Thursday, May 14, 2026

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု...

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏...

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့်...

သာကေတ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူရန် အလှူငွေ...

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရွှေသင်္ကန်းအလှူရှင်များ လှူဒါန်းသည့် အလှူငွေများကို လက်ခံရယူခဲ့ကြသည်။ ဇိနမာရ်အောင်စေတီတော်မြတ်ကြီး...
HomeNewsLocal Newsမြဝတီ - ဘားအံ...

မြဝတီ – ဘားအံ ဖြတ်လမ်းဖြစ်သည့် ထို့ကော်ကိုး/ ကျော်ကို့လမ်းပိုင်းပါ ယနေ့နံနက်ပိုင်းတွင် တောင်ကျရေကြောင့် ပျက်စီးသွား 

မြဝတီမြို့နှင့် ဘားအံမြို့သို့ ဆက်သွယ်သွားရောက်နိုင်သည့် ဖြတ်လမ်းတစ်ခုဖြစ်သည့် ထို့ကော်ကိုးလမ်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေကျကျကာ လမ်းပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ထို့ကော်ကိုး လမ်းပိုင်းသည် ပြည်နယ်အစိုးရနှင့် KNU/KNLA-PC တို့ ပူးပေါင်းကာ ပြင်ဆင်ထိန်းသိမ်းမှုများ ပြုလုပ်နေသည့် လမ်းပိုင်းတစ်ခုဖြစ်ပြီး လမ်းပျက်စီးမှုမှန်ကန်ကြောင်း KNU/KNLA-PC ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပေါ်ပြူလာနယူး(စ်) သို့ အတည်ပြုပြောကြားသည်။

” မှန်တာပေါ့ဗျာ။ မိုးက အခုထိလည်း ရွာနေတုန်းပဲ။ ထို့ကော်ကိုး ဒေါနတောင်ကို ကျော်တဲ့လမ်းဆိုတော့ ဒီလိုမျိုး မိုးများတဲ့အချိန်ဆို တောင်ကျရေတွေက အရမ်းကို ဆိုးတယ်လေ။ ရေတိုက်စားမှုက ဒီနေ့က တော်တော်ကိုဆိုးဆိုးရွားရွားဖြစ်တယ် ခင်ဗျ။ ဒီအချိန်မှာတော့ သွားလာဖို့ကတော့ စိတ်ချရတဲ့အခြေအနေမရောက်သေးဘူးလို့ ပြောချင်တယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

ထို့ကော်ကိုးလမ်းပိုင်းသည် ဒေါနတော်ကျော်လမ်းဖြစ်ပြီး ကွန်ကရစ်လမ်း (၅) မိုင် ဝန်းကျင်နှင့် ကျောက်ချောမြေသားလမ်း (၁၁) မိုင်ဝန်းကျင်ရှိသည့် အနေအထားဖြစ်ပြီး လက်ရှိတွင် လမ်းပိုင်းအတွင်းရှိ အ‌ချို့နေရာများ ပျက်စီးသွားသည့်အတွက် ဖြတ်သန်းသွားလာရန် စိတ်ချရသည့်အခြေအနေရောက်မှသာ သွားလာကြရန်လည်း ၎င်းက အကြံပြသည်။

အဆိုပါ လမ်းပိုင်းသည် အာရှလမ်းသစ်မှ ဖြတ်သန်းသွားလာရန် မလွယ်ကူသည့်အချိန်တွင် မြဝတီ – ဘားအံ သွားလာရေးအတွက် ကြားဖြတ်ဆက်သွယ်ရေး လမ်းကြောင်း တစ်ခုအဖြစ် အသုံးပြုကြသည့် လမ်းဖြစ်သည်။

ယမန်နေ့က အာရှလမ်းသစ်ရှိ ဒေါနတောင်တက်လမ်းပိုင်းတွင် လမ်းပြိုကျမှုကြောင့် ဖြတ်သန်းသွားလာရန် အခက်အခဲဖြစ်နေချိန် ယင်းလမ်းပိုင်အား အသုံးပြုကြရန် စဉ်းစားမှုများ ရှိနေကြချိန်တွင် အဆိုပါလမ်းပိုင်းသည်လည်း ယခုကဲ့သို့ ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ ထို့ကော်ကိုး လမ်းပိုင်းပါ ပျက်စီးသွားမှုသည် ထိုင်း – မြန်မာ ကုန်စည်စီးဆင်မှုကို ဆိုးရွားစွာရိုက်ခတ်လာနိုင်သည့် အခြေအနေဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်သည်။

” ထိုင်း-မြန်မာ ကုန်စည်စီးဆင်းမှုကတော့ တော်တော်လေးကို ခက်ခက်ခဲခဲ ကျပ်ကျပ်တည်းတည်းဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။ ကုန်တင်ကားတွေ ဘာတွေအသာထား သာမန် အိမ်စီးကားတွေတောင် သွားလာဖို့ မလွယ်ကူတဲ့အခြေအနေမျိုးဆိုတော့ ထိုင်း – မြန်မာ ကုန်သွယ်မှုနဲ့ ကု န်စည်စီးဆင်းမှုက တော်တော်လေးကို အကျပ်အတည်းဖြစ်မယ်လို့ ကျွန်တော်တို့ ခန့်မှန်းထားပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့နံနက်ပိုင်းတွင် တောင်ကျရေကြောင့် ပျက်စီးသွားခဲ့သည့် ထို့ကော်ကိုးလမ်းပိုင်းကိုလည်း ပြန်လည်ပြင်ဆင်မှုများလုပ်ဆောင်သွားရန် စီစဉ်နေသည်ဟုသိရသည်။

ဓာတ်ပုံ – စိုင်းလူမုန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကူးပြောင်းမှုသည် မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းဖြစ်လာဟု လန်ဒန်မြို့ရှိ မြန်မာသံအမတ်ပြော

လက်ရှိကမ္ဘာ့အခြေအနေများအရ စွမ်းအင်လုံခြုံရေးအတွက် တွင်းထွက်စွမ်းအင်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ ကူးပြောင်းရေးသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်လာကြောင်း လန်ဒန်မြို့ရှိ မြန်မာသံရုံး၏ သံရုံးယာယီတာဝန်ခံ/သံအမတ် ဦးဝင်းဇေယျာထွန်းက ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်ကို မေ ၁၂ ရက်က ကျင်းပသည့် အာဆီယံ-လန်ဒန်ကော်မတီ (ASEAN London Committee-ALC) နှင့် ယူကေ-အာဆီယံစီးပွားရေးကောင်စီ (UK-ASEAN Business Council-UKABC) တို့၏ တွေ့ဆုံဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြန်မာသံအမတ်က စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဦးစားပေးဆောင်ရွက်သင့်ကြောင်းနှင့် မြန်မာကျောင်းသားလူငယ်များ၏ အနာဂတ်အတွက် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။ ထို့ပြင်...

ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ဂုဏ်ပြုပွဲ ရန်ကုန်မြို့တွင် ကျင်းပ

ယနေ့ မေလ ၁၃ ရက်တွင် အိန္ဒိယလူမျိုး ကမ္ဘာကျော်ငြိမ်းချမ်းရေးသံတမန်နှင့် လူမှုရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် ဂုရုကြီး ဆရီဆရီ ရှာဗီရှန်ကာ ၏ နှစ်(၇၀)ပြည့်မွေးနေ့ ဂုဏ်ပြုပွဲကို ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ သံတမန်များ၊ The Art of Living (ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဧည့်သည်တော်များ စွာတက်ရောက်ခဲ့သည်။ ရှေးဦးစွာ အခမ်းအနားအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး နှင့် The Art of Living ဒါရိုက်တာများမှ ဆီမီးထွန်းညှိဖွင့်လှစ်ခဲ့သည်။ ထို့နောက် The...

မက်မန်းမြို့နယ်နှင့် မြဝတီမြို့တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၁၁၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီးနှင့် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်တို့မှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တ ရုတ်နိုင်ငံသား(၁၁၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယမန်နေ့ မေ ၁၂ ရက်နံနက်ပိုင်းနှင့် ညနေပိုင်းတို့က လုံ ခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များ သည် မက်မန်းမြို့နယ်ရှိ သံလွင်မြစ်အနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်နေသည့် တ ရုတ်နိုင်ငံသား(၉၀)ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများစွာနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်အရေးယူခြင်း၊ နောက်ကွယ်မှပါဝင်ပတ်သက်သူများကိုစိစစ်ဖော်ထုတ်ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်ခြင်း၊ သိမ်းဆီးရမိပစ္စည်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်ခြင်းတို့ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်များအတွင်းသို့ တရားမဝင်ဝင်ရောက်ခဲ့သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071