၂၀၂၆ ခုနှစ်အတွင်း မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းများ ဝတ်ဆင်ကစားရမည့် တတိယဝတ်စုံကို Jogabola က ထုတ်ပြန်လာသည်။
အပြာနှင့်အနီရောင်ပေါင်းစပ်ထားသည့် အဆိုပါဝတ်စုံတွင် ကြာပန်းဒီဇိုင်းပုံစံ လိုဂိုကို ထည့်သွင်းဖန်တီးထားသည်ကိုတွေ့ရသည်။
ယနေ့ အိန္ဒိယ နှင့်မြန်မာ ယူ-၁၇ ခြေစမ်းပွဲစဉ်အတွင်း အဆိုပါ ဝတ်စုံကို ဝတ်ဆင်ကစားသွားရန်ရှိနေသည်။
ပြည်တွင်းတွင် လက်ရွေးစင်ကစားသမားများနှင့် ကလပ်အသင်းများအတွက် Jogabola အပြင် Glory Sport ကလည်း ကစားသမားဝတ်စုံများကို ဖန်းတီးထုတ်လုပ်နေကြောင်း သိရသည်။
