Sunday, September 20, 2026

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ...

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍...

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန်...

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး...

အမြန်လမ်းတွင် “မြတ်မန္တလာထွန်း” အဝေးပြေးခရီးသည်တင်(Express)ကားပေါ် သစ်ပင်လဲကျ

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ ၁၉ ရက်နေ့လယ် ၃ နာရီခွဲကျော်ခန့်က "မြတ်မန္တလာထွန်း" အဝေးပြေးခရီးသည်တင်ကားပေါ်သို့ သစ်ပင်လဲကျခဲ့ကြောင်း သိရသည်။ အမြန်လမ်းမကြီး၏...
HomeNewsLocal Newsမြဝတီ လမ်းပိုင်းများရှိ ငွေကြေးကောက်ခံသည့်...

မြဝတီ လမ်းပိုင်းများရှိ ငွေကြေးကောက်ခံသည့် ဂိတ်အများစု ရုတ်သိမ်းသွားပြီဖြစ်ဟု ဆို

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့သို့ သွားလာသည့် ဒေါနတောင်တက်လမ်းဟောင်းအပါအဝင် လမ်းပိုင်း (၄)ပိုင်းရှိ ငွေကြေးကောက်ခံသည့် ဂိတ်အများစု ရုတ်သိမ်းသွားပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုနှစ်မှစတင်၍ ဒေါနတောင်တက် လမ်းဟောင်း၊ ၁၀၁၈ နယ်ခြားစောင့်တပ်လမ်း၊ ထို့ကော်ကိုးလမ်းနှင့် ကြက်ဥတောင်လမ်းတို့အတွင်း ယခင်ငွေကြေးကောက်ခံလျှက် ဂိတ်အများစု ပိတ်သိမ်းသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“ငွေကြေးကောက်ခံတဲ့ ဂိတ်အတော်များများ ရုတ်သိမ်းသွားပြီး ရိုင်းပြတဲ့ဆက်ဆံရေး မရှိတော့ဘူး။ လက်အုပ်ကလေးချီပြီး လမ်းခရီးအဆင်ပြေပါစေလို့ ဆုတောင်းပေးသံကိုပါ ကြားနေရတယ်။အချိုရည် ရေသန့်ကွမ်းယာ ပါလာရင် ချိုချိုသာသာ အကူညီတောင်းခံတာမျိုး ရှိပါတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် နှစ်အတွင်း အဆိုပါ လမ်းပိုင်းများပေါ်တွင် ငွေကောက်ခံသည့် ဂိတ်များ ပြားခဲ့သည့်အပြင် ရိုင်းပြသည့် ပြုမှုဆက်ဆံမှုများကြုံတွေ့နေရာမှ ယခုနှစ်အတွင်း ပြောင်းလဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိတွင် မြဝတီမြို့သို့ သွားရာ၌ ဒေါနတောင်ပေါ်လမ်းဟောင်းသည် အဆင်ပြေဆုံးလမ်းဖြစ်သော်လည်း တိုက်ပွဲမကြာခဏ ဖြစ်ပွားမှုကြောင့် အခြေအနေကြည့်၍ သွားလာနေကြရကြောင်း သိရသည်။

ထို့အတူ ၁၀၁၈ နယ်ခြားစောင့်တပ်လမ်းပိုင်သည် ကျောက်သားလမ်းဖြစ်သော်လည်း လမ်းကျယ်ခြင်း၊ အတက်အဆင်း ပြေပြစ်ခြင်းကြောင့် အိမ်စီးကားများ ၊ ယာဉ်အလတ်များနှင့် ဆယ်ဘီးကုန်တင်ကားများ သွားလာမှု အဆင်ပြေကြောင်း သိရသည်။

ထို့ပြင် ထို့ကော်ကိုးလမ်းပိုင်းသည် ကုန်တင်ယာဉ်နှင့် အခြားယာဉ်များသွား နေကျလမ်းဖြစ်သော်လည်း ဖုန်ထူခြင်း၊ အချို့နေရာများ၌ လမ်းကျဉ်းခြင်းတို့ကြောင့် ကုန်တင်ယာဉ်များသာ အဓိက သွားလာနေကြပြီး၊ ကြက်ဥတောင်လမ်းသည် ထို့ကော်ကိုးလမ်းမှ ခွဲထွက်ပြီး သွားရသော်လည်း အတက်အဆင်း မတ်စောက်ခြင်း၊ လမ်းဆိုးရွားခြင်းတို့ကြောင့်အသွားအလာနည်းပါးကြောင်း သိရသည်။

ဓာတ်ပုံ-CJ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ချမ်းမြေ့ဆရာတော်ဘုရားကြီး၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲ စက်တင်ဘာ ၂၅ ရက် ကျင်းပမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉ ပျံလွန်တော်မူသွားသည့် မရမ်းကုန်းမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာန မဟာနာယက ချမ်းမြေ့ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇနကာဘိဝံသ၏ အန္တိမဈာပန သဂြိုဟ်ခြင်း စေတသိကပူဇော်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၅ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ဈာပနကျင်းပရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။ သက်တော် ၉၉ နှစ်၊ သိက္ခာတော် ၇၉ ဝါရှိ ချမ်းမြေ့ဆရာတော်ဘုရားကြီးသည် ၁၃၈၈ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် (စနေနေ့) နံနက် ၁၁ နာရီ...

စမ်းချောင်းတွင် မီးစက်နှိုးထားသည့် လက်သည်းအလှပြင်ဆိုင်၌ အောက်ဆီဂျင်ပြတ်၍ အမျိုးသမီး ၅ ဦး သတိလစ်

စမ်းချောင်းမြို့နယ်၌ ယနေ့ (စက်တင်ဘာ ၁၉ ရက်) ညပိုင်းက လျှပ်စစ်မီးပြတ်တောက်စဉ် ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ပြီး အမျိုးသမီး ၅ ဦး သတိလစ်မေ့မြောသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း အနာဂတ်အလင်းတန်း ပရဟိတအသင်းထံမှ သိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် ည ၇ နာရီ ၂၁ မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းရှိ လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်အတွင်း မီးစက်နှိုးထားရာမှ အောက်ဆီဂျင်ပြတ်တောက်ကာ အမျိုးသမီး ၅ ဦး အသက်ရှူကြပ်ပြီး သတိလစ်မေ့မြောသွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မေ့မြောသူ အမျိုးသမီး...

ပင်လယ်ရေကြောင်းကုန်သွယ်မှုမြှင့်တင်ရေး ဒုတိယသမ္မတ ဦးညိုစောနှင့် ကွမ်ကျိုးမြို့တော်ဝန် ဆွေးနွေး

ကွမ်ကျိုး၊ စက်တင်ဘာ ၁၉ တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးညိုစောသည် ယနေ့ စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းတွင် ကွမ်ကျိုးမြို့သို့ ရောက်ရှိပြီး ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့တော်ဝန် မစ္စတာ စွန်းကျီယန်နှင့် တွေ့ဆုံကာ နှစ်နိုင်ငံဆက်ဆံရေးနှင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။ တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးအပြင် ပင်လယ်ရေကြောင်းမှတစ်ဆင့် ကုန်သွယ်မှုနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဒုတိယသမ္မတ ဦးညိုစောသည် ယခုခရီးစဉ်အတွင်း တရုတ်နိုင်ငံတောင်ပိုင်းနှင့် မြန်မာနိုင်ငံအကြား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071