Saturday, September 19, 2026

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့်...

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့်...

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ...

မြသလွန်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်တွင် ဖိုးချစ်၊ စမ်းရေမိုး၊...

မကွေး၊ စက်တင်ဘာ ၁၉ မကွေးမြို့ရှိ မြသလွန်စေတီတော်မြတ်ကြီး၏ ၂၀၂၆ ခုနှစ် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို လာမည့် အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ကာလအတွင်း...
HomeNewsLocal Newsမြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ၂၀၂၅ ခုနှစ်၊...

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ၂၀၂၅ ခုနှစ်၊ မတ် ၃၁ ရက်မတိုင်မီ UNESCO တင်သွင်းမည်

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ၂၀၂၅ ခုနှစ်၊ မတ် ၃၁ ရက်မတိုင်မီ UNESCO တင်သွင်းမည်ဟု မြန်မာနိုင်ငံ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်ကပြောသည်။

ဖေဖော်ဝါရီ ၅ ရက်နံနက် ၁၀ နာရီကကျင်းပသည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့နှင့်ပတ်သက်၍ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းမည့် အချက်အလက်များကို အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ပညာရှင်အဖွဲ့ဝင်များနှင့်ညှိနှိုင်းဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် မြန်မာနိုင်ငံမှ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းရာ၌ ဘက်စုံထောင့်စုံ ပြည့်ပြည့်စုံစုံဖြင့် ဟာကွက်မရှိအောင်ရေးသား ပြုစုတင်သွင်းရမည်ဟု မှာကြားသည်။

” ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ ရှေးဟောင်းဝတ္ထု ပစ္စည်းတွေကို ရေရှည်တည်တံ့အောင် နည်းပညာတွေနဲ့ ထိန်းသိမ်းစောင့်ရှောက်နိုင်ပေမယ့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုတော့ မိမိတို့ကိုယ်တိုင်အလေးထားရမှာဖြစ်တဲ့အပြင် လူငယ်တွေကိုပါ လက်ဆင့်ကမ်းတန်ဖိုးထားတတ်စေမှသာ ရေရှည်တည်တံ့မှာဖြစ်ပါတယ်။ အဲဒီလိုထိန်းသိမ်းဖို့က နိုင်ငံသားတိုင်းရဲ့သမိုင်းပေးတာဝန် ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများနှစ်သက်ခုံမင်စွာ ရှေးနှစ်ပေါင်းများစွာကပင် အစဉ်အဆက် သုံးစွဲလာခဲ့သည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ၂၀၂၅ ခုနှစ်တွင် UNESCO တင်သွင်းသွားမည်ဖြစ်ကာ သနပ်ခါးကို မြန်မာတိုင်းရင်းသားများသာမက မြန်မာနိုင်ငံ၌ မှီတင်းနေထိုင်သော အခြားလူမျိုးများပါနှစ်ခြိုက်စွာအသုံးပြုကြသည်ဟု ပြောသည်။

” နိုင်ငံအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ထိန်းသိမ်းတဲ့အနေနဲ့ နိုင်ငံတော်အစိုးရက နှစ်စဉ်တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့”အဖြစ် သတ်မှတ်ခဲ့ပါတယ် “ဟု ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က ပြောသည်။

ထို့ကြောင့် ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းမည့် “မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို မြန်မာ့ရိုးရာအတာသင်္ကြန်ကဲ့သို့ အောင်မြင်စွာတင်သွင်းနိုင်ရေးအတွက် လစ်ဟာမှုမရှိရအောင်ကြိုးပမ်းဆောင်ရွက်သွားရမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင်က မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရွှေဆွဲကြိုးအတု ရောင်းမည်ဟုဆိုကာ ဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်သူ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ရွှေနဝလီဆိုင်ရှင်အား တူဖြင့်ထု၍ ငွေကျပ်သိန်း ၄၀ ကျော် လုယက်ထွက်ပြေးသူကို ယနေ့ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယနေ့ နံနက် ၁၀ နာရီခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကျီတော်ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ တိုက်အမှတ် (၇၃) မြေညီ လှေကားခွင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာသို့ ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ဦးရွှေဂွန်းလမ်းတွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် ဝင်းပိုင်စိုး ရောက်ရှိလာပြီး...

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ် ကျန်ထောင်ဒ-ဏ်ကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ရ

ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၉ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ကျန်ရှိသည့် ထောင်ဒ-ဏ်ကာလကို နေအိမ်အကျယ်ချုပ်ဖြင့် ကျခံခွင့်ပြုရန် မလေးရှားဘုရင် ဆူလ်တန်အီဘရာဟင် ဦးဆောင်သည့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က သဘောတူခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး ဥပဒေရေးရာဌာနက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။ အသက် ၇၃ နှစ်အရွယ် နာဂျစ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး 1Malaysia Development Berhad (1MDB) ၏ ယခင်ယူနစ် SRC International နှင့် ဆက်စပ်သည့် ရင်းဂစ်...

ထိုင်းဝန်ကြီးချုပ် အနုတင် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ တစ်ပတ်ကြာခရီးစဉ် သွားရောက်မည်

ဘန်ကောက်၊ စက်တင်ဘာ ၁၉ ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်သည် ဂျပန်၊ အမေရိကန်နှင့် ဗြိတိန်နိုင်ငံများသို့ စက်တင်ဘာ ၂၀ ရက်မှ ၂၇ ရက်အထိ တစ်ပတ်ကြာ ခရီးစဉ်သွားရောက်မည်ဖြစ်ပြီး နယူးယောက်မြို့၌ ကျင်းပမည့် ၈၁ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA 81) သို့လည်း ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ် အနုတင်သည် ခရီးစဉ်ပထမအဆင့်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး နာဂိုယာမြို့၌ အာရှအားကစားပြိုင်ပွဲဝင် ထိုင်းအားကစားသမားများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားရန် စီစဉ်ထားသည်။ ထို့နောက် အမေရိကန်နိုင်ငံ နယူးယောက်မြို့သို့ ဆက်လက်သွားရောက်ကာ စက်တင်ဘာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071