Home News Local News မြန်မာ့ဆန်နှင့် ဆန်ကွဲကို တရုတ်နှင့် မဒါဂတ်စကာအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့

မြန်မာ့ဆန်နှင့် ဆန်ကွဲကို တရုတ်နှင့် မဒါဂတ်စကာအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့

0
88

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ ပထမဆုံးလဖြစ်သော ဧပြီလအတွင်း ပို့ကုန်ကုမ္ပဏီ ၄၄ ခုမှတစ်ဆင့် ဆန်နှင့် ဆန်ကွဲ စုစုပေါင်း တန်ချိန် ၁၇၀,၀၀၀ ခန့်ကို ပြည်ပသို့ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။

​တင်ပို့မှု အခြေအနေ

အဆိုပါ ကာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ၈၁,၁၄၂ တန်နှင့် ဆန်ကွဲတန်ချိန် ၈၈,၄၁၇ တန်တို့ကို တင်ပို့ခဲ့ခြင်းဖြစ်ပြီး တင်ပို့မှုအားလုံးနီးပါးကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

​အဓိက ဈေးကွက်များနှင့် နိုင်ငံများ

ဆန်တင်ပို့မှုတွင် မဒါဂတ်စကာနိုင်ငံသို့ အများဆုံး တင်ပို့နိုင်ခဲ့ပြီး တရုတ်၊ စပိန်၊ ဖိလစ်ပိုင်နှင့် ပိုလန်အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ ဖြန့်ကြက်တင်ပို့နိုင်ခဲ့သည်။

​ဆန်ကွဲတင်ပို့မှုတွင်မူ တရုတ်နိုင်ငံမှာ ပဓာနဈေးကွက်ဖြစ်ပြီး တန်ချိန် ၄၇,၄၄၁ တန်အထိ တင်ပို့ထားသည်။ ထို့ပြင် ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ပိုလန်နှင့် စပိန် အပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံသို့လည်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

​တင်ပို့သည့် ဆန်အမျိုးအစားများ

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပသို့ ဆင်းသုခ၊ သီးထပ်ရင်၊ ရတနာတိုး၊ ငစိန်၊ ရာကျော်၊ ကရင်မ၊ ထွန်းပု၊ ဇီယာ၊ ငွေတိုး၊ မင်းဧရာနှင့် ရွှေမန်း စသည့် ဆန်ကြမ်းမျိုးများကို အဓိက တင်ပို့နေခြင်းဖြစ်သည်။ ၎င်းအပြင် အဆင့်မြင့် ပေါ်ဆန်းဆန်များကိုလည်း တင်ပို့လျက်ရှိရာ အာရှဈေးကွက်သာမက ဥရောပ၊ အာဖရိကနှင့် ဗြိတိန်အပါအဝင် အနောက်နိုင်ငံများအထိ ဈေးကွက်ရရှိထားကြောင်း သိရသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here