစ်ဓာတ်အားစနစ်၏ အစိတ်အပိုင်းဖြစ်သည့် ပို့လွှတ်မှုနှင့် ဖြန့်ဖြူးမှု အပိုင်းတို့တွင် ထုတ်လုပ်လျှပ်စစ်ဓါတ်အား၏ ၁၈ရာခိုင်နှုန်းကျော် ယူနစ် (၃၅၅၉ သန်း) သည် ပျှမ်းမျှအားဖြင့် နှစ်စဉ် ဆုံးရှုံးနေကြောင်း သိရသည်။ အဆိုပါ ဆုံးရှုံးမှုများကြောင့် ပြည်သူများ သို့ လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြုးပေးနိုင်ခြင်းမရှိသည့်အပြင် နေ့စဉ်နှင့်အမျှ ဆုံးရှုံးမှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း သိရသည်။ နည်းပညာပိုင်းဆိုင်ရာ ဆုံးရှုံးမှု နှင့် လူတို့၏ မသမာမှုများကြောင့် ဖြစ်ပေါ်နေသည့် ဆုံးရှုံးမှုများကို လျော့နည်းပပျောက်စေရေးအတွက် အလေးထားကြိုးပမ်းဆောင်ရွက်နေကြောင်းလည်း အသိပေးထားသည်။ နည်းပညာဆိုင်ရာဆုံးရှုံးမှုများကို...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071